အာဏာသိမ်းစစ်တပ်မှ တပ်ကြပ်ကြီးနှင့်ဒုတပ်ကြပ်အပါအဝင်စစ်သားလေးဦးလက်များနှင့် အတူ အလင်းဝင်
politics||1 MIN READ

အာဏာသိမ်းစစ်တပ်မှ တပ်ကြပ်ကြီးနှင့်ဒုတပ်ကြပ်အပါအဝင်စစ်သားလေးဦးလက်များနှင့် အတူ အလင်းဝင်

Narinjara
SourceNarinjara
Back to News

AI Summary

ဇွန်လ ၁၇ ရက်နေ့တွင် အာဏာသိမ်းစစ်တပ်မှ တပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ်အပါအဝင် စစ်သားလေးဦးသည် လက်နက်များနှင့်အတူ CDF CDM Siyin ထံသို့ အလင်းဝင်ရောက်လာခဲ့သည်။ ၎င်းတို့သည် ကလေး-တီးတိန်-ဟားခါးလမ်းခွဲရှိ သိုင်းငင်းရွာတွင် အထိုင်ချထားသော တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၁၀၁ မှ ဖြစ်ကြသည်။ စစ်တပ်အတွင်းမှ စိတ်ပျက်မှုနှင့် အခြားသော အကြောင်းရင်းများကြောင့် အလင်းဝင်လာခြင်းဖြစ်ပြီး ၎င်းတို့အထဲမှ သုံးဦးမှာ ယခင်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများ ဖြစ်သည်။ ဤဖြစ်စဉ်ကြောင့် စစ်တပ်၏ တပ်ရင်း ၁၀၁ မှ အင်အားလျော့နည်းသွားပြီး အလင်းဝင်လာသူများအား CDF CDM Siyin ဘက်မှ ဆုငွေများချီးမြှင့်ကာ နွေးထွေးစွာ ကြိုဆိုခဲ့သည်။ လက်ရှိတွင် အဆိုပါ စစ်သားလေးဦးသည် CDF CDM Siyin ၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် ဘေးကင်းစွာ ရှိနေပြီဖြစ်သည်။

နိရဉ္စရာ၊ ဇွန် ၁၇/ ၂၀၂၆

အာဏာသိမ်းစစ်တပ်မှ တပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ် အပါအဝင်စစ်သားလေးဦးလက်နက်များနှင့် အတူ ဇွန် ၁၇ ရက်နေ့က အလင်းဝင်ရောက်လာကြောင်း CDF CDM Siyin က သတင်းထုတ်ပြန်သည်။

၎င်းစစ်သားများမှာ ကလေး တီးတိန် ဟားခါး လမ်းခွဲ သိုင်းငင်းရွာမှာအထိုင်ချထားသည့်တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၁၀၁ မှ ဖြစ်ကြပြီးCDF CDM Siyin ထံကို အလင်းဝင်လာကြခြင်းဖြစ်သည်။ဆ

သူတို့ ၄ ဦးမှာ တပ်ကြပ်ကြီး စည်သူဖြိုး၊ဒုတပ်ကြပ် ရာဇာ၊တပ်သား ဝင်းလှိုင်နှင့်တပ်သား အေးနိုင်တို့ဖြစ်ကြသည်။

သူတို့ ၄ ဦးအထဲက တပ်ကြပ်ကြီး စည်သူဖြိုး၊ဒုတပ်ကြပ် ရာဇာနှင့်တပ်သားဝင်းလှိုင်တို့သည် ရခိုင်ပြည်၊ မောင်တောမြို့နယ်၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသူများဖြစ်ကြသည်ဟု သိရသည်။

အလင်းဝင်လာသော စစ်သား ၄ ဦးကို CDf CDM Siyin ဘက်မှ ဆုငွေများနှင့်အတူ နွေးထွေးစွာ ချီးမြင့်ကြိုဆိုခဲ့ကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းများ

AI Curated