AYA Bank ဘဏ်စနစ် ဟက်ကာ တိုက်ခိုက်ခံရပြီး အချက်အလက်များ ပေါက်ကြား
technology||2 MIN READ

AYA Bank ဘဏ်စနစ် ဟက်ကာ တိုက်ခိုက်ခံရပြီး အချက်အလက်များ ပေါက်ကြား

DVB
SourceDVB
Back to News

AI Summary

မြန်မာနိုင်ငံရှိ ဧရာဝတီဘဏ်၏ စနစ်တစ်ခုကို LAPSUS$ ဟက်ကာအဖွဲ့က တိုက်ခိုက်ဖောက်ထွင်းခဲ့ပြီး သုံးစွဲသူများ၏ အချက်အလက်အချို့ ပေါက်ကြားခဲ့သည်။ အဆိုပါဟက်ကာအဖွဲ့သည် ဘဏ်ဘက်မှ ဆက်သွယ်ညှိနှိုင်းမှုမရှိပါက အချက်အလက်များကို Dark Web တွင် ရောင်းချမည်ဟု ခြိမ်းခြောက်ထားသည်။ ဤဖြစ်စဉ်ကြောင့် ဘဏ်သုံးစွဲသူများ၏ အချက်အလက်များ ထိခိုက်ခဲ့ရပြီး ဘဏ်ဘက်ကလည်း အဆိုပါကိစ္စအတွက် တောင်းပန်ထားသည်။ ဘဏ်၏ ပင်မစနစ်များဖြစ်သည့် Core Banking နှင့် AYA Pay စနစ်များမှာမူ ထိခိုက်မှုမရှိဘဲ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေသည်။ လက်ရှိတွင် ဘဏ်အနေဖြင့် ဆိုက်ဘာလုံခြုံရေးစနစ်များကို တိုးမြှင့်ဆောင်ရွက်ထားပြီး အသုံးပြုသူများကို အသိပေးရှင်းလင်းထားသည်။

ထင်ရှားသော ပြောကြားချက်များ

"ဘဏ်မှာ အသုံးပြုတဲ့ အက်ပ်လီကေးရှင်း Portal အဟောင်းတခုကနေ ငွေကြေးဆိုင်ရာမပါတဲ့ လျှောက်လွှာပေါ်ရှိ အချက်အလက်တချို့ ပြင်ပကို ပေါက်ကြားခဲ့တာလို့ AYA Bank က သူ့ဘဏ် သုံးစွဲသူတွေကို အသိပေး ကြေညာထားပါတယ်။"

Photo: AYA Bank

မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကဘဏ်တခုဖြစ်တဲ့ ဧရာဝတီဘဏ် (AYA) ရဲ့ ဘဏ်စနစ် ဟက်ကာတွေရဲ့ တိုက်ခိုက်ခံရပြီး သုံးစွဲသူတွေရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တယ်လို့ အသုံးပြုသူတွေက လူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။

ဆိုက်ဘာရာဇဝတ်ဂိုဏ်း LAPSUS$ က ဧရာဝတီဘဏ် (AYA Bank) ရဲ့ System တွေကို ဖောက်ပြီး အချက်အလက်တွေ ရယူထားနိုင်ခဲ့တယ်လို့ ဟက်ကာတွေဘက်က ကြေညာထားပါတယ်။

ဘဏ်ဘက်က သတ်မှတ်ရက်အတွင်း ဆက်သွယ်ညှိနှိုင်းတာမရှိရင် ဇူလိုင် ၈ ရက်ကစပြီး Dark Web ပေါ်မှာ ရောင်းချသွားမယ်လို့ LAPSUS$ GROUP ဟက်ကာအဖွဲ့က လူမှုကွန်ရက်မှာ ခြိမ်းခြောက်ထားပါတယ်။

AYA Bank ဘက်ကတော့ အခုဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ တောင်းပန်ထားပြီး ဘဏ်ရဲ့ Cyber Security နည်းပညာဆိုင်ရာ လုံခြုံရေးတွေကိုလည်း တိုးမြှင့်ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

အခုတိုက်ခိုက်ခံရတဲ့ စနစ်ထဲမှာ Portal Core Banking System/ AYA Pay System/ Card System စတဲ့ ပင်မစနစ်တွေနဲ့ ချိတ်ဆက်ထားတာ မရှိတဲ့အတွက် AYA Pay နဲ့ AYA Internet Banking / Mobile Banking စနစ်တွေကိုတော့ ပုံမှန်အတိုင်း စိတ်ချလုံခြုံစွာ အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။

ဘဏ်မှာ အသုံးပြုတဲ့ အက်ပ်လီကေးရှင်း Portal အဟောင်းတခုကနေ ငွေကြေးဆိုင်ရာမပါတဲ့ လျှောက်လွှာပေါ်ရှိ အချက်အလက်တချို့ ပြင်ပကို ပေါက်ကြားခဲ့တာလို့ AYA Bank က သူ့ဘဏ်  သုံးစွဲသူတွေကို အသိပေး ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

AI Curated