တောင်သာတွင် စစ်အုပ်စုတပ်ကို ၂ ရက်ဆက် တိုက်ခိုက်မှု ၁၀ ဦးထက်မနည်းသေဆုံး - BUR.MIZZIMA.COM
politics||4 MIN READ

တောင်သာတွင် စစ်အုပ်စုတပ်ကို ၂ ရက်ဆက် တိုက်ခိုက်မှု ၁၀ ဦးထက်မနည်းသေဆုံး - BUR.MIZZIMA.COM

AI Summary

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက မေလ ၃၁ ရက်နှင့် ဇွန်လ ၁ ရက်တို့တွင် နှစ်ရက်ဆက် တိုက်ခိုက်ခဲ့သည်။ အင်အား ၃၀၀ ခန့်ရှိသော စစ်အုပ်စုစစ်ကြောင်းသည် ညောင်ဦးမြို့နယ်မှ တောင်သာမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲများအတွင်း စစ်အုပ်စုဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးပြီး စစ်အသုံးအဆောင်ပစ္စည်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့သည်။ စစ်အုပ်စုသည် လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့အပြင် စစ်အုပ်စုသည် ဒေသခံပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ် မီးရှို့ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ကျူးလွန်နေသည်။ လက်ရှိတွင် စစ်အုပ်စုစစ်ကြောင်း ၃ ကြောင်းခွဲ၍ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး ဒေသခံပြည်သူများ ထိခိုက်နစ်နာမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။

ပုံအညွှန်း – မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်အုပ်စုတပ်ဖွဲ့ ကို မေလ ၃၁ ရက်နေ့ နှင့်ဇွန်လ ၁ ရ်ကနေ့ များတွင် တော်လှန်ရေးတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု တပ်ဖွဲ့ ဝင်များသေဆုံးပြီး စစ်အသုံးအဆောင် ပစ္စည်တချို့ ကို သိမ်း ဆည်း ရရှိခဲ့သည်။ ဓါတ်ပုံ – People Liberation Army (PLA)

MTO (ဇွန် – ၃)

မဇ္ဈိမ။ ။ မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ကို နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ ဝင် ၁၀ ဦးထက်မနည်းသေဆုံး ကြောင်း People Liberation Army (PLA) အဖွဲ့ ထံ မှသိရသည်။

အင်အား ၃၀၀ ခန့် ပါဝင်သည့် စစ်အုပ်စုစစ်ကြောင်းသည် မေလ ၃၁ ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာမှ ငါ့သရောက် – ဝဲလောင်လမ်းမကြီးအတိုင်း တောင်သာမြို့နယ် တံတားကျေးရွာဖက်သို့ စစ်ကြောင်းထိုးလာရာ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲသည် အချိန် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲဲဖြစ်ပွားပြီးနောက် စစ်အုပ်စုတပ်သည် ညနေ ၆ နာရီ ၂၀မိနစ် ခန့်မှစ၍ Y-12 လေယာဥ်ဖြင့် တော်လှန်ရေးတပ်ဖွဲ့များရှိရာနေရာများကို လှည့်ပတ်ကင်းထောက်ခဲ့ပြီး ည ၇နာရီ ၅၃ မိနစ်ခန့်အချိန်တွင် ဂျက်ဖိုက်ဖြင့် လေကြောင်းတိုက်ခိုက်မှု တကြိမ်ပြုလုပ်ခဲ့ကြောင်း 21 Bagan အဖွဲ့ ထံမှသိရသည်။

“ တိုက်ပွဲမှာ သူတို့တွေ အထိနာသွားလို့ လေကြောင်းကနေ လာတိုက်တာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက် မရှိဘူး၊ ဒေသခံ သုံးဦး တော့ ထိသွားတယ်လို့ သိရတယ် “ ဟုတော်လှန်ရေးတပ်ဖွဲ့ဝင် တဦးက ယနေ့(ဇွန်လ ၃ ရက်)တွင် ပြောသည်။

ဇွန်လ ၁ ရက်နေ့ တွင် အဆိုစစ်အုပ်စုစစ်ကြောင်းသည် တံတားကျေးရွာမှ အရှေ့ဖက်သို့ ထပ်မံစစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PLA အဖွဲ့ ထံမှ သိရသည်။

ပုံအညွှန်း – မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်အုပ်စုတပ်ဖွဲ့ ကို မေလ ၃၁ ရက်နေ့ နှင့်ဇွန်လ ၁ ရ်ကနေ့ များတွင် တော်လှန်ရေးတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု တပ်ဖွဲ့ ဝင်များသေဆုံးပြီး စစ်အသုံးအဆောင် ပစ္စည်တချို့ ကို သိမ်း ဆည်း ရရှိခဲ့သည်။ ဓါတ်ပုံ – People Liberation Army (PLA)

အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုဖက်မှ ၁၀ ဦးထက်မနည်းသေဆုံးပြီး စစ်အသုံးအဆောင်ပစ္စည်း တချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။

ယခုတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ 21 Bagan People Defense Force ပုဂံဂဠုန်ပြောက်ကျားတပ်ဖွဲ့၊ Popa Guerilla Force (ပုပ္ပါးပြောက်ကျားတပ်ဖွဲ့) နှင့် မြင်းခြံခရိုင်တပ်ရင်း(၃)တို့ မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်အုပ်စုတပ်ဖွဲ့သည် မေလ ၃၁ ရက်နေ့ မှ စတင်၍ တောင်သာမြို့နယ်အတွင်း စစ်ကြောင်း သုံးကြောင်းအထိခွဲ၍ စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း ကျေးရွာများကို မီးရှို့ခြင်း ၊ ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများပြုလုပ်နေကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီက အသိပေးထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ကလည်း တောင်သာ-ဝဲလောင်လမ်းပိုင်း ကိုင်းချောင်တံတားအနီးတွင် ဂိတ်ချစစ်ဆေးနေသည့် စစ်အုပ်စုတပ်ဖွဲ့သည့် ဒေသခံပြည်သူ ငါးဦးကို ဖမ်းဆီးထားပြီးနောက် သတ်ဖြတ်၍ ရုပ်အလောင်းများကို မီးရှို့ထားခဲ့ကြောင်း တောင်သာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီက ပြောသည်။

ယမန်နေ့ (ဇွန်လ ၂ ရက်)ကလည်း စစ်အုပ်စုတပ်စစ်ကြောင်းများသည် တောင်သာမြို့နယ်ရှိ ကျေးရွာများဖြစ်သည့် ကျားမတွင်းရွာနှင့် ထန်းပင်ခြံကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသတွင်းအဖွဲ့အစည်းများထံမှသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)

ဆက်စပ်သတင်းများ

AI Curated
တောင်သာတွင် စစ်အုပ်စုတပ်ကို ၂ ရက်ဆက် တိုက်ခိုက်မှု ၁၀ ဦးထက်မနည်းသေဆုံး - BUR.MIZZIMA.COM | YGN Daily