ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် ဗြိတိန်နိုင်ငံ၏ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး တောင်းဆို
politics||2 MIN READ

ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် ဗြိတိန်နိုင်ငံ၏ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး တောင်းဆို

Back to News

AI Summary

ဗြိတိန်နိုင်ငံ၏ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Seema Malhotra သည် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့တွင် ၎င်းအပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နိုင်ငံတကာသံရုံးများနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ကလည်း နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရန် တပြိုင်နက်တည်း တောင်းဆိုလာကြသည်။ ဤဖြစ်စဉ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူများ၏ ကျန်းမာရေးနှင့် လုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်လာသည်။ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာသံရုံးများကလည်း နှင်းဆီပန်းပုံရိပ်များဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့ကြသည်။ လက်ရှိတွင် ဖမ်းဆီးခံထားရသူများအား မိသားစုနှင့် တွေ့ဆုံခွင့်ပေးရန်နှင့် အကြမ်းဖက်မှုများ ရပ်တန့်ရန် နိုင်ငံတကာက ဖိအားပေးတောင်းဆိုလျက်ရှိသည်။

ထင်ရှားသော ပြောကြားချက်များ

"ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ၈၁ နှစ်ပြည့်မွေးနေ့မှာပင် အဆက်အသွယ်များဖြတ်တောက်ခံထားရပြီး ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများဆက်လက်ဖြစ်ပွားလျက်ရှိရာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့ ယူကေအစိုးရအနေနဲ့ တောင်းဆိုပါတယ်"

ဇွန် ၁၉

မဇ္ဈိမ။ ။ ဗြိတိန်နိုင်ငံ၏ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Seema Malhotra က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးအား ပြန်လွှတ်ပေးရန် လူမှုကွန်ရက်မှတဆင့် တောင်းဆိုလိုက်သည်။

ယနေ့ (ဇွန်လ ၁၆ ) ရက်တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် အောက်ပါအတိုင်း ရေးသားထားခြင်းဖြစ်သည်။

“ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ၈၁ နှစ်ပြည့်မွေးနေ့မှာပင် အဆက်အသွယ်များဖြတ်တောက်ခံထားရပြီး ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများဆက်လက်ဖြစ်ပွားလျက်ရှိရာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့ ယူကေအစိုးရအနေနဲ့ တောင်းဆိုပါတယ်”

ထို့ပြင် ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂ (EU)၊ ဂျာမနီ၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ကနေဒါနှင့် ဩစတြေးလျ သံရုံးများကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် နှင်းဆီပန်းပုံရိပ်များ ပြောင်းလဲကာ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့ကြသည်။

ကနေဒါနှင့် ဩစတြေးလျသံရုံးတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားထိန်းသိမ်းခံထားရသူများကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ မိသားစု၊ ဥပဒေအကြံပေးအဖွဲ့များနှင့် တွေ့ဆုံခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသခွင့်များ ပေးရန်အပြင် အကြမ်းဖက်မှုများကို ချက်ချင်းအဆုံးသတ်ရန် တောင်းဆိုထားကြပြီး ဆွစ်ဇာလန်သံရုံးကလည်း မတရားဖမ်းဆီးခံအားလုံး လွတ်မြောက်ရေးကို အလေးအနက် ထပ်လောင်းထုတ်ပြန်ထားသည်။

အလားတူပင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရန် တပြိုင်နက်တည်း ထုတ်ပြန်တောင်းဆိုထားကြသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

ဆက်စပ်သတင်းများ

AI Curated