အာဏာသိမ်း မြန်မာသမ္မတ အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာ သွားရောက်နေ
myanmar||2 MIN READ

အာဏာသိမ်း မြန်မာသမ္မတ အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာ သွားရောက်နေ

Narinjara
SourceNarinjara

AI Summary

မြန်မာနိုင်ငံ၏ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ မေလ ၃ဝ ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာသွားခဲ့သည်။ အဆိုပါခရီးစဉ်အတွင်း နှစ်နိုင်ငံအရေးကိစ္စများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရန်နှင့် ဘာသာရေးဆိုင်ရာနေရာများသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသည်။ သို့သော်လည်း စစ်အာဏာရှင်စနစ်ကို တရားဝင်မှုပေးရာရောက်မည်ဟု စိုးရိမ်သဖြင့် မြန်မာအရပ်ဘက်အဖွဲ့အစည်း ၁၂၂ ခုက ခရီးစဉ်အား ပယ်ဖျက်ပေးရန် တောင်းဆိုထားသည်။ ထို့အပြင် နယူးဒေလီမြို့တွင် ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြရန် စီစဉ်သူများကို အိန္ဒိယရဲတပ်ဖွဲ့က တားမြစ်ဖမ်းဆီးခဲ့သည်။ လက်ရှိတွင် ဦးမင်းအောင်လှိုင်နှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေပြီး အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

မောင်စာဂ၊ နိရဉ္စရာ၊ မေ ၃ဝ/၂ဝ၂၆ အာဏာသိမ်း မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ယနေ့တွင် သွားရောက်နေသည်ဟု သိရသည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ ယနေ့ မေလ ၃ဝ ရက်၊ နံနက် ၈ နာရီတွင် နေပြည်တော်လေတပ်မှ အထူးလေယာဉ်ဖြင့် အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် အာဏာသိမ်းသမ္မတ၏ အထူးလေယာဉ်သည် အိန္ဒိယနိုင်ငံ၊ ဂါယာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆိုက်ရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံဘက်မှ တာဝန်ရှိသူများက အခမ်းအနားဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ အာဏာသိမ်းသမ္မတဦးမင်းအောင်လှိုင်နှင့်အတူ ‎ပြည်ထောင်စုဝန်ကြီးများနှင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ဆွေ၊ ဒု-ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါသွားခဲ့ကြသည်ဟု သိရသည်။

Narinjara News Image

ထို့အပြင် မြန်မာနိုင်ငံ၏ မတည်ငြိမ်မှုများသည် အိန္ဒိယ၏ နယ်စပ်လုံခြုံရေး၊ ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အင်ဒို-ပစိဖိတ် မဟာဗျူဟာမြောက် အကျိုးစီးပွားများကိုပါ ခြိမ်းခြောက်နေ၍ အိန္ဒိယအစိုးရအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာ ရပ်တည်ပေးရန် မြန်မာအရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းနှိုးဆော်ထားကြသည်။ ဓာတ်ပုံ - ယနေ့ မေလ ၃ဝ ရက်၊ နံနက်တွင် အိန္ဒိယနိုင်ငံ၊ ဂါယာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်နှင့်အဖွဲ့အား အိန္ဒိယအစိုးရတာဝန်ရှိသူတို့က ကြိုဆိုနေစဉ်။ (Photo – MRTV)

ဆက်စပ်သတင်းများ

AI Curated
အာဏာသိမ်း မြန်မာသမ္မတ အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာ သွားရောက်နေ | YGN Daily