စစ်ဘေးရှောင်များ ရောက်ရှိမြို့နယ်၌ စစ်မှုထမ်းရမည်ဟု အမိန့်ထုတ်ထား
politics||3 MIN READ

စစ်ဘေးရှောင်များ ရောက်ရှိမြို့နယ်၌ စစ်မှုထမ်းရမည်ဟု အမိန့်ထုတ်ထား

DVB
SourceDVB
Back to News

AI Summary

မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်ဘေးရှောင်ပြည်သူများအား ၎င်းတို့ရောက်ရှိနေသည့် မြို့နယ်များမှတစ်ဆင့် စစ်မှုထမ်းရန် စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားသည်။ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် စစ်ဘေးရှောင်များအား ပေါ်တာဆွဲဖမ်းဆီးကာ သက်ဆိုင်ရာ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်နေခြင်းဖြစ်သည်။ ဤလုပ်ရပ်ကြောင့် စစ်ဘေးရှောင်လူငယ်များမှာ ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ စစ်ကောင်စီ၏ ညွှန်ကြားချက်အရ ဖမ်းဆီးခံရသူများကို ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များနှင့် ချိတ်ဆက်၍ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်လျက်ရှိသည်။ လက်ရှိတွင် စစ်မှုထမ်းဆင့်ခေါ်ရေး အပတ်စဉ် ၂၆ အထိ ရောက်ရှိနေပြီဖြစ်ပြီး စစ်ဘေးရှောင်များအတွက် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ပိုမိုမြင့်တက်လာသည်။

ထင်ရှားသော ပြောကြားချက်များ

"ရခိုင်မှာ စစ်ဖြစ်နေတော့ စစ်မှုထမ်းသင်တန်းမပေးနိုင်ဘူး။ ရခိုင်နဲ့ တနင်္သာရီကို အမှတ် ၁၂ တန်းမြင့်သင်တန်းကျောင်းမှာပေါင်းပြီး သင်တန်းပေးတယ်။ ရန်ကုန်က စစ်ဘေးရှောင်ရခိုင်တွေဆို စစ်တပ်က ဖမ်းမိပြီဆို တကက၁၂ (ပလောက်) ကို ပို့တယ်။"

"စစ်ဘေးရှောင်တွေကို ပေါ်တာဆွဲရင် စစ်တပ်က စစ်ရှောင်လာတဲ့ မြို့နယ်ထွေအုပ်ကို ဆက်သွယ်ပြီး သင်တန်းကျောင်းပို့တာ။ ထွေအုပ်နဲ့ဆက်သွယ်လို့မရရင် ရတဲ့စျေးနဲ့ ရောင်းစားတာ။ အဒါကြောင့် တချို့လူငယ်တွေ ရန်ကုန်ကနေ ရှမ်းမြောက်တို့၊ ရှမ်းတောင်တို့၊ မွန်ပြည်နယ်တို့ရောက်ကုန်တာ။"

Photo: DSINFO

မြန်မာနိုင်ငံတဝန်းက စစ်ဘေးရှောင်တွေအနေနဲ့ မိမိရောက်ရှိနေတဲ့ မြို့နယ်ကနေ စစ်မှုထမ်းဖို့ အာဏာရှင်စစ်တပ်က အမိန်ထုတ်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်လာသူတွေအနေနဲ့လည်း မိမိရောက်ရှိရာ မြို့နယ်ကနေ မြိတ်အခြေစိုက် အမှတ် ၁၂ တန်းမြင့်သင်တန်းကျောင်းမှာ စစ်မှုထမ်းရမှာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

"ရခိုင်မှာ စစ်ဖြစ်နေတော့ စစ်မှုထမ်းသင်တန်းမပေးနိုင်ဘူး။ ရခိုင်နဲ့ တနင်္သာရီကို အမှတ် ၁၂ တန်းမြင့်သင်တန်းကျောင်းမှာပေါင်းပြီး သင်တန်းပေးတယ်။ ရန်ကုန်က စစ်ဘေးရှောင်ရခိုင်တွေဆို စစ်တပ်က ဖမ်းမိပြီဆို တကက၁၂ (ပလောက်) ကို ပို့တယ်။”

ဧရာဝတီတိုင်းကနေ ရန်ကုန်ကို စစ်ဘေးရှောင်လာသူတွေအနေနဲ့ ပေါ်တာဆွဲဖမ်းဆီးခံရပါက ပုသိမ်အခြေစိုက် အမှတ် ၆ စစ်အခြေခံလေကျင့်ရေးတပ်နဲ့ အမှတ် ၅ တန်းမြင့်သင်တန်းကျောင်းကို ပို့ဆောင်တာများတယ်လို့ သင်တန်းကျောင်းသွားသူတယောက်ရဲ့ မိသားစုဝင်က DVB ကို ပြောပါတယ်။

"ရေကြည်က စစ်ရှောင်လာတဲ့ ကျနော့်တူလေးတွေ ပေါ်တာဆွဲခံရလို့ ရန်ကုန်က သင်တန်းကျောင်းတွေမှာ လိုက်ရှာတာမတွေ့ဘူး။ အသိမိတ်ဆွေတယောက် ကူညီပေးလို့ ကွင်းကောက်မြို့က တကက (၅) မှာ သွားတွေ့ရတယ်။ တချို့ဆို ပုသိမ်အခြေစိုက် စခတ ၆ ကို ပို့တာ။”

တပ်ချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး တက်လာပြီး ဧပြီ ၂၄ ရက်က အုပ်ချုပ်ရေး အာဏာပိုင်တွေကို ညွှန်ကြားခဲ့တာဖြစ်ပြီး အာဏာရှင်စစ်တပ်က ဖမ်းမိပါက မြိုနယ်ထွေအုပ်နဲ့ ညှိနှိုင်းကာ စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်တာလို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“စစ်ဘေးရှောင်တွေကို ပေါ်တာဆွဲရင် စစ်တပ်က စစ်ရှောင်လာတဲ့ မြို့နယ်ထွေအုပ်ကို ဆက်သွယ်ပြီး သင်တန်းကျောင်းပို့တာ။ ထွေအုပ်နဲ့ဆက်သွယ်လို့မရရင် ရတဲ့စျေးနဲ့ ရောင်းစားတာ။ အဒါကြောင့် တချို့လူငယ်တွေ ရန်ကုန်ကနေ ရှမ်းမြောက်တို့၊ ရှမ်းတောင်တို့၊ မွန်ပြည်နယ်တို့ရောက်ကုန်တာ။"

လူတိုင်းမဖြစ်မနေ စစ်မှုထမ်းရမဲ့ စစ်မှုထမ်းဥပဒေကို  စစ်အာဏာရှင် မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ အသက်သွင်းပြီး မတ် ၂၈ ရက်မှာ စတင်ခေါ်ယူခဲ့ရာ အခုဆို အပတ်စဥ် ၂၆ ကို ရောက်လာပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated