၂၀၂၈ ရွေးကောက်ပွဲအတွက် ဗန့်စ်နှင့် ရူဘီအိုတို့ ပူးပေါင်းယှဉ်ပြိုင်မှုက ပြိုင်ဘက်ကင်းမည်ဟု ထရမ့်ပ် ပြော
နိုင်ငံတကာ||2 MIN READ

၂၀၂၈ ရွေးကောက်ပွဲအတွက် ဗန့်စ်နှင့် ရူဘီအိုတို့ ပူးပေါင်းယှဉ်ပြိုင်မှုက ပြိုင်ဘက်ကင်းမည်ဟု ထရမ့်ပ် ပြော

DVB
SourceDVB
Back to News

AI Summary

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်က ၂၀၂၈ ခုနှစ် ရွေးကောက်ပွဲအတွက် ဒုတိယသမ္မတ JD ဗန့်စ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရူဘီအိုတို့ ပူးပေါင်းယှဉ်ပြိုင်ပါက ပြိုင်ဘက်ကင်းလိမ့်မည်ဟု ပေါ့ဒ်ကတ်စ်အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ ဗန့်စ်နှင့် ရူဘီအိုနှစ်ဦးစလုံးကို ၂၀၂၈ ခုနှစ် ရီပတ်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းအဖြစ် ရှုမြင်ကြပြီး၊ ရူဘီအို၏ မကြာသေးမီက အိမ်ဖြူတော်ပေါ် ရောက်ရှိလာမှုကို ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်အချို့ကပင် ချီးကျူးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးစလုံးသည် အီရန်စစ်ပွဲအပါအဝင် မေးခွန်းအမျိုးမျိုးမှ ထရမ့်ပ်အစိုးရကို ကာကွယ်ရန် အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲများတွင် ပါဝင်ခဲ့ကြသည်။ ၂၀၂၈ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် မည်သူမျှ တရားဝင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသေးသော်လည်း၊ ပါတီနှစ်ခုစလုံးမှ စတင်လှုပ်ရှားနေကြပြီဖြစ်သည်။ ထရမ့်ပ်၏ ပြောကြားချက်သည် ၂၀၂၈ ရွေးကောက်ပွဲအတွက် အစောပိုင်း နိုင်ငံရေးလှုပ်ရှားမှုများကို ပိုမိုအားကောင်းစေခဲ့သည်။

Photo: REUTERS/Kylie Cooper

၂၀၂၈ ရွေးကောက်ပွဲအတွက် အမေရိကန် ဒုတိယသမ္မတ JD ဗန့်စ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ရူဘီအိုတို့ ပူးပေါင်းယှဉ်ပြိုင်မှုဟာ ပြိုင်ဘက်ကင်းလာလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ့်က ဇွန် ၃ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ ပေါ့ဒ်ကတ်စ်အင်တာဗျူးမှာ ပြောပါတယ်။

ဗန့်စ်နဲ့ ရူဘီအိုတို့ ၂ ယောက် စလုံးကို ၂၀၂၈ ခုနှစ်ရွေးကောက်ပွဲအတွက် ရီပတ်ဘလီကန်ပါတီရဲ့ အမည်စာရင်းတင်သွင်းရမဲ့ ယှဉ်ပြိုင်သူတွေအဖြစ် ရှုမြင်ကြပါတယ်။

ရူဘီအိုရဲ့ မကြာသေးမီက အိမ်ဖြူတော် စင်မြင့်ပေါ် ရောက်ရှိလာမှုကို ရီပတ်ဘလစ်ကန်တွေနဲ့ ဒီမိုကရက်တချို့ကတောင် ချီးကျူးဂုဏ်ပြုခဲ့ကြတာပါ။

အဲဒီထဲမှာ ပြောင်လှောင်ပြောဆိုမှုတွေနဲ့ ၁၉၉၀ ပြည့်နှစ်တွေက အီရန်ရဲ့ ညှိနှိုင်းရေးရပ်တည်ချက်ကို ဖော်ပြတဲ့ hip-hop ရည်ညွှန်းချက်တွေ ပါဝင်ပါတယ်။

သူတို့အတူတူရှိနေရင် ဘယ်လိုအနိုင်ယူမလဲဆိုတာ ကျနော်မသိဘူးလို့ ထရမ့်ပ်က ဗုဒ္ဓဟူးနေ့မှာ ထုတ်လွှင့်ခဲ့တဲ့ ပေါ့ဒ်ကတ်စ်ခုမှာ အမျိုးသမီး သတင်းထောက် မီရန်ဒါဒီဗင်းကို ပြောပါတယ်။

ဗန့်စ်နဲ့ ရူဘီအိုတို့ ၂ ယောက်စလုံးက သူတို့ရဲ့ ၂၀၂၈ ရည်မှန်းချက်တွေကို လျှော့ချပြောဆိုနေပေမဲ့ ထရမ့်ပ်က ဆက်ခံမှုဆွေးနွေးပွဲကို ဆက်အားပေးနေခဲ့ပါတယ်။

ဗန့်စ်နဲ့ ရူဘီအိုတို့ဟာ အီရန်စစ်ပွဲအပါအဝင် မေးခွန်းအမျိုးမျိုးကနေ ထရမ့်ပ်အစိုးရကို ကာကွယ်ဖို့ အိမ်ဖြူတော်ရဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ အလှည့်ကျ စင်မြင့်ပေါ်ကို တက်ရောက်ခဲ့ကြပါတယ်။

၂၀၂၈ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ဘယ်သူမှ တရားဝင် ဝင်မပြိုင်သေးပေမဲ့ စတင် လှုပ်ရှားနေပါတယ်။

ဒီမိုကရက်တစ်ပါတီဝင်တွေက ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် ညှိနှိုင်း ယှဉ်ပြိုင်နေကြပြီဖြစ်ပြီး ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ နေရာကို ဆက်ခံဖို့ တိုက်ပွဲမှာ ရှင်းလင်းတဲ့ ပါတီစံနှုန်းမရှိဘဲ ပွင့်လင်းတဲ့ ပြိုင်ပွဲတခုအဖြစ် ညွှန်ပြနေပါတယ်။

ဆက်စပ်သတင်းများ

AI Curated