
AI Summary
အစ္စရေးသည် ၎င်းတို့ထံ ပစ်ခတ်လာသော ဒုံးကျည်များကို ကြားဖြတ်ပြီးနောက် အီရန်အနောက်ပိုင်းနှင့် အလယ်ပိုင်းရှိ စစ်ဘက်ပစ်မှတ်များကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ အီရန်နိုင်ငံ တီဟီရန်၊ တာဘရစ်ဇ်၊ အစ္စဖာဟန်နှင့် ခါရက်ဂျ်မြို့အနီးတို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး အစ္စရေးလေတပ်က ဒုံးကျည်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဤတိုက်ခိုက်မှုများသည် ဟစ်ဇဘိုလာက အစ္စရေးကို စတင်ပစ်ခတ်ခဲ့ပြီးနောက် အစ္စရေးက ဘေရွတ်ရှိ ဟစ်ဇဘိုလာအခြေစိုက်စခန်းများကို ပြန်လည်တိုက်ခိုက်ခဲ့ရာမှ အီရန်တော်လှန်ရေးအစောင့်တပ်က အစ္စရေးလေတပ်စခန်းကို ပဲ့ထိန်းဒုံးကျည်များဖြင့် လက်တုံ့ပြန်ခဲ့သည့် ဖြစ်စဉ်များ၏ နောက်ဆက်တွဲဖြစ်သည်။ အစ္စရေးကာကွယ်ရေးဝန်ကြီးက အီရန်သည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့သောကြောင့် ပြင်းပြင်းထန်ထန် ပြန်လည်ချေမှုန်းရန် ညွှန်ကြားခဲ့ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အခြေအနေများ ပိုမိုဆိုးရွားမလာစေရန်နှင့် အီရန်အပေါ် ထပ်မံလက်တုံ့မပြန်ရန် တားဆီးခဲ့သော်လည်း အစ္စရေးစစ်တပ်က ၎င်း၏တားမြစ်ချက်ကို ကျော်လွန်၍ ချက်ချင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုများသည် ဧပြီလတွင် အသက်ဝင်ခဲ့သော အပစ်အခတ်ရပ်စဲရေးနောက်ပိုင်း အဆိုးရွားဆုံးတိုက်ပွဲဖြစ်ပြီး ရန်လိုမှုများကို အဆုံးသတ်ရန် ရည်ရွယ်သည့် ဆွေးနွေးပွဲများအတွက် အဓိကစမ်းသပ်မှုတစ်ခုလည်း ဖြစ်သည်။
နိရဉ္စရာ၊ ဇွန် ၈/ ၂၀၂၆
တီဟီရန်က ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပြီးတဲ့နောက်မှာ အစ္စရေးက အီရန်အနောက်ပိုင်းနဲ့ အလယ်ပိုင်းကမြို့ကြီးတွေရှိ စစ်ဘက်ပစ်မှတ်တွေကို လက်တုန့်ပြန်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တီဟီရန်မြို့ အပါအဝင် အနည်းဆုံး အီရန်မြို့ သုံးမြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းပို့ထားပါတယ်။
မြို့တော် တီဟီရန် (Tehran)၊ တာဘရစ်ဇ် (Tabriz) နဲ့ အစ္စဖာဟန် (Isfahan) မြို့ကြီးတွေအပြင် ခါရက်ဂျ် (Karaj) မြို့အနီးတို့ကလည်းအပြင်းအထန် ပေါက်ကွဲသံများ ကြားခဲ့ရတယ်လို့အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းရဲ့ ဖော်ပြချက်အရသိရပါတယ်။
အစ္စရေးလေတပ် (IAF) က အီရန်နိုင်ငံ အနောက်ပိုင်းနဲ့အလယ်ပိုင်းရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ် (Israel Katz) က အီရန်အနေနဲ့အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အတိအလင်းချိုးဖောက်ပြီး အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့အတွက် တဟီရန်မြို့လယ်ရှိ အီရန်အစိုးရ ယန္တရားတွေနဲ့ အကြမ်းဖက်အခြေခံအဆောက်အအုံတွေကို ပြင်းပြင်းထန်ထန် ပြန်လည်ချေမှုန်းဖို့ညွှန်ကြားထားတယ်လို့ပြောကြားခဲ့ပါတယ်။
ဇွန်လ ၇ အစောပိုင်းမှာ ဟစ်ဇဘိုလာဘက်က မြောက်ပိုင်းအစ္စရေးသို့ ဒုံးကျည်တွေနဲ့အရင်ပစ်ခတ်ခဲ့တာကြောင့်အစ္စရေးစစ်တပ်ဟာလေဗနွန်နိုင်ငံ မြို့တော် ဘေရွတ်ရှိ ဟစ်ဇဘိုလာအခြေစိုက်စခန်းများကို လေကြောင်းမှ ဗုံးကြဲခဲ့ပါတယ်။
ဘေရွတ်တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်တဲ့အနေနဲ့အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အစ္စရေးမြောက်ပိုင်းရှိ Ramat David လေတပ်စခန်းကို အဓိကပစ်မှတ်ထားပြီး ပဲ့ထိန်းဒုံးကျည် (Ballistic Missiles) အမြောက်အမြားနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် (Donald Trump) က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုထံ ဖုန်းနဲကတိုက်ရိုက်ဆက်သွယ်ကာ အခြေအနေများ ပိုမိုဆိုးရွားမလာစေဖို့နဲ့အီရန်အပေါ် ထပ်မံလက်တုံ့မပြန်ဖို့ တားဆီးခဲ့ပေမဲ့လည်း၊ အစ္စရေးစစ်တပ်က တားမြစ်ချက်ကိုကျော်လွန်ပြီး အီရန်ကို ချက်ချင်းဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာဧပြီလမှာ အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ပြီးနောက်ပိုင်း အစ္စရေးနဲ့ အီရန်ကြား အဆိုးရွားဆုံးတိုက်ပွဲဖြစ်ပြီး ရန်လိုမှုတွေကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေအတွက် အဓိကစမ်းသပ်မှုတစ်ခုလည်း ဖြစ်တယ်လို သတင်းမှာဖော်ပြထားပါတယ်။
Ref: CNN and Al Jazeera