ပြည်မဘက်သို့သွားသည့် ရခိုင်လူမျိုး ၃ဝ ကျော်ကို စစ်အုပ်စုဖမ်းဆီးပြီး ၂ဝ ဦးခန့်ကို PDF ထိန်းသိမ်း
politics||2 MIN READ

ပြည်မဘက်သို့သွားသည့် ရခိုင်လူမျိုး ၃ဝ ကျော်ကို စစ်အုပ်စုဖမ်းဆီးပြီး ၂ဝ ဦးခန့်ကို PDF ထိန်းသိမ်း

Narinjara
SourceNarinjara
Back to News

AI Summary

ရခိုင်ပြည်မှ ပြည်မဘက်သို့ ခရီးသွားသည့် ရခိုင်လူမျိုး ၃၀ ကျော်ကို စစ်အုပ်စုတပ်က ဖမ်းဆီးခဲ့ပြီး၊ အလားတူ ရခိုင်လူမျိုး ၂၀ ခန့်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ထိန်းသိမ်းခဲ့သည်။ မေလ ၂၈ ရက်နေ့ ညနေပိုင်းတွင် မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ကံတုတ်နှင့် လိန်ကျောရွာကြား၌ စစ်ကောင်စီစစ်ကြောင်းက ရခိုင်လူမျိုး ၃၀ ကျော်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသမီး ၁၀ ဦးကျော်နှင့် အမျိုးသား ၂၀ နီးပါး ပါဝင်ပြီး မြေပုံနှင့် မင်းပြားမြို့နယ်တို့မှ ဖြစ်ကြသည်။ ထို့အတူ PDF ကလည်း ယခုရက်ပိုင်းအတွင်း ရိုးပေါ်တွင် ရခိုင်ပြည်၊ မင်းပြား၊ မြေပုံနှင့် အမ်းမြို့နယ်တို့မှ အမျိုးသမီးများပါဝင်သည့် ရခိုင်လူမျိုး ၂၀ ခန့်ကို ထိန်းသိမ်းခဲ့သည်။ ၎င်းတို့အားလုံးမှာ ရခိုင်မှ ပြည်မဘက်သို့ ခရီးသွားလာသူများ ဖြစ်ကြသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူများ၏ အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး၊ PDF ထိန်းသိမ်းသူများ၏ ကျား/မ အရေအတွက်ကိုလည်း အတိအကျ မသိရသေးပေ။

ထင်ရှားသော ပြောကြားချက်များ

"မင်းလှမြို့နယ်အပိုင် ဆင်တောင်ဖက်ကအဆင်း ပွဲစားနဲ့သွားဖိုလာကြတဲ့အခါ စစ်ကောင်စီစစ်ကြောင်းတစ်ခုက ဖမ်းသွားတာပါ"

"PDF ထိန်းသိမ်းသွားတဲ့ ကျား/မအရေအတွက်ကိုတော့ အတိအကျမပြောနိုင်သေးဘူး။ စာရင်းယူတုန်းမို့ပါ"

ရခိုင်မှတဆင့် ပြည်မဘက်သို့သွားသည့် ရခိုင်လူမျိုး ၃ဝ ကျော်ကို စစ်အုပ်စုတပ်က ဖမ်းဆီးသွားပြီး နောက်ထပ် ရခိုင်လူမျိုး ၂ဝ ဦးခန့်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထိန်းသိမ်းသွားခဲ့သည်ဟု သိရသည်။ ယင်းအနက် ရခိုင်လူမျိုး ၃ဝ ကျော်ကို ယမန်နေ့ မေလ ၂၈ ရက်၊ ညနေတွင် မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ကံတုတ်နှင့် လိန်ကျောရွာကြား၌ အကြမ်းဖက်စစ်ကြောင်းတစ်ခုက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။ “မင်းလှမြို့နယ်အပိုင် ဆင်တောင်ဖက်ကအဆင်း ပွဲစားနဲ့သွားဖိုလာကြတဲ့အခါ စစ်ကောင်စီစစ်ကြောင်းတစ်ခုက ဖမ်းသွားတာပါ”ဟု ပြောသည်။

Narinjara News Image

ဖမ်းဆီးခံရသူများတွင် အမျိုးသမီး ၁ဝ ကျော်နှင့် အမျိုးသား ၂ဝ နီးပါးပါဝင်ပြီး ရခိုင်ပြည်၊ မြေပုံနှင့် မင်းပြားမြို့နယ်တို့မှဖြစ်သည်ဟု သိရသည်။

အလားတူ ရခိုင်မှတဆင့် ပြည်မဘက်သို့သွားသည့် အမျိုးသမီးများပါဝင်သည့် ရခိုင်လူမျိုး ၂ဝ ဦးခန့်ကိုလည်း PDF က ယခုရက်ပိုင်းအတွင်း ရိုးပေါ်တွင် ထိန်းသိမ်းသွားခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

“PDF ထိန်းသိမ်းသွားတဲ့ ကျား/မအရေအတွက်ကိုတော့ အတိအကျမပြောနိုင်သေးဘူး။ စာရင်းယူတုန်းမို့ပါ”ဟု ပြောသည်။

PDF ထံထိန်းသိမ်းခံလိုက်ရသူများမှာ ရခိုင်ပြည်၊ မင်းပြား၊ မြေပုံနှင့် အမ်းမြို့နယ်မှဖြစ်ကြသည်ဟု သိရသည်။

စစ်အုပ်စုနှင့် PDF တို့ထံ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသူများ၏ အသေးစိတ်အချက်အလက်များကို နိရဉ္စရာက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။


ရေးသားသူ - မောင်စာဂ၊ နိရဉ္စရာ၊ မေ ၂၉/၂ဝ၂၆

ဆက်စပ်သတင်းများ

AI Curated
ပြည်မဘက်သို့သွားသည့် ရခိုင်လူမျိုး ၃ဝ ကျော်ကို စစ်အုပ်စုဖမ်းဆီးပြီး ၂ဝ ဦးခန့်ကို PDF ထိန်းသိမ်း | YGN Daily