တိုက်ရိုက်ထုတ်လွှင့်မှု, နမ့်ခမ်းက ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ၃ ဦးအပါအဝင် သေဆုံး ၄၆ ဦးအထိရှိလာ
general||4 MIN READ

တိုက်ရိုက်ထုတ်လွှင့်မှု, နမ့်ခမ်းက ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ၃ ဦးအပါအဝင် သေဆုံး ၄၆ ဦးအထိရှိလာ

bbc.co.uk
Sourcebbc.co.uk
Back to News

AI Summary

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာတွင် မေလ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သော အားပြင်းပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ၃ ဦးအပါအဝင် လူ ၄၆ ဦး သေဆုံးပြီး ၇၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ဤပေါက်ကွဲမှုသည် တအောင်းတပ် (TNLA) ၏ စီးပွားရေးဌာနက မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းများအတွက် သိုလှောင်ထားသော ယမ်းပျော့များ ပေါက်ကွဲခြင်းဖြစ်ကြောင်း TNLA က ထုတ်ပြန်ခဲ့သည်။ သေဆုံးသူများထဲတွင် အသက် ၁ နှစ်ခွဲ ကလေးငယ် အပါအဝင် ကလေး ၆ ဦး ပါဝင်ပြီး၊ ၎င်းတို့၏ ရုပ်အလောင်းများကို မေလ ၃၁ ရက်နေ့တွင် မီးသင်္ဂြိုလ်ခဲ့သည်။ ပေါက်ကွဲမှုကြောင့် ကောင်းတပ်ရွာရှိ နေအိမ် ၂၀၀ ခန့်နှင့် အနီးနားရှိ ပန်လုံရွာမှ နေအိမ် ၁၀၀ ခန့် စုစုပေါင်း နေအိမ် ၃၀၀ ခန့် ပျက်စီးခဲ့သည်။ လက်ရှိတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ပျောက်ဆုံးနေသူများ ရှိနေသေးသဖြင့် သေဆုံးသူစာရင်း ထပ်မံတိုးလာနိုင်ဖွယ်ရှိသည်။ TNLA က ဖြစ်စဉ်ကို အသေးစိတ် စုံစမ်းစစ်ဆေးကာ တာဝန်ရှိသူများကို အရေးယူမည်ဖြစ်ပြီး ထိခိုက်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟု ပြောကြားထားသည်။

နမ့်ခမ်းက ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ၃ ဦးအပါအဝင် သေဆုံး ၄၆ ဦးအထိရှိလာ တဲ့ သတင်းအပါအဝင် ဇွန် ၁ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာမှာ မနေ့က ပေါက်ကွဲမှုကြောင့် သေဆုံးသူထဲ တရုတ်နိုင်ငံသား ၃ ဦးအပါအဝင် ၄၆ ဦးအထိ ရှိလာပြီလို့ ကူညီကယ်ဆယ်ရေးအဖွဲ့ တွေပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

လွန်ခဲ့သော ၄၇ မိနစ် က နမ့်ခမ်းက ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ၃ ဦးအပါအဝင် သေဆုံး ၄၆ ဦးအထိရှိလာ

မေလ ၃၁ ရက်၊ နမ့်ခမ်းမြို့၊ ကောင်းတပ်ရွာမှာ ပေါက်ကွဲမှုကြောင့် သေဆုံးသူတွေ ရဲ့ ရုပ်အလောင်းတွေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာမှာ မနေ့က ပေါက်ကွဲမှုကြောင့် သေဆုံးသူထဲ တရုတ်နိုင်ငံသား ၃ ဦးအပါအဝင် ၄၆ ဦးအထိ ရှိလာပြီလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေဆီက သိရပါတယ်။

ဒီအရေအတွက်ဟာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြုစုထားတဲ့ မနေ့ည နှောင်းပိုင်း အတည်ပြုစာရင်းဖြစ်ပြီး အပျက်အစီးတွေကြားထဲ ကူညီကယ်ဆယ်ရေးကို ဒီနေ့ မနက်ပိုင်းမှာ ပြန်လုပ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

“ရုပ်အလောင်း ၄၆ လောင်း ကောက်ထားပါတယ်။ တစ်နှစ်ခွဲ ကလေးငယ် အပါအဝင် ကလေး ၆ ယောက် ပါပါတယ်။ တရုတ်နိုင်ငံသား ၃ ဦးပါပါတယ်” လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံသားတွေအပါအဝင် သေဆုံးသူ ၄၆ ဦးကို မေလ ၃၁ ရက်နေ့မှာပဲ မီးသင်္ဂြိုလ်လိုက်ပြီလို့ သူက ပြောပါတယ်။

ဒီပေါက်ကွဲမှုကြောင့် မိသားစုအလိုက် ပျောက်ဆုံးနေသူတွေ ရှိနေပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်ရဦးမှာဖြစ်လို့ ထိခိုက်သေဆုံးသူစာရင်းဟာ ဒီထက်များလာနိုင်တယ်လို့ သူက ပြောပါတယ်။

ထိခိုက် ၇၄ ဦးကိုတော့ နမ့်ခမ်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

တအောင်းတပ်(TNLA) ကတော့ သူတို့ရဲ့ စီးပွားရေးဌာနက မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် သိုလှောင်ထားတဲ့ ယမ်းပျော့တွေကနေ ပေါက်ကွဲမှုဖြစ်တာလို့ မေလ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်ကို အသေးစိတ် စုံစမ်းစစ်ဆေးနေပြီး တာဝန်ရှိသူတွေကို ဥပဒေနဲ့ အညီအရေးယူသွားမယ်လို့ TNLA က ပြောပါတယ်။

ထိခိုက်သေဆုံးခဲ့သူတွေအတွက် လည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးသွားမယ်လို့ ပြောထားပါတယ်။

မေလ ၃၁ ရက်က ကောင်းတပ်ရွာမှာ ယမ်းပေါက်ကွဲမှုဟာ ရွာရဲ့ ပေ ၁,၀၀၀ ဝန်းကျင် ပတ်လည်လောက်အထိ အပျက်အစီးဖြစ်ခဲ့တယ်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေး ပြုလုပ်နေသူတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ကောင်းတပ်ရွာက နေအိမ် အလုံး ၂၀၀ ဝန်းကျင်နဲ့ အနီးနားက ပန်လုံရွာရှိ နေအိမ် အလုံး ၁၀၀ စုစုပေါင်း နေအိမ် အလုံး ၃၀၀ လောက် ပျက်စီးသွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

လွန်ခဲ့သော ၄၇ မိနစ် က

မင်္ဂလာပါ။ ဇွန်လ ၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
တိုက်ရိုက်ထုတ်လွှင့်မှု, နမ့်ခမ်းက ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ၃ ဦးအပါအဝင် သေဆုံး ၄၆ ဦးအထိရှိလာ | YGN Daily