ညောင်ဦးတွင် စစ်အာဏာရှင်တပ် တိုက်ခိုက်ခံရပြီး ၁၇ ဦးသေဆုံး

ညောင်ဦးတွင် စစ်အာဏာရှင်တပ် တိုက်ခိုက်ခံရပြီး ၁၇ ဦးသေဆုံး

DVB
SourceDVB

AI Summary

မန္တလေး၊ ညောင်ဦးတွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ။ စစ်သား ၁၇ ဦး သေ၊ ၅၀ ဦး ဒဏ်ရာရ။ ပုပ္ပါးပြောက်ကျားတပ်ဖွဲ့ ဦးဆောင်၊ အဖွဲ့ ၈ ဖွဲ့ ပူးပေါင်းတိုက်ခိုက်။

Photo : Popa Guerilla Force

မန္တ‌လေးတိုင်း၊ ညောင်ဦးမြို့မှာ စစ်အာဏာရှင်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်သား ၁၇ ယောက် သေဆုံး၊ အယောက် ၅၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပုပ္ပါးပြောက်ကျားတပ်ဖွဲ့က မေ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ညောင်ဦးမြို့နယ် ဖလန်ကန်ကျေးရွာက ထွက်လာတဲ့ စစ်အာဏာရှင်တပ် စစ်ကြောင်းကို မေ ၂၄ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

ထိတွေ့တိုက်ပွဲ ၂ နာရီကြာ ဖြစ်ပွားပြီးတဲ့နောက် စစ်အာဏာရှင်တပ်သား ၁၇ ယောက် သေဆုံး၊ အယောက် ၅၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ယောက်လည်း မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပုပ္ပါးပြောက်ကျားတပ်ဖွဲ့၊ ပုဂံပြည်ဘီလူးတပ်ဖွဲ့တို့ ဦးဆောင်ပြီး တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂၀ ရက်တည်းက ညောင်ဦးမြို့ထဲက ထွက်လာတဲ့ စစ်အာဏာရှင်တပ်သား အင်အား ၃၀၀ လောက်ဟာ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ငါ့သရောက်နယ်ထဲကို စစ်ကြောင်းထိုးပြီး ကျေးရွာ တွေကို မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ညောင်ဦးတွင် စစ်အာဏာရှင်တပ် တိုက်ခိုက်ခံရပြီး ၁၇ ဦးသေဆုံး | YGN Daily