
AI Summary
ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲစဉ်တွင် ပေါ်တူဂီအသင်းသည် ဒီအာရ်ကွန်ဂိုအသင်းနှင့် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုသည် ဂိုးသွင်းယူနိုင်ရန် ရုန်းကန်ခဲ့ရပြီး အခွင့်အရေးကောင်းနှစ်ကြိမ် လွဲချော်ခဲ့သဖြင့် ဝေဖန်မှုများ ထွက်ပေါ်နေသည်။ နည်းပြ မာတီနက်ဇ်အနေဖြင့် ရော်နယ်ဒိုကို လူစားမလဲဘဲ ပွဲအပြည့် ကစားစေခဲ့ခြင်းအတွက်လည်း ဝေဖန်ခံနေရသည်။ အဆိုပါပွဲစဉ်တွင် ရော်နယ်ဒိုသည် အဓိကပြိုင်ပွဲကြီးများ၌ ဂိုးပေါက်ပျောက်ဆုံးနေသည်မှာ ၁၀ ပွဲအထိ ရှိလာပြီဖြစ်သည်။ ဒီအာရ်ကွန်ဂိုအသင်းအတွက်မူ ဤရလဒ်သည် သမိုင်းဝင် ကမ္ဘာ့ဖလားသွင်းဂိုးနှင့် အမှတ်ရရှိမှုတစ်ခု ဖြစ်လာခဲ့သည်။
ထင်ရှားသော ပြောကြားချက်များ
"နည်းပြ မာတီနက်ဇ်ဟာ ရော်နယ်ဒိုကို လူစားလဲဖို့ ကြောက်နေတာဖြစ်ပြီး သူ့အတွက် ဒီပွဲက ပြီးသွားပြီ"
ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲစဉ်အဖြစ် ဒီအာရ် ကွန်ဂိုနဲ့ တဖက်တဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး စီရော်နယ်ဒိုကတော့ ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ရုန်းကန်ခဲ့ရတာပါ။
ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ၊ နော်ဝေတိုက်စစ်မှူး ဟာလန်းနဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီတို့ သက်ဆိုင်ရာ ပြိုင်ဘက်အသင်းတွေကို ဂိုးတွေသွင်းပြီး ခြေစွမ်းပြခဲ့ပြီးနောက် အသက် ၄၁ နှစ်အရွယ် ပေါ်တူဂီအသင်းခေါင်းဆောင် ဝါရင့်တိုက်စစ်မှူး ရော်နယ်ဒို ကတော့ ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ရုန်းကန်ခဲ့ရတာပါ။
ပွဲအစ ၆ မိနစ်မှာ ဂျာအိုနေးဗက်စ်က ပေါ်တူဂီအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပေမဲ့ ပထမပိုင်း မပြီးခင်မှာပဲ ဒီအာရ်ကွန်ဂိုအတွက် ဝစ်ဆာက ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။
တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒုတိယပိုင်းမှာ ဂိုးသွင်းခွင့် ၂ ကြိမ် ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့လို့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
နည်းပြ ရော်ဘာတိုမာတီနက်ဇ်ဟာလည်း ရော်နယ်ဒိုကို လူစားမလဲဘဲ ပွဲအပြည့် ကစားစေခဲ့တာကြောင့် ဝေဖန်ခံနေရပါတယ်။
ဘီဘီစီရဲ့ ဘောလုံးဝေဖန် သုံးသပ်သူ ခရစ်ဆပ်တန်ကတော့ နည်းပြ မာတီနက်ဇ်ဟာ ရော်နယ်ဒိုကို လူစားလဲဖို့ ကြောက်နေတာဖြစ်ပြီး သူ့အတွက် ဒီပွဲက ပြီးသွားပြီလို့ ပြောကြားခဲ့ပါတယ်။
ဒီပွဲမှာ ပေါ်တူဂီအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၆ မိနစ်မှာတင် ဂျာအိုနေးဗက်စ်က ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။
ဝါရင့်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဒီနေ့ပွဲမှာ အခွင့်အရေး ၂ ကြိမ် လွဲချော်ခဲ့ပြီးနောက် အဓိကပြိုင်ပွဲကြီးတွေမှာ ဂိုးပေါက်ပျောက်နေတာ ၁၀ ပွဲအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ခံစစ်မာကျောတဲ့ ကွန်ဂိုအသင်းအတွက် ချေပဂိုးကိုတော့ နယူးကာဆယ်ကစားသမား ဝစ်ဆာက သွင်းယူပေးခဲ့တာပါ။
ဒါဟာ ဇိုင်ယာ အမည်နဲ့ ၁၉၇၄ ခုနှစ်က ဝင်ပြိုင်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ပြန်လည်ဝင်ရောက်လာတဲ့ ဒီအာရ်ကွန်ဂိုအသင်းအတွက် သမိုင်းဝင် ကမ္ဘာ့ဖလားသွင်းဂိုးနဲ့ တန်ဖိုးရှိတဲ့ ရမှတ် ၁ မှတ် ဖြစ်လာခဲ့ပါတယ်။