ထိုင်းတွင် မြန်မာအလုပ်သမားပွဲစား အမျိုးသမီး ၁ ဦး အသတ်ခံရ
general||3 MIN READ

ထိုင်းတွင် မြန်မာအလုပ်သမားပွဲစား အမျိုးသမီး ၁ ဦး အသတ်ခံရ

DVB
SourceDVB

AI Summary

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်တွင် မြန်မာအလုပ်သမားကတ်ပွဲစားလုပ်ကိုင်သူ အသက် ၄၃ နှစ်အရွယ် မြန်မာအမျိုးသမီး တင်နွယ်မာဝင်းသည် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည်။ သူမ၏အလောင်းကို ဇွန်လ ၆ ရက် ညပိုင်းက နေအိမ်အိပ်ခန်းအတွင်း အပေါ်ပိုင်းဗလာဖြင့် ခေါင်းတွင် ထုနှက်ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရပြီး သံမှိုနှက်တူနှင့် ဓားမြောင်တို့ကို အခင်းဖြစ်ပွားရာအနီးတွင် တွေ့ရှိခဲ့သည်။ သေဆုံးသူ၏ ၁၆ နှစ်အရွယ်သားဖြစ်သူက မိခင်ဖြစ်သူသည် ထိုင်းတောင်ပိုင်းမှ ခေါ်လာပြီး ၎င်းတို့အိမ်တွင် ၂-၃ ပတ်ကြာ နေထိုင်ခဲ့သည့် မြန်မာအမျိုးသားတစ်ဦးကို သံသယရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ဤဖြစ်ရပ်ကြောင့် မိသားစုဝင်များ ထိခိုက်နစ်နာခဲ့ရပြီး ရွှေ့ပြောင်းအလုပ်သမားများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ရဲတပ်ဖွဲ့က တရားခံကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် နယ်မြေအတွင်း လိုက်လံစုံစမ်းနေပြီး ခြေရာခံဖမ်းဆီးနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

Photo: Khaosod

ထိုင်းနိုင်ငံ၊ ဘန်ကောက်အနီး၊ ပထုန်ဌာနီခရိုင်ထဲမှာ မြန်မာအလုပ်သမားကတ်ကိစ္စတွေ ဝန်ဆောင်မှု လုပ်ပေးနေတဲ့ပွဲစား မြန်မာအမျိုးသမီးတယောက် ရက်စက်စွာ သတ်ဖြတ်ခံရပြီး အပေါ်ပိုင်းဗလာနဲ့ ပစ်ထားခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ပထုန်ဌာနီခရိုင်၊ လမ်လုတ်ကာမြို့နယ်၊ နာ့မိုင်းရပ်ကွက်၊ အစ္စလာမ်ပညာရေးကျောင်း အနောက်ဘက်က နေအိမ်တလုံးမှာ ဇွန် ၆ ရက် ည ၁၁ နာရီ မိနစ် ၄၀ လောက်က    အမျိုးသမီးတယောက်အ သတ်ခံရကြောင်းသတင်းရလို့  သက်ဆိုင်ရာ မှုခင်းဆရာဝန်၊ အရေးပေါ် ကယ်ဆယ်‌ရေးအဖွဲ့ဝင်တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ လမ်လုကာနယ်မြေရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါအိမ်မှာ ခြေတံရှည်တထပ်အိမ်ဖြစ်ပြီး အိမ်ရှေ့မှာ ကားတစင်းရပ်ထားတယ်၊ အိမ်ပေါ်က အိပ်ခန်းထဲမှာ အမျိုးသမီးတယောက် အပေါ်ပိုင်းအဝတ်အစားမပါ တဘက်သာ ပတ်ထားလျက် လဲကျသေဆုံးနေပါတယ်။ သူ့ခေါင်းပေါ်ကနေ ထုနှက်ခံထားရတဲ့ ဒဏ်ရာ ၃-၄ နေရာ တွေ့ရှိပြီး နံရံမှာလည်း သွေးစတွေပေနေကာ အခန်းနဲ့ ကပ်လျက် အိမ်သာနံရံဘေးမှာ သံမှိုနှက်တူတချောင်းနဲ့ ဓားမြောင်တချောင်းကို တွေ့တာကြောင့် ရဲတွေက သက်သေအဖြစ် သိမ်းဆည်းလိုက်ပါတယ်။

အသက် ၁၆ နှစ်အရွယ် မြန်မာလူငယ်တယောက် ပြောပြချက်အရ သေဆုံးသူမှာ သူ့ရဲ့ မိခင်ဖြစ်သူ တင်နွယ်မာဝင်း ( ၄၃ နှစ် ) ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်သမားကတ်ရဖို့ပွဲစား လုပ်ပေးနေသူဖြစ်တယ်လို့ဆိုပါတယ်။

အခင်းဖြစ်တဲ့ ဇွန် ၆ ရက်က သူအလုပ်ဆင်းပြီး ည ၁၁ နာရီကျော်မှ အိမ်ပြန်ရောက်တော့  ဒဏ်ရာတွေနဲ့ လဲကျနေတဲ့ မိခင်ကို ထိတ်လန့်စွာတွေ့ရှိလို့ သူဟာ ကယ်ဆယ်ရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေထံ  ဖုံးဆက်အကြောင်းကြားလိုက်တယ်၊ ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်လာတော့ မိခင်ဖြစ်သူ သေဆုံးသွားပြီလို့ သတင်းထောက်တွေကို ပြောပါတယ်။

ဒီမတိုင်ခင် မိခင်ဖြစ်သူက  မြန်မာတယောက်ကို  ထိုင်းတောင်ပိုင်း ကားဂိတ်ကနေ သွားကြို လာခဲ့တယ်၊ အဲဒီလူက အလုပ်မရခင်စပ်ကြား သူတို့အိမ်မှာ ၂- ၃ ပတ်လောက်ရောက်နေတယ်၊ သူကတော့ အဲဒီလူကိုမသိဘူး၊ စကားလည်းမပြောဖူးဘူး၊ အမေ့အလောင်းကိုတွေ့တဲ့နေ့ကတော့ အဲဒီလူပျောက်နေတယ်၊ သူ့အနေနဲ့တော့ အဲဒီလူကို သံသယရှိတယ်လို့ သားဖြစ်သူက သတင်းထောက်တွေကို ပြောသွားပါတယ်။

ရဲတပ်ဖွဲ့ကတော့  တရားခံကို ဥပဒေအရ အရေးယူနိုင်ရန်ဖို့  နယ်မြေအတွင်း လိုက်လံစုံစမ်းနေပြီး ခြေရာခံဖမ်းဆီးနိုင်ဖို့   ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ် ။

Source:  Khaosod

ဆက်စပ်သတင်းများ

AI Curated
ထိုင်းတွင် မြန်မာအလုပ်သမားပွဲစား အမျိုးသမီး ၁ ဦး အသတ်ခံရ | YGN Daily