ရန်ကုန်တွင် အမေရိကန်သံတမန် အသတ်ခံရမှုနှင့် ဆက်နွှယ်သည့် ထိုင်းအမျိုးသမီး ၁ ဦးကို ရုံးထုတ်
general||3 MIN READ

ရန်ကုန်တွင် အမေရိကန်သံတမန် အသတ်ခံရမှုနှင့် ဆက်နွှယ်သည့် ထိုင်းအမျိုးသမီး ၁ ဦးကို ရုံးထုတ်

DVB
SourceDVB
Back to News

AI Summary

အမေရိကန်သံတမန်တစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ထိုင်းအမျိုးသမီး ပါဝီနီ ဆူပါဆီရီဝီဆန်ကို ရန်ကုန်မြို့ရှိ တရားရုံးတွင် လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုဖြင့် စတင်စစ်ဆေးနေပြီဖြစ်သည်။ အဆိုပါအမျိုးသမီးသည် ပြီးခဲ့သည့် မေလအတွင်း ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခု၌ အမေရိကန်သံတမန်တစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့်သံသယဖြင့် လူသတ်မှုပုဒ်မဖြင့်လည်း တရားစွဲဆိုခံထားရသည်။ လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးအမှုအတွက် တရားလိုပြသက်သေများကို စစ်ဆေးလျက်ရှိပြီး အဆိုပါပုဒ်မအရ ထောင်ဒဏ် ၆ လမှ ၅ နှစ်အထိ ကျခံရနိုင်ခြေရှိသည်။ လူသတ်မှုပုဒ်မအတွက် စစ်ဆေးမည့်အချိန်ကိုမူ မသိရှိရသေးဘဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကောင်စစ်ဆိုင်ရာအကူအညီများ ပေးအပ်ထားကြောင်း အတည်ပြုထားသည်။

Photo: US Embassy

အမေရိကန်သံတမန်ဖြစ်သူ ခင်ပွန်းဟောင်းကို သတ်ဖြတ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ထိုင်းအမျိုးသမီးတယောက်ကို မြန်မာနိုင်ငံရှိ တရားရုံးတခုမှာ  ဇွန် ၂၃ ရက်က ရုံးထုတ်ကာ လူဝင်မှုကြီးကြပ်ရေး အမှုနဲ့ စတင်စစ်ဆေးခဲ့တယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။

ပါဝီနီ ဆူပါဆီရီဝီဆန်လို့ အမည်ရတဲ့ အဆိုပါ ထိုင်းအမျိုးသမီးဟာ ပြီးခဲ့တဲ့ မေလက  အမေရိကန် သံတမန်တယောက်ကို ရန်ကုန်ရှိ ဟိုတယ်တခုမှာ သတ်ဖြတ်ခဲ့မှုနဲ့ သံသယရှိနေတာဖြစ်ပြီး  လူသတ်မှုပုဒ်မနဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာ မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုကျူးလွန်တဲ့ ဘယ်နိုင်ငံခြားသားမဆို သက်ရောက်မှုရှိတဲ့ မြန်မာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်မှု ပုဒ်မနဲ့ ကနဦး တရားရင်ဆိုင်နေရတာလို့ ဒီအမှုကိစ္စကို သိရှိနားလည်တဲ့ ရှေ့နေကပြောတဲ့အကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ရှေ့နေရဲ့ အဆိုအရ ကမာရွတ်မြို့နယ် တရားရုံးမှာပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ရုံးချိန်း စစ်ဆေးမှုအတွင်း လူဝင်မှုကြီးကြပ်ရေး အရာရှိတွေ အပါအဝင် တရားလိုပြသက်သေ ၃ ယောက်က ထွက်ဆိုခဲ့ကြတယ်လို့သိရပါတယ်။

ထိုင်းအမျိုးသမီးအတွက် တရားရုံးမှာ လိုက်ပါဆောင်ရွက်ပေးမဲ့  ရှေ့နေ ၂ ယောက် ရှိနေကြောင်း အဆိုပါရှေ့နေက ပြောပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထပ်မံပြောကြားခြင်းမရှိသလို ပြစ်မှုထင်ရှားစီရင်ခြင်း ရှိ၊ မရှိ ဆိုတာလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

အဆိုပါ လူဝင်မှုကြီးကြပ်ရေး ပုဒ်မဟာ ထောင်ဒဏ် ၆ လမှ ၅ နှစ်အထိ ကျခံရနိုင်တဲ့ ပြစ်ဒဏ် ဖြစ်ပါတယ်။ ထောင်ဒဏ် ၁၀ နှစ်မှ သေဒဏ်အထိ ကျခံရနိုင်ခြေရှိတဲ့ လူသတ်မှုပုဒ်မကတော့ ဘယ်အချိန်မှာ ဆက်လက် စစ်ဆေးစီရင်မယ်ဆိုတာ လတ်တလော မသိရသေးပါဘူး။

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ သံသယရှိသူကို ကောင်စစ်ဆိုင်ရာ အကူအညီတွေ ပေးအပ်ထားကြောင်း အတည်ပြုခဲ့ပေမဲ့ တခြားသော အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

သေဆုံးသူ အမေရိကန် သံတမန်ကို မေ ၁၁ ရက်နေ့က အမေရိကန်သံရုံးနဲ့ ၁ မိုင်လောက်ပဲ ကွာဝေးတဲ့ သံတမန်တွေနဲ့ နိုင်ငံခြားသားတွေ နေထိုင်လေ့ရှိတဲ့ Sakura Residence & Hotel မှာ ဦးခေါင်းနဲ့ လည်ပင်း ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဆိုပါ သေဆုံးမှုကို အတည်ပြုခဲ့ပေမဲ့ သေဆုံးသူ သံတမန်ရဲ့ အမည်အပါအဝင် တခြားအချက်အလက်တွေကို ထုတ်ဖော်ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။

Source: AP

ဆက်စပ်သတင်းများ

AI Curated