
အီဒါဆန်ကို ပေါင် ၃၈ သန်းဖြင့် ခေါ်ယူရန် မန်ယူ သဘောတူညီမှုရရှိ
AI Summary
မန်ချက်စတာယူနိုက်တက်အသင်းသည် အတ္တလန်တာအသင်းမှ ဘရာဇီးကွင်းလယ်လူ အီဒါဆန်ကို ပေါင် ၃၈ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့သည်။ ၎င်းသည် ယခုနွေရာသီ၏ ပထမဆုံးအပြောင်းအရွှေ့ဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် အီဒါဆန်သည် မန်ယူနှင့် ၄ နှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းနှင့် အပိုဆုကြေး ပေါင် ၄ သန်း ပါဝင်မည်ဖြစ်သည်။ နည်းပြ မိုက်ကယ်ကားရစ်သည် ကတ်စမီရို ထွက်ခွာသွားပြီးနောက် ကွင်းလယ်ပိုင်းကို အကြီးစားအပြောင်းအလဲလုပ်ရန် ပြင်ဆင်နေခြင်းကြောင့် ဤခေါ်ယူမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အီဒါဆန်သည် လာမည့် ဇူလိုင်လတွင် အသင်းနှင့် တရားဝင် ပူးပေါင်းမည်ဖြစ်ပြီး မန်ယူသည် ကွင်းလယ်လူ၊ တိုက်စစ်မှူး၊ ဂိုးသမားနှင့် နောက်ခံလူနေရာများကိုပါ ထပ်မံအင်အားဖြည့်တင်းရန် ပစ်မှတ်ထားနေဆဲဖြစ်သည်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အတ္တလန်တာအသင်းရဲ့ ဘရာဇီးကွင်းလယ်လူ အီဒါဆန် ကို ပေါင် ၃၈ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
အခုနှစ်နွေရာသီရဲ့ ပထမဆုံးအပြောင်းအရွှေ့ကို အစောဆုံး အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် အီဒါဆန်ဟာ မန်ယူနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုမှာပါ။
ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းနဲ့ အပိုဆုကြေး ပေါင် ၄ သန်း ပါဝင်မှာ ဖြစ်ပါတယ်။ သူဟာ လာမဲ့ ဇူလိုင်လမှာ အသင်းနဲ့ တရားဝင် ပူးပေါင်းမှာပါ။
နည်းပြ မိုက်ကယ်ကားရစ်ဟာ ကတ်စမီရို ထွက်ခွာသွားပြီးနောက် ကွင်းလယ်ပိုင်းကို အကြီးစားအပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေတာပါ။
မန်ယူနိုက်တက်ဟာ အခုနှစ်နွေရာသီမှာ ကွင်းလယ်လူ အနည်းဆုံး ၂ ယောက်နဲ့ တိုက်စစ်မှူး တယောက်အပြင် ဂိုးသမားနဲ့ နောက်ခံလူနေရာတွေကိုပါ ထပ်မံအင်အားဖြည့်တင်းဖို့ ပစ်မှတ်ထားနေပါတယ်။