
“စစ်တပ်ရဲ့ အဓိကကြောက်ရွံ့မှုက ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်မပြရဲတာ”
AI Summary
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး ငါးနှစ်ကျော်ကြာသည်အထိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာတွင် မည်သို့ထိန်းသိမ်းထားသည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေမှန်ကို ပြည်သူများ သိရှိသွားမည်ကို စိုးရိမ်နေခြင်းကြောင့် ယခုကဲ့သို့ လျှို့ဝှက်ထားခြင်းဖြစ်ပြီး ၎င်းတို့၏ အားနည်းချက်တစ်ခုအဖြစ် သုံးသပ်နေကြသည်။ ထိုသို့ ဖမ်းဆီးခံထားရသည့်အတွက် ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများက ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဇွန်လ ၁၆ ရက်မှစ၍ နှင်းဆီလှုပ်ရှားမှုကို စတင်ဆောင်ရွက်နေကြသည်။ အဆိုပါလှုပ်ရှားမှုတွင် ပါဝင်သူများအနေဖြင့် ဇွန်လ ၁၉ ရက်နေ့တွင် နှင်းဆီပန်းကိုင်ဆောင်ခြင်း၊ ဘုရားတင်ခြင်းနှင့် လူမှုကွန်ရက်တွင် ဓာတ်ပုံများမျှဝေခြင်းဖြင့် ပါဝင်နိုင်ကြောင်း တိုက်တွန်းထားသည်။ လက်ရှိအချိန်တွင် အဆိုပါလှုပ်ရှားမှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို တော်လှန်ရေးအဖွဲ့အစည်းများက ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အာဏာသိမ်းပြီး ငါးနှစ်ကျော်ကြာလာတဲ့အထိ စစ်တပ်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ဘယ်လိုအခြေအနေမျိုးနဲ့ ဖမ်းဆီးထားတယ်ဆိုတာ ပြည်သူတွေနဲ့ နိုင်ငံတကာကို ချပြထားခြင်း မရှိသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေမှန်ကို ပြည်သူတွေ သိရှိသွားမှာကို စစ်တပ်က စိုးရိမ်ကြောက်ရွံ့နေတာဖြစ်ပြီး၊ အဲဒါဟာ စစ်ကောင်စီရဲ့ အဓိကအားနည်းချက်တစ်ခုလည်း ဖြစ်တယ်လို့ တော်လှန်ရေးအသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ်။
ဒီအခြေအနေအောက်မှာပဲ ပြည်တွင်းနဲ့ နိုင်ငံအနှံ့အပြားက ပြည်သူတွေ၊ သပိတ်အင်အားစုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အကြိုအဖြစ် “နှင်းဆီလှုပ်ရှားမှု” ကို ဇွန်လ ၁၆ ရက်ကစပြီး ဆောင်ရွက်နေကြပါတယ်။
ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဇွန်လ ၁၉ ရက်နေ့မှာ နှင်းဆီပန်း (သို့မဟုတ်) ပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အချင်းချင်းမျှဝေခြင်းတို့ ပြုလုပ်နိုင်သလို၊ ပန်းဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်မှာ မျှဝေခြင်းနဲ့ မြေပြင်လှုပ်ရှားမှုတွေမှာ ပန်းတွေကိုင်ဆောင်ပြီး ပါဝင်နိုင်ကြောင်း တိုက်တွန်းထားပါတယ်။
ဒီကမ်ပိန်းရဲ့ ရည်ရွယ်ချက်၊ ပါဝင်သူတွေအနေနဲ့ သတိပြုသင့်တဲ့ လုံခြုံရေးအခြေအနေတွေကို People Movement Platform Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မလင်းလက်ဆူးကို Myanmar Now က တွေ့ဆုံမေးမြန်းထားပါတယ်။
ကိုလှိုင်း/ Myanmar Now