
AI Summary
အာရက္ခတပ်တော်နှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲကာ စစ်ဘေးရှောင်များအား ကူညီနေသူ ကိုဝေဟင်အောင်၏ စစ်တွေမြို့ရှိ နေအိမ်ကို ရခိုင်ပြည်နယ်အစိုးရ၏ အမိန့်ဖြင့် ဇွန်လ ၈ ရက်နေ့တွင် ချိတ်ပိတ်လိုက်သည်။ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါနေအိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သည်ဟု အကြောင်းပြကာ ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။ ကိုဝေဟင်အောင်သည် စစ်ဘေးဒဏ်ခံစားနေရသူများကို ကူညီပေးနေသူဖြစ်ပြီး ၎င်း၏မိသားစုမှာ အဆိုပါနေအိမ်တွင် နေထိုင်ခြင်းမရှိသည်မှာ နှစ်နှင့်ချီကြာမြင့်နေပြီဖြစ်သည်။ လက်ရှိတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ ကိုဝေဟင်အောင်ထံမှ တုံ့ပြန်ချက်ရယူရန် ကြိုးပမ်းနေဆဲဖြစ်သည်။
နိရဉ္စရာ၊ ဇွန် ၈/ ၂၀၂၆
အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် နယ်မြေများတွင် စစ်ဘေးရှောင်များအပါအဝင် စစ်ဘေးဒဏ်ခံစားနေရသည့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်နေသူ ကိုဝေဟင်အောင်၏ စစ်တွေမြို့ရှိ နေအိမ်အား အာဏာသိမ်း အစိုးရ လက်အောက်ခံ ရခိုင်ပြည်နယ်အစိုးရ အမိန့်ဖြင့် ချိတ်ပိတ်လိုက်သည်ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။
“ ဇွန်လ ၈ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးရဲ့ အမိန့်နဲ့ ရဲတပ်ဖွဲ့က ချိတ်ပိတ်သွားတာပါ။ အဓိကတော့ AA နဲ့ ဆက်စပ်တယ်ဆိုပြီး ချိတ်ပိတ်သွားတာပါ။ စာထဲမှာတော့ အကြမ်းဖက် အဖွဲ့နဲ့ ပတ်သက်ဆက်စပ်တယ်ဆိုပြီး ရေးသားထားပါတယ် ” ဟု ၎င်းဒေသခံက ပြောကြားသည်။
၎င်းပြင် ရဲတပ်ဖွဲ့ဝင်များသည် နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ရှာဖွေမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။
ဆရာဝေဟင်အောင်၏ နေအိမ်သည် စစ်ကဲလမ်း၊ ဘောက်သီးစုရပ်ကွက် စစ်တွေတွင် တည်ရှိပြီး ၎င်းနေအိမ်တွင် ကိုဝေဟင်အောင်တို့ မိသားစုများ မနေသည်မှာ နှစ်နှင့်ချီကြာမြှင့်နေပြီဟု သိရသည်။
နေအိမ်အား အာဏာသိမ်းစစ်တပ်မှ ချိတ်ပိတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး အတည်ပြုချက် ရယူနိုင်ရန် ကိုဝေဟင်အောင် ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါသည်။