တန့်ယန်းမြို့ ကျောက်တံတိုင်းပြိုကျ အမျိုးသမီးတစ်ဦး သေဆုံး
environment||2 MIN READ

တန့်ယန်းမြို့ ကျောက်တံတိုင်းပြိုကျ အမျိုးသမီးတစ်ဦး သေဆုံး

AI Summary

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်တွင် ဇွန်လ ၈ ရက် နံနက် ၄ နာရီဝန်းကျင်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေထိန်းနံရံ (ကျောက်တံတိုင်း) ပြိုကျခဲ့သည်။ တန့်ယန်းမြို့၊ ရပ်ကွက် (၆) နယ်မြေ ၅ ရှိ နေအိမ်တစ်လုံးပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်ပြီး အသက် ၄၉ နှစ်အရွယ် ဒေါ်အေးယင် အမည်ရှိ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။ အဆိုပါ မြေထိန်းနံရံသည် နေအိမ်အနီး ဖို့မြေပေါ်၌ တည်ဆောက်ထားသည့် ကမ်းပါးကျောက်တံတိုင်းဖြစ်ပြီး မိုးဒဏ်ကြောင့် ပြိုကျခဲ့ခြင်းဖြစ်သည်။ ဒေသခံများက နံနက် ၆ နာရီခန့်မှသာ သိရှိခဲ့ကြပြီး တွေ့ရှိချိန်တွင် နောက်ကျနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဤဖြစ်ရပ်သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ်၏ ဆိုးကျိုးကို ပြသနေသည်။

သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် မိုးသည်းထန် ရွာသွန်းမှုကြောင့် မြေထိန်းနံရံ (ကျောက်တံတိုင်း)ပြိုကျပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၈ ရက်) မနက် ၄ နာရီ ဝန်းကျင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တန့်ယန်းမြို့ ၊ ရပ်ကွက် (၆) နယ်မြေ ၅ ရှိ နေအိမ်တစ်လုံးပေါ်သို့ မြေထိန်းနံရံ (ကျောက်တံတိုင်း) ပြိုကျမှု ဖြစ်ပွားခဲ့ပြီး  အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း တန့်ယန်းမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ည သန်ခေါင်ယံချိန်ကတည်းက ဒီမနက်ထိမိုးရွာတာ။ အိပ်ကောင်းတဲ့ အချိန်မှာ မြေပြိုမှုဖြစ်ပြီး အမျိုးသမီးသေတာ။ ၆ နာရီလောက်မှ သိကြတာ။ တွေ့တဲ့ အချိန်လည်း နောက်ကျ သွားပြီလေ။ သူတို့ရဲ့ အိမ်အနောက်ဘက်မှာလည်း မြေကမ်းပါးတွေရှိတော့ အဲ့မြေပြိုတာ။”ဟု တန့်ယန်းမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ မြေထိန်းနံရံ ပြိုကျမှုကြောင့်  သေဆုံးသွားသည့် အမျိုးသမီးသည် အသက် (၄၉) ဒေါ်အေးယင်ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့် နေအိမ်အနီးတွင် ဖို့မြေပေါ်၌ တည်ဆောက်ထားသည့် ကမ်းပါး ကျောက်တံတိုင်းများ ရှိနေပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ပေါ် ပြိုကျရခြင်းဖြစ်ကြောင်း သိရသည်။

The post တန့်ယန်းမြို့ ကျောက်တံတိုင်းပြိုကျ အမျိုးသမီးတစ်ဦး သေဆုံး appeared first on သျှမ်းသံတော်ဆင့်.

ဆက်စပ်သတင်းများ

AI Curated
တန့်ယန်းမြို့ ကျောက်တံတိုင်းပြိုကျ အမျိုးသမီးတစ်ဦး သေဆုံး | YGN Daily