ဖျာပုံတွင် စစ်တပ်က ရေလုပ်သား ၂ ဦးကို PDF ဟု စွပ်စွဲဖမ်းဆီး
politics||2 MIN READ

ဖျာပုံတွင် စစ်တပ်က ရေလုပ်သား ၂ ဦးကို PDF ဟု စွပ်စွဲဖမ်းဆီး

DVB
SourceDVB

AI Summary

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် ဇွန်လ ၇ ရက်နေ့က ငါးဖမ်းရေလုပ်သားနှစ်ဦးကို စစ်အာဏာရှင်တပ်က PDF ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့သည်။ အဖမ်းခံရသူများမှာ အသက် ၁၉ နှစ်အရွယ် မောင်ဝင်းခိုင်နှင့် အသက် ၃၀ ကျော်အရွယ် ကိုမင်းသူတို့ဖြစ်ပြီး ၎င်းတို့သည် ညီအစ်ကိုဝမ်းကွဲများ ဖြစ်ကြသည်။ ဒေသခံများ၏ ပြောကြားချက်အရ စစ်တပ်သည် ၎င်းတို့ကို ဖျာပုံမြစ်ဝရှိ ငါးဖမ်းစက်လှေပေါ်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ အဖမ်းခံရသူများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးပေ။ ဖျာပုံမြို့နယ်တွင် စစ်တပ်နှင့်ရဲများက အရပ်သားများကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးကာ လူငယ်များကို စစ်မှုထမ်းကြေးယူ၍ အစားထိုးပေးနေကြောင်း ဒေသခံများက ပြောဆိုကြသည်။ ဤဖြစ်ရပ်သည် စစ်တပ်၏ ဖမ်းဆီးမှုနှင့် ငွေညှစ်မှုများကြောင့် ဒေသခံများအပေါ် သက်ရောက်မှုများကို ပြသနေသည်။

ဖျာပုံမြို့ ရေဆိပ်မှာ စစ်ဆေးနေပုံ။ (Photo: KKL)

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ရေလုပ်သား ၂ ယောက်ကို စစ်အာဏာရှင်တပ်က PDF လို့ စွပ်စွဲကာ ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၇ ရက် နေ့လယ်ပိုင်းက ဖျာပုံမြို့နယ်၊ တင်ပုလွဲကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာအနီး ဖျာပုံမြစ်ဝမှာ ငါးဖမ်းစက်လှေတစင်းပေါ်က အရပ်သား ၂ ယောက်ကို PDF လို့ စွပ်စွဲပြီး စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့တာပါ။

အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူတယောက်က “စက်လှေပေါ်ကနေ ဖမ်းခေါ်သွားတာ။ အဖမ်းခံရတဲ့ ၂ ယောက်က ငါးဖမ်းရေလုပ်သားတွေပါ။ PDF တွေဆိုပြီး ဖမ်းသွားတာ။ ဘယ်ဖမ်းခေါ်သွားလဲတော့ မသိဘူး” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ အရပ်သား ၂ ယောက်ဟာ အသက် ၁၉ နှစ်အရွယ် မောင်ဝင်းခိုင်နဲ့ အသက် ၃၀ ကျော်အရွယ် ကိုမင်းသူတို့ ဖြစ်ပြီး ညီအစ်ကိုဝမ်းကွဲ တော်စပ်သူတွေလို့ သိရပါတယ်။

ဖျာပုံ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူက “ဖျာပုံ ခလရ ၉၈ တပ်က ဖမ်းတာပဲဖြစ်မယ်။ လူဖမ်းပြီး စစ်မှုထမ်း အစားထိုး ရောင်းနေတာလေ။ လူဖမ်းတယ်၊ ငွေရရင် ငွေညှစ်တယ်၊ ငွေမရရင် လူရောင်းတယ်၊ လုပ်နေတာ အကုန်သိတယ်” လို့ ပြောပါတယ်။

ဖျာပုံမြို့နယ်မှာ စစ်အာဏာရှင်တပ်နဲ့ ရဲတွေက အရပ်သားတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနေပြီး လူငယ်အမျိုးသားတွေကို စစ်မှုထမ်းကြေးယူပြီး အစားထိုးပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ဖျာပုံတွင် စစ်တပ်က ရေလုပ်သား ၂ ဦးကို PDF ဟု စွပ်စွဲဖမ်းဆီး | YGN Daily