လီဗာပူးကြယ်ပွင့် ငူမိုဟာကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ် စိတ်ဝင်စားနေ
sports||1 MIN READ

လီဗာပူးကြယ်ပွင့် ငူမိုဟာကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ် စိတ်ဝင်စားနေ

DVB
SourceDVB

AI Summary

ဘိုင်ယန်မြူးနစ်အသင်းသည် လီဗာပူးအသင်းမှ အသက် ၁၇ နှစ်အရွယ် တောင်ပံကစားသမား ရီယိုငူမိုဟာကို ခေါ်ယူရန် စောင့်ကြည့်နေပါသည်။ ၎င်းသည် ပြီးခဲ့သည့်ရာသီက လီဗာပူးအတွက် ၁၉ ပွဲကစားခဲ့ပြီး ပရီးမီးယားလိဂ် တနှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့သူဖြစ်သည်။ လက်ရှိတွင် ဘိုင်ယန်ဘက်မှ ကစားသမား၏ အသိုက်အဝန်းနှင့် ဆက်သွယ်နေသော်လည်း ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု မရသေးပါ။ လီဗာပူးအသင်းကမူ ငူမိုဟာကို လုံးဝရောင်းချရန် ဆန္ဒမရှိဘဲ ၎င်းသည် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်သည်။ ထို့အပြင် လီဗာပူးနည်းပြသစ် အီရာအိုလာကလည်း လာမည့်ရာသီတွင် ငူမိုဟာကို အသင်း၏ အဓိကနေရာ၌ အသုံးပြုရန် စီစဉ်ထားကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူးအသင်းက အသက် ၁၇ နှစ်အရွယ် တောင်ပံကစားသမား ရီယိုငူမိုဟာကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

ငူမိုဟာဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးအတွက် ၁၉ ပွဲအထိ ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ် တနှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုအတွက်လည်း ဆန်ခါတင် ပါဝင်ခဲ့သူပါ။

လက်ရှိမှာတော့ ဘိုင်ယန်ဘက်က ကစားသမားရဲ့ အသိုက်အဝန်းနဲ့ ဆက်သွယ်နေပေမဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုတော့ မရသေးပါဘူး။

လီဗာပူးအသင်းကတော့ ငူမိုဟာကို လုံးဝရောင်းချဖို့ ဆန္ဒမရှိပါဘူး။ သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာကမှ အသင်းနဲ့အတူ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိမဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုထားတာပါ။

ဒါ့အပြင် လီဗာပူးနည်းပြသစ် ဖြစ်လာတဲ့ အီရာအိုလာကလည်း လာမဲ့ ရာသီမှာ ငူမိုဟာကို အသင်းရဲ့ အဓိကနေရာမှာ အသုံးပြုဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်သတင်းများ

AI Curated
လီဗာပူးကြယ်ပွင့် ငူမိုဟာကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ် စိတ်ဝင်စားနေ | YGN Daily