
တနင်္သာရီတွင် စစ်အုပ်စု စစ်ကြောင်းထိုးပြီး စာသင်ကျောင်းနှင့် ဘုရားကျောင်းများအပါအဝင် နေအိမ်များကို မီးရှို့ဖျက်ဆီး (ဓာတ်ပုံသတင်း) - BUR.MIZZIMA.COM
AI Summary
စစ်အုပ်စုသည် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ တကောဖောလူကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ၎င်းတို့သည် ကျေးရွာအတွင်းရှိ စာသင်ကျောင်း၊ ဘုရားကျောင်းအဆောက်အအုံများနှင့် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ နေအိမ် ခုနစ်လုံး၊ အထက်တန်းကျောင်း၊ ဘော်ဒါဆောင်၊ ခရစ်ယာန်ကျမ်းစာကျောင်း၊ ဝတ်ပြုဆုတောင်းခန်းနှင့် ဘုရားကျောင်းခန်းမဆောင်တို့ အပါအဝင် အဆောက်အအုံများစွာ မီးလောင်ပျက်စီးခဲ့သည်။ ထို့အပြင် ခရစ်ယာန်ဘုရားကျောင်း၊ ဘော်ဒါဆောင်များနှင့် ပြည်သူ့နေအိမ်များကိုလည်း ရိုက်နှက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ဤဖြစ်ရပ်ကြောင့် တကောဖောလူကျေးရွာမှ ပြည်သူများ၊ ကျောင်းသားများနှင့် ခရစ်ယာန်ဘာသာဝင်များသည် နေအိမ်၊ ပညာရေးနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ဆုံးရှုံးခဲ့ရပြီး ကြီးမားသော ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ရသည်။ ဖြစ်စဉ်၏ အကြောင်းရင်းကို တိတိကျကျ ဖော်ပြထားခြင်းမရှိသော်လည်း စစ်အုပ်စု၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ထပ်မံအသေးစိတ် ဖော်ပြထားခြင်းမရှိသေးပေ။
ဇွန် ၆
မဇ္ဈိမ။ ။ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ တကောဖောလူကျေးရွာအတွင်းသို့ စစ်အုပ်စုက ပြီးခဲ့သည့် မေလ ၁၉ ရက်တွင် စစ်ကြောင်းထိုးဝင်ရောက်ပြီး စာသင်ကျောင်း၊ ဘုရားကျောင်းအဆောက်အအုံများနှင့် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ဇွန်လ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ကျေးရွာအတွင်းရှိ နေအိမ် ခုနစ်လုံး၊ အထက်တန်းကျောင်း တကျောင်း၊ ဘော်ဒါဆောင် တဆောင်၊ ခရစ်ယာန်ကျမ်းစာကျောင်း အဆောက်အအုံ တလုံး၊ ခရစ်ယာန်သာသနာပိုင် ဝတ်ပြုဆုတောင်းခန်း တခန်း၊ ခရစ်ယာန်အသင်းတော်အိမ် တလုံးနှင့် ဘုရားကျောင်း ခန်းမဆောင် တဆောင်တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ပြင် ကျေးရွာအတွင်း ကျန်အဆောက်အအုံများဖြစ်သော ခရစ်ယာန်ဘုရားကျောင်း တကျောင်း၊ ဘော်ဒါဆောင်များနှင့် ပြည်သူလူထုပိုင် နေအိမ်များကိုလည်း ရိုက်နှက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး