အာဏာသိမ်း သမ္မတမင်းအောင်လှိုင်၏အိန္ဒိယခရီးစဉ်အပြီး ၂ ပတ်အကြာအိန္ဒိယသံအမတ်စစ်တွေသို့သွားရောက်
politics||2 MIN READ

အာဏာသိမ်း သမ္မတမင်းအောင်လှိုင်၏အိန္ဒိယခရီးစဉ်အပြီး ၂ ပတ်အကြာအိန္ဒိယသံအမတ်စစ်တွေသို့သွားရောက်

Narinjara
SourceNarinjara
Back to News

AI Summary

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur သည် ကုလားတန်စီမံကိန်း အပြီးသတ်ရေး ဆွေးနွေးမှုများအပြီးတွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက်ခဲ့သည်။ အဆိုပါခရီးစဉ်မှာ အိန္ဒိယ၏ မဟာဗျူဟာမြောက် ကုလားတန်စီမံကိန်းကို ၂၀၂၇ ခုနှစ်တွင် အပြီးသတ်လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သံအမတ်ကြီးသည် စစ်တွေဆိပ်ကမ်းကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံကာ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးခဲ့သည်။ သို့သော် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စီမံကိန်းအကောင်အထည်ဖော်မှုများမှာ ကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရသည်။ လက်ရှိတွင် အိန္ဒိယဘက်က စီမံကိန်းကို အမြန်ဆုံးအပြီးသတ်ရန် တွန်းအားပေးလျက်ရှိသော်လည်း ဒေသတွင်း တည်ငြိမ်မှုမရှိခြင်းကြောင့် စိန်ခေါ်မှုများ ဆက်လက်ရှိနေသည်။

ထင်ရှားသော ပြောကြားချက်များ

"သံအမတ်ကြီးAbhay Thakur သည်စစ်တွေမြို့သို့သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်းရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးနိုင်ဦးနှင့်တွေ့ဆုံခဲ့ပြီး၊ကုလားတန်စီမံကိန်း၏စစ်တွေဆိပ်ကမ်းနှင့်အိန္ဒိယ ကောင်စစ်ဝန်ချုပ်ရုံးသို့သွားရောက်ခဲ့ပါသည်။ထို့ပြင်အပြည်ပြည်ဆိုင်ရာယောဂနေ့၂၀၂၆အထိမ်းအမှတ်စုပေါင်းယောဂသရုပ်ပြလေ့ကျင့်ခြင့်းအစီအစဉ်တွင်ပါဝင်ခဲ့ပြီး၊စစ်တွေမြို့အခြေစိုက်နိုင်ငံတကာအဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ပါသည်"

နိရဉ္စရာ၊ဇွန်၂၀ /၂၀၂၆

အာဏာသိမ်းသမ္မတဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံတွင်ကုလားတန်စီမံကိန်း အပြီးသတ်ရေးဆွေးနွေးအပြီး ၂ပတ်ကျော်အကြာတွင်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးAbhay Thakur သည်ဇွန်လ၁၈ရက်တွင်ရခိုင်ပြည်နယ်စစ်တွေမြို့သို့သွားရောက်ခဲ့ကြောင်းသိရသည်။

ဇွန်၁၉ရက်နေ့ Embassy of India , Yangon ၏ထုတ်ပြန်ချက်အရ ကုလားတန်ဘက်စုံသုံးသယ်ယူ ပို့ဆောင်ရေးစီမံကိန်း၏စစ်တွေဆိပ်ကမ်းကိုသွားရောက်ကြည့်ခဲ့ကြောင်းသိရသည်။

“သံအမတ်ကြီးAbhay Thakur သည်စစ်တွေမြို့သို့သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်းရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးနိုင်ဦးနှင့်တွေ့ဆုံခဲ့ပြီး၊ကုလားတန်စီမံကိန်း၏စစ်တွေဆိပ်ကမ်းနှင့်အိန္ဒိယ ကောင်စစ်ဝန်ချုပ်ရုံးသို့သွားရောက်ခဲ့ပါသည်။ထို့ပြင်အပြည်ပြည်ဆိုင်ရာယောဂနေ့၂၀၂၆အထိမ်းအမှတ်စုပေါင်းယောဂသရုပ်ပြလေ့ကျင့်ခြင့်းအစီအစဉ်တွင်ပါဝင်ခဲ့ပြီး၊စစ်တွေမြို့အခြေစိုက်နိုင်ငံတကာအဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ပါသည်” ဟုထုတ်ပြန်ချက်တွင် ပါရှိသည်။

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်းဝန်ကြီးချုပ်မိုဒီနှင့်တွေ့ဆုံစဉ်အိန္ဒိယ၏မဟာဗျူဟာစီမံကိန်းဖြစ်သောကုလားတန်စီမံကိန်းအမြန်ဆုံးအပြီးသတ် ဆောင်ရွက်နိုင်ရေးအာဏာသိမ်းသမ္မတအားတွန်းအားပေးခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်စစ်တွေဆိပ်ကမ်းမှချင်းပြည်နယ်ပလက်ဝကိုဖြတ်ကာအိန္ဒိယနိုင်ငံ၊အရှေ့မြောက်ဒေသမီဇိုရမ်ပြည်နယ်သို့ချိတ်ဆက်မည့်ကုလားတန်မြစ်ကြောင်းဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း(KMTTP)ကို၂၀၀၈ခုနှစ်တွင်လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါစီမံကိန်းအားလာမည့်၂၀၂၇နှစ်တွင်အပြည့်အဝလည်ပတ်ရန်အိန္ဒိယအစိုးရကလိုလား သော်လည်းလက်ရှိရခိုင်ပြည်တစ်ခုလုံးနီးပါးကို အာရက္ခတပ်တော်က သိမ်းပိုက်ထားသဖြင့်ဆက်လက်အထည်ဖော်ရန်မှာ  ကြန့်ကြာမှုများရှိနေဆဲဖြစ်ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

AI Curated