အပစ်ရပ် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ချောင်းနှစ်ခွရွာကို စစ်တပ်ဗုံးကြဲ
politics||2 MIN READ

အပစ်ရပ် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ချောင်းနှစ်ခွရွာကို စစ်တပ်ဗုံးကြဲ

DVB
SourceDVB
Back to News

AI Summary

မွန်ပြည်နယ် ရေးမြို့နယ်ရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ချောင်းနှစ်ခွရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် နီပွန်ဖောင်ဒေးရှင်းမှ ဆောက်လုပ်ပေးထားသော နေအိမ် ၆ လုံး ပျက်စီးခဲ့ရသည်။ တော်လှန်ရေးအင်အားစုများ ရှိနေနိုင်သည့်အတွက် စစ်တပ်က ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး ဒေသခံများမှာ သတင်းကြိုရသဖြင့် ရှောင်တိမ်းနိုင်ခဲ့သဖြင့် အရပ်သား ထိခိုက်မှုမရှိခဲ့ပေ။ ဤဖြစ်စဉ်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်အပြီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မွန်ပြည်သစ်ပါတီဘက်မှ လက်ရှိအချိန်ထိ တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါ။

ထင်ရှားသော ပြောကြားချက်များ

"တကယ်ကဗျာ အဲဒီဒေသမှာ တော်လှန်ရေးအင်အားစုတွေ နေကြတာရှိတယ်။ သတင်းကြိုရလို့ ရှောင်လိုက်ကြတာ။ ဗုံးကြဲခံရတဲ့နေရာက မွန်ပြည်သစ်ပါတီရဲ့ ရုံးနဲ့ ဘေးကပ်လျက်ပဲ။ စာသင်ကျောင်းရှိတယ်၊ ဆေးရုံရှိတယ်ဗျ။ ဗုံးက ၂ နှစ်လုံးကြဲတာ။ နီပွန်ဖောင်ဒေးရှင်းက ဆောက်ပေးထားတဲ့အိမ် ၆ အိမ်ပျက်စီးတယ်။ အဲဒီမှာနေတာက မွန် ပြည်သစ်ပါတီရဲ့ ရဲဘော်တွေ၊ မိသားစုဝင်တွေ၊ အငြိမ်းစားယူထားသူတွေ နေကြတာ။ လေယာဉ်က နှစ်ကြိမ်လာကြဲတာ။ ပထမတကြိမ် တလုံးကြဲပြီး ပြန်လှည့်သွားတာ စက္ကန့် ၃၀ လောက်ပဲ ကြာတာယ် ပြန်လာပြီးကြဲတာ"

Photo: MH

မွန်ပြည်နယ် ရေးမြို့နယ်က စစ်တပ်နဲ့အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ် ချောင်းနှစ်ခွရွာကို အာဏာရှင်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၆ လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ချောင်းနှစ်ခွရွာမှာရှိတဲ့ နီပွန်ဖောင်ဒေးရှင်းကနေ ဆောက်ပေးတဲ့ အဆောက်အဦတွေကို စစ်တပ်က ဒီနေ့ ဇွန် ၁၈ ရက် မနက်အစောပိုင်း ၁ နာရီခွဲဝန်းကျင်မှာ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတာဖြစ်ပြီး အရပ်သားတွေ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

ဒေသခံတယောက်က “တကယ်ကဗျာ အဲဒီဒေသမှာ တော်လှန်ရေးအင်အားစုတွေ နေကြတာရှိတယ်။ သတင်းကြိုရလို့ ရှောင်လိုက်ကြတာ။ ဗုံးကြဲခံရတဲ့နေရာက မွန်ပြည်သစ်ပါတီရဲ့ ရုံးနဲ့ ဘေးကပ်လျက်ပဲ။ စာသင်ကျောင်းရှိတယ်၊ ဆေးရုံရှိတယ်ဗျ။ ဗုံးက ၂ နှစ်လုံးကြဲတာ။ နီပွန်ဖောင်ဒေးရှင်းက ဆောက်ပေးထားတဲ့အိမ် ၆ အိမ်ပျက်စီးတယ်။ အဲဒီမှာနေတာက မွန် ပြည်သစ်ပါတီရဲ့ ရဲဘော်တွေ၊ မိသားစုဝင်တွေ၊ အငြိမ်းစားယူထားသူတွေ နေကြတာ။ လေယာဉ်က နှစ်ကြိမ်လာကြဲတာ။ ပထမတကြိမ် တလုံးကြဲပြီး ပြန်လှည့်သွားတာ စက္ကန့် ၃၀ လောက်ပဲ ကြာတာယ် ပြန်လာပြီးကြဲတာ” လို့ DVB ကိုပြောပါတယ်။

အဲဒီနေရာဟာ မွန်ပြည်သစ်ပါတီ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးပြီးနောက်မှာ နီပွန်ဖောင်ဒေးရှင်းက ပြန်လည်ထူထောင်ရေးအတွက် တည်ဆောက်ပေးထားတဲ့ နေရာလည်း ဖြစ်ပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်တာဟာလည်း ဇွန် ၉ ရက်နေ့က 7 EAO Alliance ညှိနှိုင်းရေးအဖွဲ့နဲ့ စစ်တပ်ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်မှာ တွေ့ဆုံမှုအပြီး တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်ခံရတာကိုတော့ မွန်ပြည်သစ်ပါတီဘက်က ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ဆက်စပ်သတင်းများ

AI Curated