ပခုက္ကူမြို့နယ်မြစ်ခြေရဲစခန်းအား တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်
politics||3 MIN READ

ပခုက္ကူမြို့နယ်မြစ်ခြေရဲစခန်းအား တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်

Narinjara
SourceNarinjara
Back to News

AI Summary

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ မြစ်ခြေရဲစခန်းကို NUG ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်၏ ကွပ်ကဲမှုအောက်ရှိ တော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၁၀ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ နံနက် ၄ နာရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၅ နာရီတွင် အပြီးသတ်ချေမှုန်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်မှ တပ်သား ၂ ဦး ကျဆုံးပြီး ၁၄ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်။ G-3 သေနတ် ၁၈ လက်အပါအဝင် လက်နက် ၂၀ ကျော်နှင့် ခဲယမ်းမီးကျောက်များစွာကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်ဥပဒေများနှင့်အညီ ထိန်းသိမ်းထားရှိမည်ဖြစ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်သူများကို စစ်ဘက်ဆိုင်ရာ ဥပဒေတွေအညီ စိစစ်ဖော်ထုတ်ပြီး စစ်တရားရုံးတင် စစ်ဆေး အရေးယူ ဆောင်ရွက်သွားမည်ဟု PDF က ထုတ်ပြန်ခဲ့သည်။ အဆိုပါဒေသတွင် စစ်ကောင်စီတပ်များက ပြီးခဲ့သည့် မေလ ၁၀ ရက်မှ ဇွန်လ ၂ ရက်အထိ နေအိမ် ၁၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၂၄ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

(စစ်သုံးပန့်၁၄ ဦးနဲ့ လက်နက် ၂၀ ကျော်သိမ်းဆည်းရမိ)

နိရဉ္စရာ၊ ဇွန် ၁၀/၂၀၂၆

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဓာတ်ပုံတွေနဲ့ တစ်ကွNUG ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က သတင်းထုတ်ပြန်လာပါတယ်။

ဒီစခန်းကို ဇွန်လ ၁၀ရက်နေ့၊ နံနက် (၄) နာရီမှာ မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ပခုက္ကူခရိုင် စစ်ဌာနရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် (၅) နာရီမှာ အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်းကနေ G-3 (၁၈)လက်၊ 79 (၁) လက်၊ ‌ခြောက်လုံးပြူး (၂) လက်၊ ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း (၁) လက်၊ G-3 ကျည်ဘောက် (၂၇) ဘောက်၊လက်လုပ် လေသေနတ် (၁) လက်၊ကျည်ကာ ဦးထုပ် (၇)လုံး၊ G-3 ကျည် (၁၉၀၈) တောင့် သိမ်းဆည်းရရှိခဲ့ပါတယ်။

Narinjara News Image

တိုက်ပွဲအတွင်း အဏာသိမ်းစစ်တပ်တပ်သား (၂) ဦး ကျဆုံးပြီးလက်နက်ချအညံ့ခံလာသူ (၁၄) ဦး ကို​ကိုစစ်သုံ့ပန်းအဖြစ်ထိန်းသိမ်းထားလို့ဆိုပါတယ်။

စစ် သုံ့ပန်းတွေကို နိုင်ငံတကာ စစ်ဥပဒေများနဲ့ အညီ ထိန်းသိမ်းထားရှိပြီး စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို စစ်ဘက်ဆိုင်ရာ ဥပဒေတွေအညီ စိစစ်ဖော်ထုတ်ပြီး စစ်တရားရုံးတင် စစ်ဆေး အရေးယူ ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Narinjara News Image

အကြမ်းဖက် စစ်ကောင်စီဟာ ၂၀၂၆ ခုနှစ်၊မေလ (၁၀)ရက်နေ့မှ ဇွန်လ (၂) ရက်နေ့အထိ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ရှိ ပြည်သူလူထုပိုင် နေအိမ်အဆောက်အဦးပေါင်း (၁၀၀၀) ကျော်ကို မီးရှို့ဖျက်ဆီးကာပြည်သူ (၂၄)ဦးကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Narinjara News Image

ဆက်စပ်သတင်းများ

AI Curated
ပခုက္ကူမြို့နယ်မြစ်ခြေရဲစခန်းအား တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက် | YGN Daily