မြိုင်မြို့နယ်၌ စစ်တပ်မီးရှို့သဖြင့် နေအိမ် ၇၀ ခန့်ဆုံးရှုံး၊ အသတ်ခံထားရသည့် ရုပ်အလောင်းတွေ့

မြိုင်မြို့နယ်၌ စစ်တပ်မီးရှို့သဖြင့် နေအိမ် ၇၀ ခန့်ဆုံးရှုံး၊ အသတ်ခံထားရသည့် ရုပ်အလောင်းတွေ့

DVB
SourceDVB

AI Summary

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဝက်ပုတ်ကျေးရွာနှင့် ကုန်းကျေးရွာတို့တွင် စစ်အာဏာရှင်တပ်စစ်ကြောင်းများ ဝင်ရောက်ကာ ပြည်သူများကို သတ်ဖြတ်ပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဇွန်လ ၄ ရက်နေ့က ဝက်ပုတ်ရွာတွင် လူနေအိမ်၊ နွားတင်းကုတ်နှင့် စပါးကျီများအပါအဝင် အလုံး ၇၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ ၁ ရက်နေ့ကလည်း ကုန်းကျေးရွာတွင် လူနေအိမ် ၂၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အမျိုးသားအလောင်း ၂ လောင်း တွေ့ရှိခဲ့ရသည်။ ဝက်ပုတ်ရွာသည် ယခင်က ပျူစောထီးကျေးရွာအဖြစ် သတ်မှတ်ခံခဲ့ရပြီး နောက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည့် ရွာဖြစ်သည်။ ဤရွာသည် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှု ၅ ကြိမ်ခန့် ခံခဲ့ရပြီး ဒေသခံများသည် နှစ်ချီကြာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Photo: အညာမြေတပ်ပေါင်းစု

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇွန် ၄ ရက်က စစ်အာဏာရှင်တပ်စစ်ကြောင်း ဝင်ရောက်လာပြီး ပြည်သူတွေကို သတ်ဖြတ်၊ လူနေအိမ်တွေအား မီးရှို့ဖျက်ဆီးခဲ့တာကြောင် လူနေအိမ်အလုံး ၇၀ နီးပါး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “မြိုင်စက်မှု ၂ ထဲကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းက အဲ့ဒီနေ့မနက် ၇ နာရီလောက်မှာ ဝက်ပုတ်ရွာထဲကိုဝင်ပြီး လူနေအိမ်တွေကို အကြောင်းမဲ့မီးတင်ရှို့သွားပြီးတော့ စက်မှု ၂ ထဲ ပြန်ဝင်သွားတာပါ။ ကနဦးစာရင်းအရ ဝက်ပုတ်ရွာအတွင်း မီးလောင်ပျက်စီးတဲ့ အရေအတွက်ဟာ လူနေအိမ်၊ နွားတင်းကုတ်တွေနဲ့ စပါးကျီတွေအပါအဝင် အလုံးရေ ၅၀ နီးပါးလောက်ရှိပါတယ်”လို့ ပြောပါတယ်။

ဇွန် ၁ ရက် မနက်ပိုင်းကလည်း အဆိုပါ စစ်တပ်စစ်ကြောင်းဟာ မြိုင်မြို့နယ်ထဲက ကုန်းကျေးရွာကို ဝင်ရောက်ကာ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်သွားပြီး လူနေအိမ်တွေအား မီးရှို့ဖျက်ဆီးခဲ့လို့ လူနေအိမ် ၂၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။

ကျေးရွာအနီးမှာလည်း ပစ်ခတ်သတ်ဖြတ်ခံထားရတဲ့ အမျိုးသားရုပ်အလောင်း ၂ လောင်းလည်း တွေ့ရှိခဲ့ရသေးတယ်လို့ ဆိုပါတယ်။

စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတယောက်က “ဝတ်ပုတ်ရွာကတော့ မီးရှို့ခံရတာ ဒီနယ်ထဲမှာ စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးတဲ့ စစ်ဘေးဒဏ်အခံရဆုံးရွာလို့ ပြောလို့ရတယ်။ မီးရှို့ဖျက်ဆီးခံရတာ ၅ ကြိမ်လောက်ရှိနေပြီ။ ရွာခံတွေနဲ့ ရွာနီးချုပ်စပ်က ဒေသခံတွေကတော့ တခြားနေရာတွေမှာ ထွက်ပြေးနေနေကြရတာ နှစ်ချီကြာနေပြီ”လို့ ပြောပါတယ်။

ဝက်ပုတ်ကျေးရွာဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၄ အထိ ပျူစောထီးကျေးရွာအဖြ စ်သတ်မှတ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ သြဂုတ်လဆန်းပိုင်းမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
မြိုင်မြို့နယ်၌ စစ်တပ်မီးရှို့သဖြင့် နေအိမ် ၇၀ ခန့်ဆုံးရှုံး၊ အသတ်ခံထားရသည့် ရုပ်အလောင်းတွေ့ | YGN Daily