ပြိုင်ဘက် မျက်နှာကိုရိုက်သဖြင့် ပေါ်တူဂီကြယ်ပွင့် လီယို အနီကတ်ပြ အထုတ်ခံရ

ပြိုင်ဘက် မျက်နှာကိုရိုက်သဖြင့် ပေါ်တူဂီကြယ်ပွင့် လီယို အနီကတ်ပြ အထုတ်ခံရ

DVB
SourceDVB

AI Summary

ပေါ်တူဂီတိုက်စစ်မှူး ရာဖေးလ်လီယိုသည် ကမ္ဘာ့ဖလားအကြို ချီလီနှင့် ခြေစမ်းပွဲတွင် ပြိုင်ဘက်ကစားသမား ရိုမန်၏ မေးစေ့ကို လက်ဖြင့် ရိုက်ခဲ့သောကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။ ပထမပိုင်းအပြီး ကစားသမားအချင်းချင်း ပြဿနာဖြစ်ပွားရာမှ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်း၏ အပြုအမူကြောင့် လီယိုသည် လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပွဲပယ်ပြစ်ဒဏ် ထပ်မံရင်ဆိုင်ရနိုင်ခြေရှိနေသည်။ မန်ယူအသင်း၏ အမာခံပစ်မှတ်ဖြစ်သူ လီယိုသည် အေစီမီလန်မှ ထွက်ခွာကာ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားနေသူလည်းဖြစ်သည်။

မန်ယူအသင်းရဲ့ အမာခံပစ်မှတ် ပေါ်တူဂီတိုက်စစ်မှူး ရာဖေးလ်လီယိုဟာ ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲမှာ ပြိုင်ဘက်ကစားသမားကို မျက်နှာဖြတ်ရိုက်ခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

ပေါ်တူဂီအသင်းဟာ ချီလီနဲ့ ခြေစမ်းပွဲကစားခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်၊ ဂီဒက်စ်တိုရဲ့ ဂိုးတွေနဲ့ ၂-၁ ဂိုးနဲ့ နိုင်ခဲ့တာပါ။

ဒါပေမဲ့ ပထမပိုင်းအပြီးမှာ ကစားသမားအချင်းချင်း ပြဿနာဖြစ်ရာကနေ လီယိုက ချီလီနောက်ခံလူ ရိုမန်ရဲ့ မေးစေ့ကို လက်နဲ့ ဖြတ်ရိုက်ခဲ့တာကြောင့် နှစ်ယောက်စလုံး အထုတ်ခံခဲ့ရပါတယ်။

ဒီအပြုအမူကြောင့် လီယိုအနေနဲ့ လာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲပယ်ပြစ်ဒဏ် ထပ်တိုးရင်ဆိုင်ရမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အေစီမီလန်တိုက်စစ်မှူး လီယိုဟာ အသင်းကနေ ထွက်ခွာချင်နေပြီး ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေသူပါ။ မန်ယူအသင်းကလည်း သူ့ကို ခေါ်ယူဖို အချိန်အတော်ကြာ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ပြိုင်ဘက် မျက်နှာကိုရိုက်သဖြင့် ပေါ်တူဂီကြယ်ပွင့် လီယို အနီကတ်ပြ အထုတ်ခံရ | YGN Daily