ဇွန် ၆ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - မြန်မာက တရုတ်စီမံကိန်းတွေတွန်းအားပေးဖို့ ဝမ်ယိပြော
economy||3 MIN READ

ဇွန် ၆ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - မြန်မာက တရုတ်စီမံကိန်းတွေတွန်းအားပေးဖို့ ဝမ်ယိပြော

AI Summary

နေပြည်တော်နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံသို့ သွားရောက်ကာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုတွင် ဦးတင်မောင်ဆွေက တရုတ်လုပ်ငန်းရှင်များ မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပြီး နှစ်နိုင်ငံစီးပွားရေးစင်္ကြံစီမံကိန်းများကို တည်ငြိမ်စွာ တွန်းအားပေးလိုကြောင်း နှစ်ဖက်စလုံးက သဘောတူခဲ့ကြသည်။ မြန်မာဘက်က နယ်စပ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများ နှိမ်နင်းရေးနှင့် တရုတ်နိုင်ငံသားများ၊ စီမံကိန်းများ၏ လုံခြုံရေးကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်မည်ဟု ကတိပြုခဲ့သည်။ ထို့အပြင် ကုလသမဂ္ဂ၊ အာဆီယံ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုများတွင် တရုတ်နှင့် ပိုမိုပူးပေါင်းရန် မျှော်လင့်ကြောင်းနှင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ ဤခရီးစဉ်သည် အသွင်ပြောင်းအစိုးရ သမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အပြီးတွင် ဖြစ်ပေါ်ခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရန် ရည်ရွယ်သည်။ ဦးတင်မောင်ဆွေသည် နိုင်ငံခြားရေးဝန်ကြီးရာထူးရပြီးနောက် ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခြင်းဖြစ်သည်။

တရုတ် - မြန်မာ နှစ်နိုင်ငံ အလံကို နောက်ခံထားပြီး နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ က ဘယ်ဘက်ခြမ်းမှာရပ်ကာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ညာဘက်ခြမ်းမှာ ရပ်ပြီး လက်ဆွဲနှုတ်ဆက်နေကြပါတယ်

တရုတ် နိုင်ငံကိုရောက်ရှိနေတဲ့ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနဲ့ တွေ့ဆုံချိန်မှာ တရုတ်လုပ်ငန်းရှင်တွေ မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့ကို ကြိုဆိုကြောင်း ပြောပါတယ်။

မနေ့က နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံချိန်မှာ တရုတ် - မြန်မာ စီးပွားရေးစင်္ကြ့ရဲ့ အဓိက စီမံကိန်းတွေကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ တွန်းအားပေးလိုကြောင်း မစ္စတာ ဝမ်ယိက ပြောခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ပါတယ်။ ဦးတင်မောင်ဆွေဘက်ကလည်း ဒီလို တွန်းအားပေးဖို့ဆန္ဒရှိပြီး လုပ်ငန်းရှင်တွေကို ကြိုဆိုကြောင်းပြောခဲ့တာလို့ တရုတ်ဘက်က ဖော်ပြပါတယ်။

နယ်စပ်ဒေသက အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေကိုနှိမ်နင်းဖို့အပါအဝင် မြန်မာက တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို အစွမ်းကုန် ကာကွယ် စောင့်ရှောက်သွားမယ်လို့ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ကြောင်း တရုတ်က ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ၊ အာဆီယံ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စတဲ့ နယ်ပယ်စုံမှာ တရုတ်နဲ့ ပိုပြီးပူးပေါင်းနိုင်ဖို့ မျှော်လင့်ကြောင်း နေပြည်တော်ဘက်က ပြောခဲ့တာပါ။ ဒါအပြင် တရုတ်တနိုင်ငံတည်းမူဝါဒနဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ကမ္ဘာလုံးဆိုင်ရာ အစီအမံ ၄ ရပ်ကိုလည်း ထောက်ခံပြောဆိုခဲ့ပါတယ်။

အသွင်ပြောင်းအစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယ ခရီးစဉ်အပြီးမှာပဲ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ တရုတ်ကိုသွားကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်ရေး ဆွေးနွေးခဲ့တာကို နှစ်ဖက်ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။

ဦးတင်မောင်ဆွေဟာ ပြီးခဲ့တဲ့ မတ်လအထိ ဘေကျင်းမှာ တရုတ်သံအမတ်ကြီးဖြစ်ခဲ့သူပါ။ ဒါဟာ နိုင်ငံခြားရေးဝန်ကြီးရာထူးရပြီးနောက်ပိုင်း ဘေကျင်းကို ပထမဆုံးပြန်သွားတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ဇွန် ၆ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - မြန်မာက တရုတ်စီမံကိန်းတွေတွန်းအားပေးဖို့ ဝမ်ယိပြော | YGN Daily