AA မှ ဒိုင်းနက်လူမျိုး ၈၉ ဦးအား ပြန်လွှတ်ပေးလိုက်သည့်အပေါ်             ကျေးဇူးတင်ကြောင်း ဒိုင်းနက်ကျောင်းသားသမဂ္ဂမှထုတ်ပြန်
politics||5 MIN READ

AA မှ ဒိုင်းနက်လူမျိုး ၈၉ ဦးအား ပြန်လွှတ်ပေးလိုက်သည့်အပေါ် ကျေးဇူးတင်ကြောင်း ဒိုင်းနက်ကျောင်းသားသမဂ္ဂမှထုတ်ပြန်

Narinjara
SourceNarinjara
Back to News

AI Summary

အာရက္ခတပ်တော် (AA) က မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှ ထိန်းသိမ်းထားသော ဒိုင်းနက် (သက္ကမ) လူမျိုး ၁၀၀ ကျော်အနက် ၈၉ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၃၃ ဦးခန့်မှာ ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်သည်။ ဤဖြစ်စဉ်သည် မေလ ၂၃ ရက်နေ့တွင် ULA/AA တာဝန်ရှိသူများက အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) ကို ရှင်းပြရန် ရောက်ရှိစဉ် ရွာသားအချို့က နားလည်မှုလွဲမှားကာ ဆူပူရန်လိုမှုများ ပြုလုပ်ခဲ့၍ AA က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ လွတ်မြောက်လာသူများရှိသော်လည်း ကျန်ရှိသူများအတွက် မိသားစုများက စိုးရိမ်ပူပန်နေကြပြီး၊ ဒိုင်းနက်ကျောင်းသားသမဂ္ဂ (Mizoram) က ကျန်ရှိသူများကို အမြန်ဆုံးလွှတ်ပေးရန် တိုက်တွန်းထားသည်။ AA ပြောခွင့်ရသူ ဦးခိုင်သုကမူ ဒိုင်းနက်အဖွဲ့အစည်းများ၏ စွပ်စွဲချက်များသည် လုံးဝမှန်ကန်မှုမရှိဘဲ လုပ်ကြံစွပ်စွဲခြင်းသာဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။ ၎င်းက ဖမ်းဆီးခံရသူများ NDEP ကို နားလည်သွားပြီဖြစ်ကြောင်းနှင့် အာရက္ခဒေသနေပြည်သူအားလုံးသည် အသက်အပိုင်းအခြားအရ စစ်မှုထမ်းကြရမည်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိရဉ္စရာ၊ ဇွန် ၄/၂၀၂၆

အာရက္ခတပ်တော် (AA)မှ ထိန်းသိမ်းထားသော ဒိုင်းနက် (သက္ကမ) လူမျိုး ၈၉ ဦးအား ပြန်လွှတ်ပေးလိုက်သည့်အပေါ် ကျေးဇူးတင်ကြောင်း ဒိုင်းနက်ကျောင်းသားသမဂ္ဂ (Mizoram)မှထုတ်ပြန်သည်။

သို့သော် ဒိုင်းနက်လူမျိုး ၃၃ ဦးသည် အာရက္ခတပ်တော်၏ ထိန်းသိမ်းမှုအောက်တွင် ရှိနေဆဲဖြစ်သဖြင့်  စိုးရိမ်ပူပန်နေသော မိသားစုဝင်များနှင့် ပြန်လည်ဆုံစည်းနိုင်စေရန် ၎င်းတို့ကို အာဏာပိုင်များအနေဖြင့် အမြန်ဆုံးလွှတ်ပေးရန် တိုက်တွန်းထားသည်။

၎င်းပြင်  ၂၀၂၆ ခုနှစ် မေလ ၂၇ ရက်နေ့တွင် အပြစ်မဲ့ပြည်သူများကို လွှတ်ပေးရန် တောင်းဆိုသည့် သက္ကမ(ဒိုင်းနက်)အဖွဲ့အစည်း ၁၂ ခုမှ ပူးတွဲပန်ကြားချက်တစ်ခုအပြီးတွင် ထိန်းသိမ်းခံထားရသူ ၉၀ ဦးကို ပြန်လည်လွှတ်ပေးလိုက်သည့် အပေါ် မြေပြင်အစီရင်ခံစာတစ်ခုက အတည်ပြုခဲ့ကြောင်း၊  မြန်မာနိုင်ငံရှိဒိုင်းနက် ပြည်သူများက စည်းလုံးညီညွတ်မှုကို ပြသခဲ့သည့်အတွက် ကျောင်းသားသမဂ္ဂ (Tongchangya Student Union Mizoram) ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ကြသည်။

၂၀၂၆ ခုနှစ် မေလ ၂၃ ရက်နေ့ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရန် လာရောက်သည့်ULA/AA တာဝန်ရှိသူများကို နားလည်မှုလွဲမှားက ဆူပူရန်လိုမှုများလုပ်ဆောင်ခဲ့သဖြင့်ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့၍မောင်တောမြို့နယ် သင်္ဘောလှကျေးရွာမှဒိုင်းနက်လူမျိုးရွာသား ၁၀၀ ကျော်ကိုအာရက္ခတပ်တော် (AA) က ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။ အဆိုပါအာရက္ခတပ်တော်(AA)က ဖမ်းဆီးထိန်သိမ်းခဲ့သော သင်္ဘောလှကျေးရွာသား ၁၀၀ကျော်ထဲမှ ၈၉ ဦးကိုဇွန်လ၃ ရက် နေ့က လွတ်ပေးလိုက်ပြီး ကျန်  ၃၀ နီးပါးကိုအာရက္ခတပ်တော် (AA)ဖက်မှ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။ လွတ်မြောက်လာသူများထဲတွင် အမျိုးသမီးများနှင့်သက်ကြီးရွယ်အိုများ ပါဝင်ကြောင်း သိရသည်။ မောင်တောမြို့နယ်မှဒိုင်းနက်(သက္ကမ) လူမျိုးစုများနေထိုင်သည့်သင်္ဘောလှကျေးရွာမှရွာသားများကို အာရက္ခတပ်တော်(AA)ဖက်မှ ထိန်းသိန်းထားမှုအပေါ် လွတ်ပေးရန်သက္ကမလူမျိုး အရပ်ဘက် ၁၂ ဖွဲ့က ပြီးခဲ့သည့် မေလ ၂၇ ရက်က ကြေညာချက်ထုတ်တောင်းဆိုခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင်အာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ခြင်း၊ ရွာသားများကိုရိုက်နှက်ခြင်းအထိ ဖြစ်ပွားခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ အပါအဝင်ကျေးရွာသားတစ်ချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားသည်။

အဆိုပါ အဖွဲ့များထုတ်ပြန်ချက်လုံး၀ မှန်ကန်မှု မရှိကြောင်း အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုက ပြောဆိုသည်။

“ ဒါက လုံးဝမှန်ကန်မှုမရှိပါဘူး၊ သူတို့ပြောသလိုလဲဆိုးဆိုးဝါးဖြစ်တာမရှိပါဘူး။ ဒါဟာမြေပြင်အမှန်တရားတွေကိုမျက်ကွယ်ပြုပြီးတော့ သူတို့ဖြစ်ချင်သလို အလွန်အကျွံလုပ်ကြံစွပ်စွဲပြောဆိုနေကြတာသာဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာပါတဲ့အဖွဲ့တွေဆိုတာလဲ အခုကျေညာချက်ထုတ်မှဘယ်ကမှန်းမသိပေါ်လာတဲ့အဖွဲ့အစည်းတွေဖြစ်ပါတယ်။တကယ်ဖြစ်ခဲ့တာက သင်္ဘောလှရွာကို အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဌာန်းချက်(NDEP)နှင့် ပတ်သက်ပြီးသက်ဆိုင်ရာ ULA အစိုးရတာဝန်ရှိသူတွေက ရှင်းပြဖို့သွားတဲ့အချိန်မှာ နားလည်မှုမရှိတဲ့ရွာသားတချို့က ဒုတ်၊ဓါးတွေကိုင်ပြီး လူအုပ်နှင့်ဆူပူရန်လုပ်ဖို့ကြိုးစားခဲ့တာရှိပါတယ်။ ဒါကြောင့် အဲဒီဆူပူရန်လုပ်တဲ့သူတွေကို ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ယာယီထိန်းသိမ်းထားပြီးတော့ အမျိုးသားကာကွယ်ရေးတာဝန်နှင့်ပတ်သက်ပြီး သူတို့ အသေအချာနားလည်လာအောင် ကျနော်တို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ လူမျိုးစုရေးရာကော်မတီကတဆင့် အသေအချာအချိန်ယူရှင်းပြနေတာဖြစ်ပါတယ်။ အခုကတော့ သူတို့လဲ သဘောပေါက်လာကြပါပြီ။ ဘာပြဿနာမှမရှိတော့ပါဘူး။အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဌာန်းချက်အရ အာရက္ခဒေသနေပြည်သူအားလုံးကတော့ အသက်အပိုင်းအခြားအရ အကျုံးဝင်တဲ့သူမှန်သမျှ မဖြစ်မနေစစ်သင်တန်းတက်စစ်မှုထမ်းကြရမှာဖြစ်ပါတယ်။ ဒါဟာနိုင်ငံသားတယောက်ရဲ့ တိုင်းပြည်ကာကွယ်ရေးတာဝန်၊ အမျိုးသားရေးတာဝန်လဲဖြစ်ပါတယ်” ဦးခိုင်သုခက ပြောဆိုသည်။

အဆိုပါသင်္ဘောလှကျေးရွာသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမောင်တော-ကြိမ်ချောင်း-တောင်ပြိုလက်ဝဲ ကားလမ်းပေါ်တွင်တည်ရှိပြီး ၎င်းဒေသသည် တစ်လက်နိုင်ငံ ခိုအောင်းနေကြသည့် ARSA၊ RSO၊ ARA စသည့်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များမကြာခဏဝင်ရောက်ပြီး ဒေသခံပြည်သူများအား ပြန်ပေးဆွဲ သတ်ဖြတ်နေသော နေရာဖြစ်ကြောင်း သိရသည်။

သို့အတွက် အဆိုပါ ဒေသတွင် နေထိုင်သူများအနေဖြင့် မိမိကိုယ်ကိုကာကွယ်ရန်နှင့် မိမိရပ်ရွာကို မဖြစ်မနေ ကာကွယ်ရန် စစ်သင်တန်းများလိုအပ်နေသဖြင့်  စစ်မှုထမ်းသင်တန်းများ တက်ရောက်ရန်လိုအပ်လျှက်ရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။

Photo: (Tongchangya Student Union Mizoram)

ဆက်စပ်သတင်းများ

AI Curated
AA မှ ဒိုင်းနက်လူမျိုး ၈၉ ဦးအား ပြန်လွှတ်ပေးလိုက်သည့်အပေါ် ကျေးဇူးတင်ကြောင်း ဒိုင်းနက်ကျောင်းသားသမဂ္ဂမှထုတ်ပြန် | YGN Daily