နယူးကာဆယ်ပစ်မှတ် တောင်ပံကစားသမား မူနော့ဇ်ကို လီဗာပူး ကြားဖြတ်ခေါ်ယူ
sports||2 MIN READ

နယူးကာဆယ်ပစ်မှတ် တောင်ပံကစားသမား မူနော့ဇ်ကို လီဗာပူး ကြားဖြတ်ခေါ်ယူ

DVB
SourceDVB
Back to News

AI Summary

လီဗာပူးအသင်းသည် အိုဆာဆူနာအသင်း၏ တောင်ပံကစားသမား ဗစ်တာမူနော့ဇ်ကို ခေါ်ယူရန် ပေါင် ၃၄ ဒသမ ၆ သန်းဖြင့် အံ့အားသင့်ဖွယ် ကြားဖြတ်ကမ်းလှမ်းမှု ပြုလုပ်ခဲ့သည်။ နယူးကာဆယ်အသင်းနှင့် ဆွေးနွေးမှုများ ကြန့်ကြာနေချိန်တွင် လီဗာပူးက စာချုပ်ဖျက်သိမ်းကြေးကို ပေးချေကာ အဆိုပါကစားသမားကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ ဤပြောင်းရွှေ့မှုကြောင့် နယူးကာဆယ်အသင်းမှာ ကစားသမားကို လက်လွတ်ဆုံးရှုံးခဲ့ရပြီး လီဗာပူးနည်းပြသစ် အန်ဒိုနီ အီရာအိုလာအတွက် ပထမဆုံးသော ခေါ်ယူမှုဖြစ်လာသည်။ လက်ရှိတွင် မူနော့ဇ်သည် စပိန်အသင်းနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်နေပြီး လီဗာပူးအသင်းက ရက်အနည်းငယ်အတွင်း အတည်ပြုသွားမည်ဖြစ်သည်။

Photo:Reuters

လီဗာပူးအသင်းဟာ အိုဆာဆူနာအသင်းရဲ့ တောင်ပံကစားသမား ဗစ်တာမူနော့ဇ်ကို ခေါ်ယူဖို့ အံ့အားသင့်စရာ ကမ်းလှမ်းမှုတခု လုပ်လိုက်ပါတယ်။

နယူးကာဆယ်ယူနိုက်တက်ရဲ့ ကစားသမားခေါ်ယူမှု သဘောတူညီချက်ကို လီဗာပူးက ကြားဖြတ် ခေါ်ယူတာ ဖြစ်ပါတယ်။

စပိန်ကစားသမား မူနော့ဇ်အတွက် ပေါင် ၃၄ ဒသမ ၆ သန်း တန်ကြေးရှိတဲ့ စာချုပ် ဖျက်သိမ်းကြေးကို လီဗာပူးက ပေးချေဖို့ သဘောတူခဲ့တာပါ။

နယူးကာဆယ်နဲ့ ဆွေးနွေးမှုတွေ ကြာမြင့်နေချိန်မှာ လီဗာပူးက အခုလို ဝင်ရောက်လာတာ ဖြစ်ပါတယ်။

မူနော့ဇ်ဟာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ လူငယ်အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး သူ့ရဲ့ ပြောင်းရွှေ့ကြေးရဲ့ တစိတ်တပိုင်းကို ရီးရဲလ်မက်ဒရစ်က ရရှိပါတယ်။

စာချုပ်သက်တမ်းက ၂၀၃၂ ခုနှစ်အထိ ဖြစ်ပြီး လီဗာပူးက ရက်အနည်းငယ်အတွင်း အတည်ပြုမယ် လို့ မျှော်လင့်ရပါတယ်။

လက်ရှိမှာ မူနော့ဇ်ဟာ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နေပါတယ်။ ဒါဟာ နည်းပြသစ် အန်ဒိုနီ အီရာအိုလာရဲ့ လီဗာပူးအတွက် ပထမဆုံး ခေါ်ယူမှု ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated