အာရက္ခအမျိုးသားတက္ကသိုလ်၏ သိပ္ပံ၊ လူမှုဗေဒနှင့် လူမှုရေးသိပ္ပံသင်တန်း အမှတ်စဉ် (၁)အတွက် ဝင်ခွင့်လျှောက်လွှာ ထပ်မံခေါ်ယူ
education||6 MIN READ

အာရက္ခအမျိုးသားတက္ကသိုလ်၏ သိပ္ပံ၊ လူမှုဗေဒနှင့် လူမှုရေးသိပ္ပံသင်တန်း အမှတ်စဉ် (၁)အတွက် ဝင်ခွင့်လျှောက်လွှာ ထပ်မံခေါ်ယူ

Narinjara
SourceNarinjara
Back to News

AI Summary

အာရက္ခအမျိုးသားတက္ကသိုလ်၏ သိပ္ပံ၊ လူမှုဗေဒနှင့် လူမှုရေးသိပ္ပံသင်တန်း အမှတ်စဉ် (၁) အတွက် ဝင်ခွင့်လျှောက်လွှာများကို အာရက္ခအမျိုးသားပညာရေးဌာနက ထပ်မံခေါ်ယူလျက်ရှိသည်။ ကျောင်းသူကျောင်းသားများ လျှောက်ထားခွင့် အခွင့်အရေးပိုမိုရရှိစေရန်အတွက် လျှောက်လွှာပိတ်ရက်ကို ဇူလိုင်လ ၁၅ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။ အဆိုပါသင်တန်းသို့ လျှောက်ထားလိုသူများသည် သတ်မှတ်ထားသော ပညာအရည်အချင်းနှင့် အသက်အရွယ်ကန့်သတ်ချက်များ ပြည့်မီရန် လိုအပ်ပြီး အရည်အချင်းစစ်စာမေးပွဲနှင့် လူတွေ့စစ်ဆေးမှုများကို ဖြေဆိုရမည်ဖြစ်သည်။ သင်တန်းကာလမှာ နှစ်နှစ်ဖြစ်ပြီး အောင်မြင်ပါက ဘွဲ့ကြိုသင်တန်းများကို ဆက်လက်တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ လျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ်ပညာရေးရုံးများတွင် ထုတ်ယူလျှောက်ထားနိုင်ပြီး စာမေးပွဲအချိန်စာရင်းကို သြဂုတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

အာရက္ခအမျိုးသားတက္ကသိုလ်၏ သိပ္ပံ၊ လူမှုဗေဒနှင့် လူမှုရေးသိပ္ပံသင်တန်း (Foundation Degree in Science, and Humanities and Social Science) အမှတ်စဉ် (၁)အတွက် ဝင်ခွင့်စာမေးပွဲလျှောက်လွှာကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန၊ အဆင့်မြင့်ပညာရုံးက ထပ်မံခေါ်ယူလျက်ရှိသည်ဟု သိရသည်။ အဆိုပါသင်တန်းအတွက် ဝင်ခွင့်စာမေးပွဲလျှောက်လွှာကို ယခုနှစ်အတွင်း ခေါ်ယူခဲ့သော်လည်း ကျောင်းသူ၊ ကျောင်းသားများ လျှောက်ထားခွင့် အခွင့်အရေးပိုမိုရရှိစေရန်နှင့် အရည်အချင်းရှိသည့် ကျောင်းသားများ မကျန်ခဲ့ရစေအောင် လျှောက်လွှာပိတ်ရက်ကို လာမည့် ဇူလိုင်လ ၁၅ ရက်သို့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်သည်ဟု ဇွန်လ ၁၅ ရက်က ထုတ်ပြန်သည့် လျှောက်လွှာခေါ်ယူခြင်းကြေညာချက်တွင် ဖော်ပြထားသည်။ ရခိုင့်ပညာရေးနှင့် နီးစပ်သူတစ်ဦးက “အရင်က လျှောက်လွှာရက်ကို ကျနော်မမှတ်မိလိုက်တော့ဘူး။ အခုက ထပ်တိုးထားတာပါ။ ဒီဟာမှာလည်း လျှောက်ခွင့်ရတဲ့သူနည်းပါမယ်။ သူက သတ်မှတ်ထားတဲ့ ကန့်သတ်ချက်နည်းနည်း များတော့ အဲဒီကန့်သတ်ချက်ပြည်မီဖို့အတွက် လွယ်တော့မလွယ်ဘူး။ ဒါပေမဲ့ တော်တဲ့သူတွေကို ခေါ်ထားတဲ့သဘောပါ။”ဟု နိရဉ္စရာကို ပြောသည်။ လျှောက်ထားသူသည် အရည်အချင်းစစ်စာမေးပွဲ (၁၂)တန်းအောင်မြင်ကြောင်း ထောက်ခံစာ(သို့မဟုတ်) အမှတ်စာရင်း(သို့မဟုတ်) တက္ကသိုလ်ဝင်တန်း စနစ်သစ် (၁၂)တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်း (သို့မဟုတ်) BECA (သို့) GED (သို့မဟုတ်) IGCSE အောင်မြင်ကြောင်း လက်မှတ်နှင့် အမှတ်စာရင်း မိတ္တူကို တင်ပြရမည်ဖြစ်သည်။ အလားတူ နိုင်ငံသားမှတ်ပုံတင်ကတ်ပြား မိတ္တူတစ်စောင်၊ နိုင်ငံသားမှတ်ပုံတင်ကတ်ပြား မရှိလျှင် အိမ်ထောင်စုစာရင်း မိတ္တူတစ်စောင်၊ ပတ်စပို့ဓာတ်ပုံ နှစ်ပုံပါ ပူးတွဲ တင်ပြလျှောက်ထားရမည်ဟု ဆိုသည်။ သင်တန်းရေးဖြေစာမေးပွဲအောင်မြင်သူများသည် လူတွေ့စစ်ဆေးမေးမြန်းခြင်းကို ခံယူရမည်ဖြစ်ပြီး နောက်ဆုံးအဆင့်ထိ ရွေးချယ်ခံရသူသည် သင်တန်းနှစ်နှစ်ကို ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်ဟု ဖော်ပြထားသည်။ သင်တန်းတက်နေဆဲကာလအတွင်း ကျန်းမာရေးအခြေအနေ ပြင်းထန်မှုမှလွဲ၍ မည်သည့်အကြောင်းပြချက်ဖြင့် ကျောင်းရပ်နားခွင့် မပြုဟု သိရသည်။ ယခုသင်တန်းကာလသည် ပညာသင်နှစ် နှစ်နှစ်ဖြစ်ပြီး ပထမဦးဆုံးပညာသင်နှစ် နှစ်နှစ်ကို သိပ္ပံ၊ လူမှုဗေဒနှင့် လူမှုရေးသိပ္ပံသင်တန်းအား တက်ရောက်ရမည်ဟု သိရသည်။ အဆိုပါသင်တန်းတက်ရောက်အောင်မြင်ပြီးလျှင် အာရက္ခအမျိုးသားတက္ကသိုလ်တွင် မိမိစိတ်ဝင်စားသည့် အထူးပြုဘာသာရပ်များကို ရွေးချယ်ပြီး နောက်ထပ် Bachelor Degree နှစ်နှစ် ဆက်တက်ခွင့်ရှိသည်ဟု သိရသည်။ လျှောက်လွှာကြေးတစ်စောင်လျှင် ကျပ် နှစ်ထောင်မှ လွဲ၍ အခြားငွေကြေးမပေးရဘဲ တစ်ဦးလျှင် လျှောက်လွှာတစ်စောင်သာ လျှောက်ထားခွင့်ရှိသည်ဟု သိရသည်။ လျှောက်လွှာများကို လာမည့် ဇူလိုင်လ ၁၅ ရက်(စနေနေ့)အထိ နောက်ဆုံးလက်ခံသွားမည်ဖြစ်ပြီး လျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ်များရှိ မြို့နယ်ပညာရေးရုံးတို့တွင် ထုတ်ယူ/လျှောက်ထားနိုင်သည်ဟု ဆိုသည်။ စာမေးပွဲကျင်းပမည့်နေရာမှာ အာရက္ခအမျိုးသားပညာရေးဌာနက သတ်မှတ်သည့်နေရာဖြစ်ပြီး ခုံနံပါတ်နှင့် စာမေးပွဲအချိန်စာရင်းကို သြဂုတ်လ ၂ဝ ရက်(တနင်္လာနေ့)တွင် ထုတ်ပြန်မည်ဟု သိရသည်။ သင်တန်းသားရွေးချယ်မှုပုံစံ အရည်အချင်းသတ်မှတ်ချက်အနေဖြင့် (က) ရခိုင်ပြည်အတွင်းနေထိုင်သည့် Grade (12)အောင်မြင်ပြီးစီးသူ၊ အသက် ၂၃ နှစ်အောက် မည်သူမဆိုလျှောက်ထားနိုင်သည်။ (ခ) ဝင်ခွင့်လျှောက်ထားသူများသည် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်များကို အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရမည်။ (ဂ) ပညာအရည်အချင်း (အရည်အချင်းသတ်မှတ်ချက်) ၁။ ၂ဝ၂၁ မှ ၂ဝ၂၅ အထိ စနစ်သစ် (၁၂)တန်း တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးစီးသူဖြစ်ရမည်။

ဝိဇ္ဇာတွဲ အောင်မြင်သူများအတွက် ဘာသာရပ်တစ်ခုချင်းစီ၏ သတ်မှတ်ရမှတ်များမှာ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်းနှင့် ဘောဂဗေဒတို့တွင် နှစ်ဘာသာ ၅ဝ နှင့်အထက်၊ သုံးဘာသာ ၆ဝ နှင့်အထက်ရှိရမည်။ ဝိပ္ပံတွဲနှင့် သိပ္ပံတွဲ အောင်မြင်သူများအတွက် ဘာသာရပ်တစ်ခုချင်းစီ၏ သတ်မှတ်ရမှတ်များမှာ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝနှင့် ဘောဂတွင် နှစ်ဘာသာ ၅ဝ နှင့်အထက်၊ သုံးဘာသာ ၆ဝ နှင့်အထက် ရှိရမည်။ ၂။ ပညာသင်နှစ် ၂ဝ၂၃ - ၂ဝ၂၄ နှင့် ၂ဝ၂၄ - ၂ဝ၂၅ တွင် အာရက္ခအမျိုးသားပညာရေးဌာနက စစ်ဆေးသည့် (၁၂)တန်း အာရက္ခအထက်တန်းပညာအရည်အချင်းစစ်စာမေးပွဲအောင်မြင်ပြီးသူများဖြစ်ရမည်။

ဝိဇ္ဇာတွဲအောင်မြင်သူများအတွက် ဘာသာရပ်တစ်ခုချင်းစီ၏ သတ်မှတ်ရမှတ်များမှာ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်းနှင့် ဘောဂဗေဒတို့တွင် နှစ်ဘာသာ D နှင့်အထက်၊ သုံးဘာသာ C နှင့်အထက်ရှိရမည်။ ဝိပ္ပံတွဲနှင့် သိပ္ပံတွဲ အောင်မြင်သူများအတွက် ဘာသာရပ်တစ်ခုချင်းစီ၏ သတ်မှတ်ရမှတ်များမှာ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝနှင့် ဘောဂတွင် နှစ်ဘာသာ D နှင့်အထက်၊ သုံးဘာသာ C နှင့်အထက်ရှိရမည်။ (၃) ၂ဝ၂၂ မှ ၂ဝ၂၅ ခုနှစ်ပညာသင်နှစ်အထိ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို အောင်မြင်ထားသူများအတွက် ဘာသာရပ်တစ်ခုချင်းစီ၏ သတ်မှတ်ရမှတ်များမှာ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ၊ ဘောဂ၊ ပထဝီ၊ သမိုင်းတွင် C နှင့်အထက်ရှိရမည်။ (၄) GED (General Eduction Development)စာမေးပွဲအောင်မြင်ထားသူများအတွက် ဘာသာရပ်တစ်ခုချင်းစီး၏ သတ်မှတ်ရမှတ်များမှာ Science, Mathematical Reasoning, Reasoning Though Language Arts (RLA), Social StudiestwGuf ၁၆၅ နှင့်အထက်ရှိရမည်။ (၅) IGSCE (International General Certificate of Secondary Education)စာမေးပွဲကို ဖြေဆိုအောင်မြင်ထားသူများအတွက် သတ်မှတ်ရမှတ်များမှာ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ၊ ပထဝီ၊ သမိုင်း၊ ဘောဂအတွက် C နှင့်အထက်ရှိရမည်။


ရေးသားသူ - မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၂၆/၂ဝ၂၆

ဆက်စပ်သတင်းများ

AI Curated