ဇွန် ၁၄ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - လူသတ်မှုကျူးလွန်တယ်လို့ဆိုသူ ၄ ဦးကို လောက်ကိုင်မှာ ကိုးကန့် သေဒဏ်ပေး
society||2 MIN READ

ဇွန် ၁၄ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - လူသတ်မှုကျူးလွန်တယ်လို့ဆိုသူ ၄ ဦးကို လောက်ကိုင်မှာ ကိုးကန့် သေဒဏ်ပေး

Back to News

AI Summary

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင် လူသတ်မှုကျူးလွန်သည်ဟုဆိုသူ ၄ ဦးကို ကိုးကန့်တပ်(MNDAA)က ဇွန်လ ၁၃ ရက်နေ့တွင် သေဒဏ်စီရင်လိုက်သည်။ အဆိုပါပြစ်မှုကျူးလွန်သူများကို မြို့ခံများအား ပြသပြီးနောက် တုံချိန်ရပ်ကွက်တွင် သေနတ်ဖြင့် ပစ်ခတ်ကွပ်မျက်ခဲ့ခြင်းဖြစ်သည်။ ကိုးကန့်တပ်သည် ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးအတွက်ဟုဆိုကာ ရာဇဝတ်မှုကျူးလွန်သူများကို ပြင်းထန်စွာ အရေးယူလျက်ရှိသည်။ ယင်းလုပ်ရပ်ကြောင့် ဒေသတွင်းရှိ ရာဇဝတ်မှုကျူးလွန်သူများအပေါ် အရေးယူမှုများ တင်းကျပ်လာပြီး အုပ်ချုပ်ရေးယန္တရားကိုလည်း ကိုးကန့်အထူးဒေသ ၁ အဖြစ် သတ်မှတ်ကာ လည်ပတ်နေသည်။ လက်ရှိတွင် ကိုးကန့်တပ်သည် ၎င်းတို့ထိန်းချုပ်နယ်မြေများအတွင်း ရာဇဝတ်မှုကျူးလွန်သူများကို ဖမ်းဆီးအရေးယူခြင်းနှင့် သေဒဏ်စီရင်ခြင်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

ပြစ်မှုကျူးလွန်တဲ့သူတွေလို့ ကိုးကန့်တပ် ထုတ်ပြန်လာတဲ့ပုံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)က ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့မှာ လူသတ်မှု ကျူးလွန်တယ်လို့ဆိုသူ ၄ ဦးကို မနေ့ ဇွန်လ ၁၃ ရက်မှာ သေဒဏ်စီရင်လိုက်တယ်လို့ ကိုးကန့်သတင်းကွန်ရက်က သတင်းထုတ်ပါတယ်။

အဲဒီ ၄ ဦးကို မြို့ခံလူထုကြား လှည့်လည်ပြသတာတွေ လုပ်ခဲ့ပြီးမှာ ကိုးကန့်မြို့ပေါ်က တုံချိန်ရပ်ကွက်မှာ သေနတ်နဲ့ သေဒဏ်စီရင်ခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြစ်မှုကျူးလွန်တယ်လို့ဆိုသူ တရားခံ ၃ ဦးထဲက လူသတ်မှုကျူးလွန်သူ ၁ ဦးကိုတော့ သေဒဏ်ချမှတ်ခဲ့ပြီး အဲဒီသေဒဏ်ကို ၂ နှစ်ဆိုင်းငံ့ထားမယ်လို့ အမိန့်ချလိုက်ပါတယ်။ ကျန် ၂ ဦးကိုတော့ ထောင်ဒဏ် ၇ နှစ်နဲ့ ၁၂ နှစ် အသီးသီးချမှတ်ခဲ့ပါတယ်။

ကိုးကန့်တပ်ဟာ သူထိန်းချုပ်တဲ့နယ်မြေထဲ လူသတ်မှုအပါအဝင် ရာဇဝတ်မှု ကျူးလွန်တယ်လို့ဆိုတဲ့ လူ စုစုပေါင်း ၉ ဦးကို ပြီးခဲ့တဲ့ ၂ နှစ်အတွင်း သေဒဏ် စီရင်ခဲ့တယ်ဆိုတာကို ကိုးကန့်ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။

ကိုးကန့်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာ သိမ်းယူခဲ့တဲ့ လောက်ကိုင်မြို့ကို ကိုးကန့် အထူးဒေသ ၁ ရဲ့ မြို့တော်အဖြစ် သတ်မှတ်ပြီး အုပ်ချုပ်ရေးလည်ပတ်နေပါတယ်။

မေလ ၉ တုန်းကလည်း ကိုးကန့်တပ် အုပ်ချုပ်မှုအောက်က သိန္နီမြို့မှာ မူးယစ်ဆေးဝါးနဲ့ ခိုးမှုကျူးလွန်သူဆိုသူ ၅ ဦးကို ကိုးကန့်အာဏာပိုင်တွေက မြို့ထဲလှည့်လည်ပြသတာတွေ လုပ်ခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ဇွန် ၁၄ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - လူသတ်မှုကျူးလွန်တယ်လို့ဆိုသူ ၄ ဦးကို လောက်ကိုင်မှာ ကိုးကန့် သေဒဏ်ပေး | YGN Daily