
ဒီယိုဂိုဂျိုတာနှင့် ဖခင်ဖြစ်သူ ကွယ်လွန်မှုကြောင့် စိတ်ကျဝေဒနာခံစားခဲ့ရဟု ကိုနာတေး ဖွင့်ဟ
AI Summary
လီဗာပူးလ်နောက်ခံလူ အီဘရာဟီမာ ကိုနတေးသည် ၎င်း၏အသင်းဖော် ဒီယိုဂိုဂျိုတာနှင့် ဖခင်ဖြစ်သူတို့ ကွယ်လွန်ပြီးနောက် ပြင်းထန်သော စိတ်ကျဝေဒနာကို ခံစားခဲ့ရကြောင်း ပထမဆုံးအကြိမ် ဖွင့်ဟပြောကြားခဲ့သည်။ ဂျိုတာသည် ပြီးခဲ့သည့် ဇူလိုင်လက ကားမတော်တဆမှုဖြင့် ကွယ်လွန်ခဲ့ပြီး ကိုနတေး၏ဖခင်မှာ ဇန်နဝါရီလတွင် ရောဂါဝေဒနာဖြင့် ဆုံးပါးခဲ့ခြင်းဖြစ်သည်။ အဆိုပါဝမ်းနည်းဖွယ်ရာများကြောင့် ကိုနတေး၏ ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းခဲ့ပြီး လီဗာပူးလ်အသင်းလည်း ရာသီကို အဆင့် ၅ ဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ လက်ရှိတွင် လီဗာပူးလ်မှ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန် နီးစပ်နေသည့် ကိုနတေးက ဘောလုံးသမားများပင် စိတ်ကျဝေဒနာ ခံစားရနိုင်ကြောင်းနှင့် စိတ်ဓာတ်ကျပါက ရင်ဖွင့်တိုင်ပင်ရန် အကြံပြုခဲ့သည်။ ၎င်းသည် လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်သစ်အသင်းလူစာရင်းတွင် ရွေးချယ်ခံထားရသည်။

လီဗာပူးလ်နောက်ခံလူ အီဘရာဟီမာ ကိုနတေးက သူ့ရဲ့အသင်းဖော် ဒီယိုဂိုဂျိုတာနဲ့ ဖခင်ဖြစ်သူတို့ ကွယ်လွန်ခဲ့ပြီးနောက် စိတ်ကျဝေဒနာကို ပြင်းထန်စွာ ခံစားခဲ့ရကြောင်း ပထမဆုံးအကြိမ် ဖွင့်ဟ လာပါတယ်။
ပေါ်တူဂီတိုက်စစ်မှူး ဂျိုတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လက မော်တော်ကား မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့တာဖြစ်ပြီး ကိုနာတေးရဲ့ ဖခင်ဖြစ်သူကတော့ ရောဂါဝေဒနာကို ကာလရှည်ခံစားရ ပြီးနောက် ဇန်နဝါရီလမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ် ပြင်သစ်နောက်ခံလူ ကိုနာတေးဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာ အဆိုပါပူဆွေးမှုတွေကြောင့် ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းခဲ့ရပြီး အသင်းအတွက် ၅၁ ပွဲအထိ ပါဝင်ကစားပေးခဲ့ပေမဲ့ အကောင်းဆုံးပုံစံမပြနိုင်ခဲ့ဘဲ လီဗာပူးဟာလည်း အဆင့် ၅ နေရာနဲ့သာ ရာသီပိတ်ခဲ့ရပါတယ်။
အခုနှစ်နွေရာသီမှာ လီဗာပူးကနေ ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ကိုနာတေးက ဘောလုံးသမားတွေဟာ ငွေအများကြီးရပေမဲ့ စိတ်ကျဝေဒနာ ခံစားရတတ်ကြောင်း၊ စိတ်ဓာတ်ကျလာပါက အခြေအနေတွေကို ရင်ဖွင့်တိုင်ပင်ကြဖို့ အကြံပြုထားပါတယ်။
လက်ရှိမှာတော့ သူဟာ လာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်သစ်အသင်းရဲ့ လူစာရင်းမှာ ရွေးချယ် ခံထားရပါတယ်။