သာပေါင်းတွင် စစ်မှုထမ်းနေရသူများအပါအဝင် ၂၀ ကျော် ထွက်ပြေး၊ ၉ ဦးပြန်မိ

သာပေါင်းတွင် စစ်မှုထမ်းနေရသူများအပါအဝင် ၂၀ ကျော် ထွက်ပြေး၊ ၉ ဦးပြန်မိ

DVB
SourceDVB

AI Summary

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် စစ်မြေပြင်မှ စစ်အာဏာရှင်တပ်သား ၂၀ ကျော်သည် ဇွန် ၄ ရက်နေ့က ထွက်ပြေးခဲ့ရာ ၎င်းတို့အနက် ၉ ဦးကို ဇွန် ၅ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ ထွက်ပြေးသူများတွင် အဓမ္မစစ်မှုထမ်းနေရသူများနှင့် စစ်မှုထမ်းတပ်သားသစ်များစွာ ပါဝင်သည်ဟု သာပေါင်းအခြေစိုက် ခလရ ၃၀၈ တပ်ရင်းနှင့် နီးစပ်သူများက ပြောသည်။ ၎င်းတို့သည် ဇွန် ၂ ရက်နေ့က မိုင်းဆွဲခံရပြီးနောက် စစ်အာဏာရှင်တပ်ဘက်မှ အကျအဆုံးများပြားနေသည်ကို တွေ့မြင်ရသဖြင့် ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ ထွက်ပြေးသွားသော တပ်သားများသည် သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ဆင်ရေးအတွက် စခန်းချနေသူများ ဖြစ်ကြသည်။ လက်ရှိတွင် ခလရ ၃၀၈ တပ်ရင်းမှ အရာရှိများသည် ကျန်ရှိနေသေးသော ထွက်ပြေးတပ်သားများကို ပိုက်စိပ်တိုက် လိုက်လံရှာဖွေနေပြီး စစ်ဆေးရေးဂိတ်များတွင်လည်း သတင်းပို့ထားသည်။ ပြန်လည်ဖမ်းဆီးရမိသူများမှာ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၈ နှင့် ၉ မှ တပ်သားများဖြစ်ကြောင်း သိရသည်။

ပုသိမ် စစ်ဆေးရေးဂိတ်တခု(Photos: Kyaw Lin)

ဧရာဝတီတိုင်း သာပေါင်းမြို့နယ် စစ်မြေပြင်ကနေ အဓမ္မစစ်မှုထမ်းနေရသူတွေအပါအဝင် စစ်အာဏာရှင် တပ်သား အယောက် ၂၀ ထက်မနည်း ထွက်ပြေးခဲ့ပြီး ၉ ယောက် ပြန်လည် ဖမ်းဆီးခံခဲ့ရတယ်လို့ သာပေါင်းအခြေစိုက် ခလရ ၃၀၈ တပ်ရင်းနဲ့ နီးစပ်သူတွေဆီက သိရ ပါတယ်။

တိုက်ပွဲတွေရှိနေတဲ့ သာပေါင်းမြို့နယ်ထဲကစစ်မြေပြင်မှာ တာဝန်ကျနေတဲ့ စစ်အာဏာရှင် တပ်သား အယောက် ၂၀ ထက်မနည်းဟာ ဇွန် ၄ ရက်က ထွက်ပြေးခဲ့တာဖြစ်ပြီး ဇွန် ၅ ရက် ညနေပိုင်းမှာ ၉ ယောက် ပြန်လည်ဖမ်းဆီးခံရတာလို့ သိရပါတယ်။

သာပေါင်းအခြေစိုက်ခလရ ၃၀၈ တပ်ရင်းနဲ့ နီးစပ်သူက “၄ ရက်နေ့ ည ၈ နာရီ ကျော်ကျော် လောက်ကနေ ထွက်ပြေးသွားတာလို့ သိရတယ်။ ၉ ယောက် ပြန်မိတယ်လို့ သိရတယ်။ ထွက်ပြေး တဲ့အထဲ စစ်မှုထမ်းတပ်သားသစ်တွေများတယ်” လို့ ပြောပါတယ်။

ထွက်ပြေးတဲ့ တပ်သားတွေဟာ သာပေါင်းမြို့နယ်ထဲက သရက်ကုန်း၊ ရွှေရင်မျှော်၊ ဘုရားကြီး၊ ညောင်မှော်၊ သောင်တန်း၊ မရမ်းချို စတဲ့ကျေးရွာတွေမှာ စစ်ဆင်ရေးအတွက်ရောက်ရှိ စခန်းချ နေတဲ့ တပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က “သာပေါင်းဘက်မှာ စစ်အာဏာရှင်တပ်က အကျအဆုံး များနေတယ်လို့ သိရပါတယ်။ ထွက်ပြေးတဲ့တပ်သားတွေက ဇွန်လ ၂ ရက်က မိုင်းဆွဲခံရပြီး အကျ အဆုံးတွေနဲ့ ပြုန်းတီးနေတာကို တွေ့ပြီးနောက် ပြေးကုန်တာ” လို့ ပြောပါတယ်။

ထွက်ပြေးသွားတဲ့ တပ်သားတွေကို ခလရ ၃၀၈ တပ်ရင်းကအရာရှိတွေက ပိုက်စိပ်တိုက် လိုက်လံ ရှာဖွေနေပြီး ပြန်မိတဲ့တပ်သားတွေဟာ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၈ နဲ့ ၉ က တပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပြေးသွားတဲ့ တပ်သားတွေကို အပူတပြင်း လိုက်လံရှာဖွေတဲ့အပြင် စစ်ဆေးရေး ဂိတ်တွေ မှာလည်း စစ်ဆေးရှာဖွေဖို့ သတင်းပို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
သာပေါင်းတွင် စစ်မှုထမ်းနေရသူများအပါအဝင် ၂၀ ကျော် ထွက်ပြေး၊ ၉ ဦးပြန်မိ | YGN Daily