
AI Summary
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုမြို့တွင် ဇွန် ၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့အကြိုဆုတောင်းပွဲကို ကျင်းပခဲ့သည်။ ဤပွဲကို ဘတ်ဖလိုမြို့ရှိ မြန်မာနွယ်ဖွားများက စုပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိကြောင်း စစ်အာဏာရှင်ကို သက်သေပြရန် Proof Of Life Campaign ကိုလည်း ပြုလုပ်ခဲ့သည်။ ထို့ပြင် မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုးကမ်ပိန်းတွင်လည်း လာရောက်သူများ ပါဝင်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်အာဏာရှင်က ဖမ်းဆီးခဲ့ပြီး၊ လက်ရှိအချိန်အထိ သူမကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။ အကျဉ်းသားအခွင့်အရေးဖြစ်သည့် မိသားစုနှင့် တွေ့ဆုံခွင့်မပေးသောကြောင့် သူမ၏သား ကိုထိန်လင်းက မိခင်အသက်ရှင်လျက်ရှိကြောင်း စစ်အာဏာရှင်အား သက်သေပြရန် ဆက်တိုက်တောင်းဆိုနေသည်။

ဇွန် ၁၉ ရက်ကျရောက်မဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ် ပြည့် မွေးနေ့အကြိုဆုတောင်းပွဲကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုမြို့မှာ ဒေသစံတော်ချိန် ဇွန် ၆ ရက်က ကျင်းပခဲ့ပါတယ်။
ဒီပွဲကို ဘတ်ဖလိုမြို့မှာ နေထိုင်ကြတဲ့ မြန်မာနွယ်ဖွား တိုင်းရင်းသားတွေ စုပေါင်း ကျင်းပခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့ စစ်အာဏာရှင်ကို တိုက်တွန်းတဲ့ Proof Of Life Campaign ကိုလည်း ပြုလုပ်ခဲ့ပါတယ်။
မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး လက်မှတ်ရေးထိုးကမ်ပိန်းမှာလည်း လာရောက်သူတွေက လက်မှတ်ရေးထိုး ပါဝင်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်အာဏာရှင်က မတရား ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကို လက်ရှိအချိန်အထိ အတည်ပြုထုတ်ပြန်တာ မရှိသေးပါဘူး။
အကျဉ်းသားအခွင့်အရေးဖြစ်တဲ့ မိသားစုနဲ့လည်း တွေ့ဆုံခွင့် မပေးတဲ့အတွက် သားဖြစ်သူ ကိုထိန်လင်းက သူမိခင်ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှားရှိကြောင်း စစ်အာဏာရှင်အနေနဲ့ သက်သေပြဖို့ တိုက်တွန်းတာတွေ ဆက်တိုက် ပြုလုပ်နေတာ ဖြစ်ပါတယ်။