စိုင်ပြင်တွင် စစ်တပ်နှင့်ပူးပေါင်းသူများအား အရေးယူမည်ဟု သတိပေး
general||1 MIN READ

စိုင်ပြင်တွင် စစ်တပ်နှင့်ပူးပေါင်းသူများအား အရေးယူမည်ဟု သတိပေး

Narinjara
SourceNarinjara

AI Summary

ရွှေဘိုခရိုင်စစ်ဌာန (အမှတ် ၁) က ဒီပဲယင်း၊ စိုင်ပြင်မြို့ရှိ စစ်ကောင်စီနှင့် ပူးပေါင်းသူများကို အရေးယူမည်ဟု သတိပေးသည်။ Operation OTT မှ ရသည့် သုံ့ပန်း၊ စာရွက်စာတမ်းများ စစ်ဆေးရာတွင် ၎င်းတို့အား တွေ့ရှိရပြီး စစ်တပ်ကို သတင်းပေး ကူညီနေသည်။ အမှားပြင်၊ တော်လှန်ရေးပြန်ပူးပေါင်းရန် လိုအပ်ပြီး စစ်တပ်ကူညီခြင်းသည် ခွင့်လွှတ်မည်မဟုတ်ဟု ဆိုသည်။

ဆောင်းဦးမာန်၊ နိရဉ္စရာ ၊ မေ ၂၄ / ၂၀၂၆ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့အတွင်းရှိ အကြမ်းဖက်စစ်ကော်မရှင်နှင့် ပူးပေါင်း၍ သတင်းပေးလုပ်ဆောင်နေသူများကို အရေးယူသွားမည်ဟု အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက မေလ ၂၄ ရက်တွင် သတိပေးထုတ်ပြန်လိုက်သည်။ Operation OTT ဖော်ဆောင်မှုမှရရှိသည့် သုံ့ပန်းနှင့် စာရွက်စာတမ်းများကို စစ်ဆေးရာတွင် ယင်းသို့ပူးပေါင်းသူများကို တွေ့ရှိရခြင်းဖြစ်သည်။ စိုင်ပြင်မြို့ခံအချို့နှင့် ဒေသတွင်း တော်လှန်ရေးအဖွဲ့ဝင်အချို့သည် အကြမ်းဖက်မြန်မာစစ်တပ်၏ လုပ်ငန်းစဉ်များ လည်ပတ်နိုင်ရန် သတင်းပေး၊ သတင်းယူ ကူညီပေးနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Narinjara News Image

စိုင်ပြင်နယ်မြေရဲစခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံတပ်များက မေလ ၁၆ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

AI Curated
စိုင်ပြင်တွင် စစ်တပ်နှင့်ပူးပေါင်းသူများအား အရေးယူမည်ဟု သတိပေး | YGN Daily