ကျောက်ဖြူစနဲမြို့အနီး တိုက်ပွဲတွင်အာဏာသိမ်းစစ်တပ်မှ(၄၀) ခန့်သေဆုံးကာ             အများအပြားဒဏ်ရာရရှိ
myanmar||3 MIN READ

ကျောက်ဖြူစနဲမြို့အနီး တိုက်ပွဲတွင်အာဏာသိမ်းစစ်တပ်မှ(၄၀) ခန့်သေဆုံးကာ အများအပြားဒဏ်ရာရရှိ

Narinjara
SourceNarinjara
Back to News

AI Summary

ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးတွင် ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ အာရက္ခတပ်တော် (AA) နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အာဏာသိမ်းစစ်တပ်သည် စနဲမြို့ကို သိမ်းပိုက်ရန်နှင့် နယ်မြေချဲ့ထွင်ရန် ရည်ရွယ်၍ တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းများမှ အင်အား ၄၀၀ ကျော်ဖြင့် ကြည်း၊ ရေ၊ လေ ပစ်ကူများဖြင့် ထိုးစစ်ဆင်ခဲ့သည်။ ထိုတိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ စစ်သား ၄၀ ခန့် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း AA စစ်ရေးရင်းမြစ်က အတည်ပြုပြောကြားခဲ့သည်။ အာရက္ခတပ်တော်အနေဖြင့် ရန်သူ့အလောင်း ၂၀ ကျော်နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။ လက်ရှိတွင် AA က ခုခံစစ်နှင့် တန်ပြန်ထိုးစစ်များဖြင့် နည်းဗျူဟာမြောက်စွာ တိုက်ထုတ်ချေမှုန်းလျက်ရှိပြီး စစ်ကောင်စီတပ်၏ စစ်ကြောင်းမှာ စစ်ဦးကျိုးကာ တပ်လန်လျက်ရှိနေသည်။

(ရန်သူ့အလောင်း (၂၀) ကျော်နှင့် လက်နက်ခဲယမ်းအချို့ကိုAA သိမ်းဆည်းရမိ)

နိရဉ္စရာ၊ ဇွန် ၂/ ၂၀၂၆

ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းအာဏာသိမ်းစစ်တပ်မှ(၄၀) ခန့်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီးထိုအထဲက ရန်သူ့အလောင်း (၂၀) ကျော်နှင့် လက်နက်ခဲယမ်းအချို့ကိုအာရက္ခတပ်တော် (AA)သိမ်းဆည်းရမိခဲ့သည်ဟု အာရက္ခတပ်တော် (AA)၏ စစ်ရေးရင်းမြစ်တစ်ခု နိရဉ္စရာကို အတည်ပြုပြောဆိုသည်။

ကျောက်ဖြူ၊ စနဲမြို့ကိုသိမ်းရန်နှင့် တခြား နယ်ရာများချဲ့ထွင်ရန် အတွက် လေကြောင်း၊ ဒရုန်း နှင့် နေဗီတို့မှ ပစ်ကူပေးပြီး မြေပြင်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက် စစ်ကော်မရှင်တပ်၏ တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းများနှင့် အာရက္ခတပ်တော်တို့ ၂၀၂၆ ခုနှစ်၊ မေလ (၂၈/၂၉/၃၀) ရက်နေ့များတွင် စနဲမြို့အနီးတဝိုက်၌ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

“  ဒီတိုက်ပွဲအတွင်း ရန်သူ့ဘက်မှ (၄၀) ခန့်သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှ ရန်သူ့အလောင်း (၂၀) ကျော်နှင့် လက်နက်ခဲယမ်းအချို့ ကို အာရက္ခတပ်တော်က သိမ်းဆည်းရမိခဲ့ပါတယ်” ဟု ၎င်းစစ်ရေးရင်းမြစ်က ပြောသည်။

Narinjara News Image

စနဲမြို့ကို သိမ်းပိုက်ရန်အတွက် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် တပ်မ (၁၁) လက်အောက်ခံ ခမရ (၂၁၂)၊ ခမရ (၂၁၃)၊ ခမရ ( ၂၁၉) တပ်ရင်းများကိုစုဖွဲ့ပြီး စုစုပေါင်း အင်အား (၄၀၀) ကျော်ဖြင့် နည်းဗျုဟာ တစ်ခုဖွဲ့ကာ ကြည်း၊ ရေ၊ လေ ပစ်ကူအများအပြားသုံးပြီး တောင်မော်ဦး ရေတပ်စခန်းဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိအချိန်အထိ အာရက္ခတပ်တော်ဘက်မှ ခုခံစစ်၊ တန်ပြန်ထိုးစစ်များဖြင့် နည်းဗျူဟာမြောက်စွာ အကောင်းဆုံး တိုက်ထုတ်ချေမှုန်းလျက်ရှိပြီး အကြမ်းဖက် စစ်ကော်မရှင်တပ်၏ စစ်ကြောင်း စစ်ဦးကျိုးကာ တပ်လန်လျက်ရှိနေသည်ဟု၎င်းက ထပ်လောင်းပြောဆိုသည်။

ဆက်စပ်သတင်းများ

AI Curated
ကျောက်ဖြူစနဲမြို့အနီး တိုက်ပွဲတွင်အာဏာသိမ်းစစ်တပ်မှ(၄၀) ခန့်သေဆုံးကာ အများအပြားဒဏ်ရာရရှိ | YGN Daily