
AI Summary
မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar ရဲ့ ဦးဆောင်သူ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို တရုတ်နိုင်ငံက ဖမ်းဆီးထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၂ ရက်တွင် အတည်ပြုခဲ့သည်။ ၎င်းကို သူလျှိုလုပ်မှုနှင့် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို အန္တရာယ်ပြုမှု သံသယဖြင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။ ဦးမင်းဇင်သည် ဇွန် ၃ ရက်ကတည်းက ယူနန်ပြည်နယ် ကူမင်းမြို့တွင် ပျောက်ဆုံးနေခဲ့ပြီး ဇွန်လ အစောပိုင်းကတည်းက တရုတ်နိုင်ငံက ဖမ်းဆီးထားသည်ဟု သိရသည်။ ဤဖမ်းဆီးမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးကို အကြောင်းကြားထားပြီး အမေရိကန်သံတမန်များလည်း သိရှိထားသည်။ ISP Myanmar ကို ဆက်သွယ်မေးမြန်းထားသော်လည်း လက်ရှိအထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ထင်ရှားသော ပြောကြားချက်များ
"သူလျှိုလုပ်မှု၊ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ပြုမှု သံသယနဲ့ ဖမ်းဆီးထားကြောင်း"
"ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးကို အကြောင်းကြားထားတယ်"

မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar ရဲ့ ဦးဆောင်သူ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို သူလျှိုလုပ်မှု၊ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ပြုမှု သံသယနဲ့ ဖမ်းဆီးထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၂ ရက် သောကြာနေ့မှာ အတည်ပြုလိုက်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးကို အကြောင်းကြားထားတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ပြောပါတယ်။
ဦးမင်းဇင်ကို တရုတ်နိုင်ငံက ဇွန်လ အစောပိုင်းကတည်းက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဒီဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး ISP Myanmar ကို DVB က ဆက်သွယ်မေးမြန်းထားပေမဲ့ လက်ရှိအထိတော့ ပြန်ပြီးဖြေကြားတာ မရှိသေးပါဘူး။
ဦးမင်းဇင်ဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းမှာ ဇွန် ၃ ရက်ကတည်းက ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ဒီဖမ်းဆီးမှုကို အမေရိကန် သံတမန်တွေလည်း သိရှိထားတယ်လို့ New York Times က ဖော်ပြပါတယ်။