စစ်အင်အားအများအပြားဖြည့်တင်းပြီးနောက် ရခိုင်ရိုးမဘက်သို့ စစ်ကြောင်းထိုးရန်အတွက် မင်းတုန်းမြို့ပေါ်ရှိ             အကြမ်းသုံးယာဉ်များအားချောဆွဲရန်ပြင်ဆင်နေ
general||3 MIN READ

စစ်အင်အားအများအပြားဖြည့်တင်းပြီးနောက် ရခိုင်ရိုးမဘက်သို့ စစ်ကြောင်းထိုးရန်အတွက် မင်းတုန်းမြို့ပေါ်ရှိ အကြမ်းသုံးယာဉ်များအားချောဆွဲရန်ပြင်ဆင်နေ

Narinjara
SourceNarinjara

AI Summary

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ် အင်အား ၁၀၀၀ ခန့် ရောက်ရှိနေပြီး ရခိုင်ရိုးမဘက်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည်။ စစ်တပ်သည် မင်းတုန်းမြို့ပေါ်ရှိ အကြမ်းသုံးယာဉ်များကို ချောဆွဲရန် ပြင်ဆင်နေပြီး ယာဉ်ပိုင်ရှင်များကို ရဲစခန်းသို့ ဆက်သွယ်ရန် ကြေညာထားသည်။ လက်နက်ခဲယမ်းများ ဖြည့်တင်းကာ စစ်မှုထမ်းသစ်များလည်း အများအပြားရောက်ရှိနေပြီး မြို့အနောက်ဘက် ရခိုင်ရိုးမတောင်ခြေရှိ ပြောင်းရွာဘက်သို့ အင်အား ၅၀၀ ခန့် ပြောင်းရွှေ့ချထားသည်။ ယင်းဒေသတွင် AA နှင့် ပူးပေါင်းတပ်များရှိနေ၍ မကြာမီ တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း ဒေသခံများက ခန့်မှန်းနေကြသည်။ ထို့အပြင် ပြောင်းရွာ၊ သဖန်ရောင်ရွာနှင့် ထန်းပင်ကုန်းရွာတို့မှ စစ်မှုထမ်းတချို့ ထွက်ပြေးနေသဖြင့် စစ်တပ်က လိုက်လံရှာဖွေနေသည်။ ဧပြီလလယ်မှစ၍ စစ်တပ်က အင်အားတိုးချဲ့ကာ စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေပြီး မကွေး၊ အောင်လံ၊ ပြည်မြို့တို့မှလည်း အင်အားဖြည့်တင်းနေသည်။

နိရဉ္စရာ မေ၂၈  /၂၀၂၆

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ် အင်အား ၁၀၀၀ ခန့်ရောက်ရှိနေပြီး မင်းတုန်းမြို့ပေါ်ရှိ အကြမ်းသုံးယာဉ်များအားချောဆွဲရန်ပြင်ဆင်နေကြောင်း  မင်းတုန်းမြို့ဒေသခံများထံမှသိရသည်။

“  ရခိုင်ရိုးမဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်။မင်းတုန်းမြို့ပေါ်ရှိ အကြမ်းသုံးယာဉ်တွေကိုလည်း ချောဆွဲဖို့ပြင်ဆင်နေတယ်။မြို့ပေါ်ရှိ အကြမ်းသုံးယာဉ် ပိုင်ရှင်တချို့ကိုမင်းတုန်းမြို့ အမှတ် ၂ရဲစခန်းသို့ လာရောက်ဆက်သွယ်ဖို့လိုက်လံကြေညာထားပါတယ်” လို့ဒေသခံတစ်ဦးကပြောသည်။

အာဏာသိမ်းစစ်တပ် စစ်ကြောင်းသည်လက်နက်ခဲယမ်းများကို မင်းတုန်းမြို့ အားကစားရုံနှင့် သာသနာ့ဗိမ္မာန်တွင်ဖြည့်တင်းကာ စစ်မှုထမ်းသစ်များကိုလည်း အများအပြားတွေ့ရကြောင်းဆိုသည်။

မင်းတုန်းဒေသခံအမျိုးသမီးက “ မြို့အနောက်ဘက် ရခိုင်ရိုးမ တောင်ခြေကပြောင်းရွာဘက်ကို အင်အားတွေဖြည့်နေတယ်။ရိက္ခာရော၊လက်နက်ရော၊ပြောင်းရွာနဲ့ ၇မိုင်လောက်ရိုးမတောင်ခြေမှာအေအေနဲ့ပူး ပေါင်းတပ်တွေရှိတယ်။မကြာခင်မင်းတုန်းတိုက်ပွဲရှိလာနိုင်တယ်။မြို့ပေါ်က တုတ်တုတ်တွေထွန်စက်တွေကိုအုပ်သဲကျောက်ကားတွေကို ချောဆွဲဖို့ လုပ်နေတယ်” ဟုပြောသည်။

အခုရက်ပိုင်းတွင် မင်းတုန်းမြို့အနောက်ဘက်ရှိ ရခိုင်ရိုးမအခြေ၌ရှိသောပြောင်းရွာဘက်သို့ အာဏာသိမ်းစစ်တပ် အင်အား ၅၀၀ခန့်ပြောင်းရွှေ့နေကြောင်းသိရသည်။

ထို့ပြင် မင်းတုန်းမြို့ကိုလည်း တွဲကားများ စစ်ကားများဖြင့်စားနပ်ရိက္ခာများ ၊ လက်နက်ခဲယမ်းများ ထပ်မံ ပို့ဆောင်နေပြီးစစ်ကြောင်းများဖြန့်ခွဲထားကာဒရုန်းအကြီးများ ၊ ၁၂၀ မမ လက်နက် ခဲယမ်း အများအပြားရောက်ရှိနေကြောင်းသိရသည်။

မင်းတုန်းမြို့နယ် အနောက်ဘက် ရခိုင်ရိုးမ အခြေရှိ ပြောင်းရွာတွင် ယခင်ကအထိုင်ချနေသည့် စစ်မှုထမ်းတပ်သား တချို့လည်းထွက်ပြေးနေပြီး အာဏာသိမ်းစစ်တပ်က လိုက်လံ ရှာဖွေနေကြောင်း လည်းသိရသည်။

ထို့အပြင် ရခိုင်ရိုးမခြေရှိ သဖန်ရောင်ရွာနှင့် ထန်းပင်ကုန်းရွာ၌တပ်စွဲထားသော စစ်သားများထံသို့လည်း စစ်မှုထမ်းတပ်သားသစ်၂၀၀ခန့်ပို့ဆောင်ထားပြီး ထွက်ပြေးမှုတချို့ရှိနေကြောင်းသိရသည်။

ဧပြီလလယ်ပိုင်းအတွင်းမှစတင်၍ မင်းတုန်းမြို့နယ်၊ ရခိုင်ရိုးမတောင်ခြေရှိကျေးရွာများသို့ စစ်တပ်က အင်အား ၁၀၀ ခန့်ဖြင့်စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် မင်းတုန်းမြို့အနီးတဝိုက်နှင့်သရက်-မင်းတုန်းလမ်းပိုင်းတို့တွင်အင်အားများလက်ရှိတိုးချဲ့နေကြောင်းသိရသည်။

ထို့အပြင် မကွေးမြို့၊ အောင်လံမြို့နှင့် ပြည်မြို့တို့မှလည်းအာဏာသိမ်းစစ်တပ် အင်အားများဖြည့်တင်းနေကြောင်းသိရသည်။

ဆက်စပ်သတင်းများ

AI Curated
စစ်အင်အားအများအပြားဖြည့်တင်းပြီးနောက် ရခိုင်ရိုးမဘက်သို့ စစ်ကြောင်းထိုးရန်အတွက် မင်းတုန်းမြို့ပေါ်ရှိ အကြမ်းသုံးယာဉ်များအားချောဆွဲရန်ပြင်ဆင်နေ | YGN Daily