အင်္ဂပူတွင် စစ်အာဏာရှင်တပ်က စစ်ရှောင် ၆ ဦးကို PDF ဟု စွပ်စွဲဖမ်းဆီး

အင်္ဂပူတွင် စစ်အာဏာရှင်တပ်က စစ်ရှောင် ၆ ဦးကို PDF ဟု စွပ်စွဲဖမ်းဆီး

DVB
SourceDVB

AI Summary

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ စာစီကုန်းကျေးရွာတွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံအရပ်သား ၆ ဦးကို PDF အဖွဲ့ဝင်များဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အဆိုပါဒေသတွင် ယခင်က တိုက်ပွဲများဖြစ်ပွားခဲ့ဖူးသော်လည်း လက်ရှိတွင် တိုက်ပွဲများငြိမ်သက်နေသော်လည်း စစ်တပ်က စစ်ကြောင်းထိုးကာ အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးနေခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများသည် စစ်ဘေးရှောင်နေရသည့် အရပ်သားများသာဖြစ်ပြီး ၎င်းတို့အား ကြိုးတုပ်ကာ ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ စစ်တပ်၏ အဆိုပါလုပ်ရပ်ကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြပြီး စစ်ကြောင်းနှင့်တွေ့ဆုံပါက မည်သူမဆို PDF ဟု စွပ်စွဲဖမ်းဆီးခံရနိုင်သည့် အခြေအနေရှိနေသည်။ လက်ရှိတွင် ဖမ်းဆီးခံရသူများ၏ အခြေအနေနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ မသိရှိရသေးပေ။

အင်္ဂပူတွင် စစ်မှုထမ်းလူငယ်များကို လေ့ကျင့်ပေးနေသည့် စစ်တပ်။(Photo: Kyaw Htet)

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်အာဏာရှင်တပ်က ဒေသခံ စစ်ရှောင် ၆ ယောက်ကို PDF ဆိုပြီး စွပ်စွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်္ဂပူမြို့နယ်၊ စာစီကုန်းကျေးရွာထဲကို ဇွန် ၃ ရက် ညနေက အင်အား ၃၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အာဏာရှင်တပ်က လမ်းမှာ အရပ်သား ၆  ယောက်ကို PDF ဆိုပြီး စွပ်စွဲဖမ်းဆီးခေါ်သွားတာလို့ ဆိုပါတယ်။

ဒေသခံ အရပ်သားတေယောက်က “စာစီကုန်းရွာထိပ်နားမှာ အဖမ်းခံရတာ။ PDF ဆိုပြီး ဖမ်းသွားတာ။ ကြိုးတွေနဲ့တုပ်ပြီးဖမ်းသွားတာ။ အမှန်တော့ စစ်ရှောင်တွေပါ။ ယောကျ်ားလေးတွေချည်းပဲ” လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်က ဖမ်းသွားတဲ့ အရပ်သား ၆ ယောက်ဟာ စစ်ကုန်းနဲ့စာစီကုန်းကျေးရွာက ကိုကျော်ဆွေ၊ ကိုသီဟ၊ ကိုမင်းမင်းထွန်းဆိုတဲ့ လူငယ် ၃ ယောက်အပါအဝင် အားလုံး ၆ ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

အင်္ဂပူမြို့နယ် စစ်ကောင်စီတပ် နဲ့ နီးစပ်သူတယောက်က “ဒီရက်ထဲ (အင်္ဂပူ) ကွင်းကောက်တပ်က တပ်သားတွေ ခပ်စိပ်စိပ် စစ်ကြောင်းထိုးနေတယ်။ မကြာခဏ စစ်ကြောင်းထိုးနေတာ။ သူတို့ (စစ်အာဏာရှင်) တပ်နဲ့တိုးရင် အခုလို PDF လို့ ခေါင်းစဉ်တပ်ဖမ်းမှာပဲ” လို့ ပြောပါတယ်။

အင်္ဂပူမြို့နယ်ထဲက စာစီကုန်းကျေးရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာတွေမှာ ဧပြီနဲ့မေ ပထမ အပတ်က စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ် PDF တွေ အပြင်းအထန်တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ တော်လှန်ရေးတပ်တွေ မတွေ့ရတော့သလို တိုက်ပွဲကလည်း ငြိမ်သက်နေပေမဲ့ စစ်အာဏာရှင်တပ်က အခုလို စစ်ကြောင်းထိုးကာ အရပ်သားတွေအား ဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာရှင်တပ်သားတွေက မေ ၁၅ ရက် ညနေလည်း စာစီကုန်းကျေးရွာက အရပ်သားစစ်ရှောင် အမျိုးသားတယောက် နဲ့ အမျိုးသမီးတယောက်ကို ဖမ်းဆီးခဲ့သေးတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

AI Curated
အင်္ဂပူတွင် စစ်အာဏာရှင်တပ်က စစ်ရှောင် ၆ ဦးကို PDF ဟု စွပ်စွဲဖမ်းဆီး | YGN Daily