အင်္ဂလန်တောင်ပံကစားသမား ဆာကာ ဂါနာနှင့်ပွဲတွင်  ပွဲထွက်ခွင့်ရရန် မသေချာ
sports||2 MIN READ

အင်္ဂလန်တောင်ပံကစားသမား ဆာကာ ဂါနာနှင့်ပွဲတွင်  ပွဲထွက်ခွင့်ရရန် မသေချာ

DVB
SourceDVB
Back to News

AI Summary

အင်္ဂလန်အသင်း၏ တောင်ပံကစားသမား ဘူကာယိုဆာကာသည် တံကောကြောအရွတ်ဒဏ်ရာ ရရှိနေခြင်းကြောင့် ဂါနာနှင့်ယှဉ်ပြိုင်မည့်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ရန် မသေချာတော့ပေ။ နည်းပြ သောမတ်စ်တူချယ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ နောက်ပိုင်းအဆင့်များအတွက် ဆာကာ၏ ကြံ့ခိုင်မှုကို ထိန်းသိမ်းရန် ရည်ရွယ်၍ ယခုကဲ့သို့ စီမံခန့်ခွဲခြင်းဖြစ်သည်။ အဆိုပါဆုံးဖြတ်ချက်ကြောင့် ဆာကာသည် အသင်းအတွက် အရေးပါသောပွဲစဉ်များတွင် ပါဝင်နိုင်မှု အခွင့်အရေး လျော့နည်းသွားနိုင်သော်လည်း ကစားသမားကိုယ်တိုင်ကမူ ကစားရန် အသင့်ရှိနေသည်။ လက်ရှိအခြေအနေတွင် နည်းပြတူချယ်က ဆာကာကို အုပ်စုနောက်ဆုံးပွဲဖြစ်သည့် ပနားမားနှင့်ပွဲစဉ်မှသာ ပွဲထွက်ကစားစေရန် စီစဉ်ထားသည်။

ထင်ရှားသော ပြောကြားချက်များ

"ကစားသမားကိုယ်တိုင်ကတော့ ကစားဖို့ အသင့်ရှိပြီး အသင်းအတွက် သူ့ရဲ့ ကြံ့ခိုင်မှုကို စွန့်စားဖို့ အသင့်ရှိကြောင်း ပြောဆိုပါတယ်။"

"နည်းပြတူချယ်ကတော့ အာဆင်နယ်တိုက်စစ်မှူး ဆာကာဟာ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ပနားမားနဲ့ပွဲကျမှသာ ပွဲထွက်ကစားနိုင်မှာပါလို့ ဆိုပါတယ်။"

Photo:Reuters

အင်္ဂလန်အသင်းရဲ့ တောင်ပံကစားသမား ဘူကာယို ဆာကာဟာ ဂါနာနဲ့ပွဲမှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင်ဖို့ မသေချာဘူးလို့ နည်းပြ သောမတ်စ် တူချယ်က အရိပ်အမြွက် ပြောကြား လိုက်ပါတယ်။

ဆာကာမှာ တံကောကြော အရွတ်ဒဏ်ရာ ပြဿနာ ရှိနေတာကြောင့် နည်းပြက သူ့ရဲ့ ကြံ့ခိုင်မှုကို စီမံခန့်ခွဲဖို့ စီစဉ်နေတာပါ။

ဒီဆုံးဖြတ်ချက်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ပိုင်းအဆင့်တွေအတွက် ဆာကာကို အကောင်းဆုံး အခြေအနေမှာ ထားရှိဖို့ ဖြစ်ပါတယ်။

ဆာကာဟာ ခရိုအေးရှားကို (၄-၂) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၇၂ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး မားကပ်စ် ရက်ရှ်ဖို့ဒ်အတွက် အင်္ဂလန်ရဲ့ စတုတ္ထမြောက်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။

ကစားသမားကိုယ်တိုင်ကတော့ ကစားဖို့ အသင့်ရှိပြီး အသင်းအတွက် သူ့ရဲ့ ကြံ့ခိုင်မှုကို စွန့်စားဖို့ အသင့်ရှိကြောင်း ပြောဆိုပါတယ်။

ဒါပေမဲ့ နည်းပြတူချယ်ကတော့ အာဆင်နယ်တိုက်စစ်မှူး ဆာကာဟာ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ပနားမားနဲ့ပွဲကျမှသာ ပွဲထွက်ကစားနိုင်မှာပါလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

AI Curated