ဘောလုံးကွင်းအခြေအနေ ဆိုးသော်လည်း လူထုတ်ပုံ ပြောင်းမည်မဟုတ်ဟု နည်းပြတူချယ် ပြော

ဘောလုံးကွင်းအခြေအနေ ဆိုးသော်လည်း လူထုတ်ပုံ ပြောင်းမည်မဟုတ်ဟု နည်းပြတူချယ် ပြော

DVB
SourceDVB

AI Summary

အင်္ဂလန်ဘောလုံးအသင်းသည် နယူးဇီလန်နှင့် ခြေစမ်းပွဲကစားရန် ပြင်ဆင်နေစဉ် ကွင်းမြက်ခင်းအသစ်ခင်းထားမှုကြောင့် ကစားသမားများအတွက် စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်ခဲ့သည်။ သို့သော် နည်းပြ သောမတ်စ်တူချယ်ကမူ ကွင်းအခြေအနေသည် ၎င်း၏ကစားသမားရွေးချယ်မှုကို သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲ နီးကပ်လာချိန်တွင် အသင်း၌ ဒဏ်ရာပြဿနာမရှိဘဲ၊ တူချယ်သည် ကွင်းကို စစ်ဆေးပြီးမှ ဆုံးဖြတ်မည်ဟု ဆိုသည်။ ဤခြေစမ်းပွဲတွင် ကစားသမားအားလုံးကို ၄၅ မိနစ်စီ ခွဲ၍ ပွဲထုတ်ရန် စီစဉ်ထားသည်။ အာဆင်နယ်မှ ဆာကာနှင့် ရိုက်စ်တို့မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကြောင့် လေ့ကျင့်ရေးတွင် မပါဝင်နိုင်သေးဘဲ၊ အင်္ဂလန်အသင်းသည် ဖလော်ရီဒါတွင် စခန်းသွင်းလေ့ကျင့်နေပြီး လာမည့်စနေနေ့တွင် နယူးဇီလန်နှင့် ပထမဆုံးခြေစမ်းပွဲ ကစားမည်ဖြစ်သည်။

Photo: Reuters

နယူးဇီလန်နဲ့ ခြေစမ်းပွဲကစားမဲ့ ဘောလုံးကွင်းမြက်ခင်းကိစ္စဟာ သူ့ရဲ့ကစားသမားရွေးချယ်မှုအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ အင်္ဂလန်နည်းပြ သောမတ်စ်တူချယ်ကတော့ ပြောလိုက်ပါတယ်။

ခြေစမ်းပွဲကစားမဲ့ကွင်းဟာ တပတ်အလိုကမှ မြက်ခင်းအသစ်ခင်းထားတာဖြစ်လို့ ဘောလုံးသမားတွေအတွက် အနည်းငယ် စိတ်ပူစရာ ဖြစ်နေတာပါ။

အင်္ဂလန်အသင်းမှာတော့ ဒဏ်ရာပြဿနာမရှိဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကလည်း နီးကပ်နေပြီ ဖြစ်ပါတယ်။

တူချယ်ကတော့ ကွင်းအခြေအနေကို သွားရောက်စစ်ဆေးပြီးမှ ဆုံးဖြတ်မှာဖြစ်ပြီး လက်ရှိမှာတော့ အစီအစဉ်အတိုင်းပဲ သွားမယ်လို့ ဆိုပါတယ်။

အင်္ဂလန်အသင်းဟာ ဒီခြေစမ်းပွဲမှာ ကစားသမားအားလုံးကို ၄၅ မိနစ် စီ ခွဲပြီး ပွဲထုတ်သွားဖို့ စီစဉ်ထားပါတယ်။

အာဆင်နယ်ကစားသမားတွေဖြစ်တဲ့ ဆာကာ၊ ရိုက်စ်တို့ ကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားထားရလို့ အခုလေ့ကျင့်ရေးမှာ မပါဝင်နိုင်သေးပါဘူး။

အင်္ဂလန်အသင်းဟာ ဖလော်ရီဒါမှာ စခန်းသွင်းလေ့ကျင့်နေပြီး လာမဲ့ စနေနေ့မှာ နယူးဇီလန်နဲ့ ပထမဆုံး ခြေစမ်းပွဲ ကစားမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ဘောလုံးကွင်းအခြေအနေ ဆိုးသော်လည်း လူထုတ်ပုံ ပြောင်းမည်မဟုတ်ဟု နည်းပြတူချယ် ပြော | YGN Daily