
AI Summary
ရခိုင်ပြည်နယ် မအီ-တလိုင်းတောင်နှင့် မကွေးတိုင်း မင်းတုန်းလမ်းပိုင်းသို့ အင်အား ၄၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာသော အာဏာသိမ်းစစ်တပ်၏ ယာယီခြေကုတ်စခန်းများကို အာရက္ခတပ်တော်က ဇွန်လ ၇ ရက်မှ ၉ ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်တပ်သည် ဒေသတွင်းကျေးရွာများသို့ ဝင်ရောက်စခန်းချကာ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ဗိုလ်မှူးအဆင့်ရှိသူများအပါအဝင် အထိအခိုက်အကျအဆုံးများပြားခဲ့သည်။ ထိုသို့ ထိုးစစ်ဆင်မှုကြောင့် ဒေသခံကျေးရွာများတွင် စစ်ရေးတင်းမာမှုများဖြစ်ပေါ်ပြီး ပြည်သူများ ထိခိုက်နစ်နာမှုများရှိခဲ့သည်။ လက်ရှိတွင် စစ်တပ်၏ စစ်ကြောင်းအချို့ အခြေအနေမလှဖြစ်နေပြီး တပ်ဖွဲ့ဝင်အချို့မှာလည်း လက်နက်ချအလင်းဝင်ရောက်မှုများ ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။
ထင်ရှားသော ပြောကြားချက်များ
"ကားလမ်းဘေးနဲ့ နီးစပ်ရာနေရာတွေမှာ စစ်ကြောင်းထိုးလာပြီး ယာယီခြေကုတ်ယူထားတဲ့စခန်းတွေပါ။ အဲဒီစခန်းကုန်းတွေကို AA က ၃ ရက်အတွင်း အကုန်သိမ်းပိုက်လိုက်ပါပြီ။"
"စစ်တပ်ဘက်က အကျအဆုံးများနေတယ်။ သူတို့ အခြေမလှဖြစ်နေတယ်ဆိုတာ ဒီတနယ်လုံး သိနေတဲ့ ကိစ္စပါ။ ကျေးရွာတွေကို မီးရှို့တယ်။ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အဲဒီစစ်ကြောင်းတွေ အခု AA လက်ချက်နဲ့ အကုန်သေတော့ ကျနော်တို့ ဝမ်းသာတယ်။"
နိရဉ္စရာ ဇွန် ၁၂/၂၀၂၆
ရခိုင်ပြည်၊ မအီ-တလိုင်းတောင်နှင့်မကွေးတိုင်း မင်းတုန်းကျော်လမ်းကို ထပ်မံထိုးစစ်ဆင်လာသော အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ယာယီခြေကုတ်စခန်းများကို အာရက္ခတပ်တော် (AA)မှ ထပ်မံ သိမ်းပိုက်လိုက်သည်ဟု တော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်တစ်ခုက နိရဉ္စရာကို အတည်ပြု ပြောဆိုသည်။
အာဏာသိမ်းစစ်တပ်သည် အင်အား ၄၀၀ ကျော်ဖြင့် ရိုးတောင်ခြေရင်းသို့ထပ်မံ ထိုးစစ်ဆင်ဝင်ရောက်လာပြီး ယာယီခြေကုတ်စခန်းများအဖြစ်တည်ဆောက်ထားသည့် စခန်းကုန်းများကို အာရက္ခတပ်တော်(AA) ကဇွန် ၇ရက်ကနေ ၉ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းစစ်ရေးရင်းမြစ်က ပြောသည်။
" ကားလမ်းဘေးနဲ့ နီးစပ်ရာနေရာတွေမှာ စစ်ကြောင်းထိုးလာပြီး ယာယီခြေကုတ်ယူထားတဲ့စခန်းတွေပါ။ အဲဒီစခန်းကုန်းတွေကို AA က၃ ရက်အတွင်း အကုန်သိမ်းပိုက်လိုက်ပါပြီ"ဟု၎င်းက ပြောသည်။
ယခုရက်ပိုင်း မင်းတုန်းမြို့နယ် ရိုးတောင်ခြေရင်းရွာတွေဖြစ်သောသဖန်ရောင်၊ဝက်ကော်၊ပြောင် ရွာမှတဆင့် ပတ်ဝန်းကျင်တောင်ကုန်းများတွင်ယာယီစခန်းချ နေထိုင်နေကြသည်ဟုဆိုသည်။
“ သဖန်ရောင်-မအီ၊ သဖန်ရောင်-တလိုင်းတောင်တို့ကိုဆက်သွယ်ဖောက်လုပ်ထားတဲ့လမ်းကို လေကြောင်း၊လက်နက်ကြီးပစ်ကူယူပြီး ထိုးစစ်အင်အားအလုံးရင်းနဲ့တက်လာတာ။ ဒေသအတွင်းကျေးရွာတွေဖြစ်တဲ့ သဖန်ရောင်ကျေးရွာအပါအဝင် ကျေးရွာအချို့မှာဝင်ရောက် စခန်းချတယ်။ အဲဒီရွာတွေကနေ တဆင့်ရိုးထက်ကိုတက်လာတယ်။တက်လာတဲ့ စစ်ကြောင်းတွေကို AAကတိုက်ခိုက် ဖြိုခွဲပြီး ယာယီခြေငုတ်စခန်းတွေကိုပါ ယခုရက်ပိုင်းမှာထပ်မံသိမ်းပိုက်လိုက်တယ်။”
ယခုလို အာဏာသိမ်းစစ်တပ်ဘက်မှ စစ်ရေးအခြေအနေမလှ ဖြစ်နေသည်ကို မင်းတုန်းဒေသခံတစ်ဦးကလည်း နိရဉ္စရာကိုပြောသည်။
" စစ်တပ်ဘက်က အကျအဆုံးများနေတယ်။ သူတို့ အခြေမလှဖြစ်နေတယ်ဆိုတာ ဒီတနယ်လုံး သိနေတဲ့ ကိစ္စပါ။ ကျေးရွာတွေကို မီးရှို့တယ်။ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အဲဒီစစ်ကြောင်းတွေ အခုAA လက်ချက်နဲ့အကုန်သေတော့ ကျနော်တို့ ဝမ်းသာတယ်"ဟု၎င်းက ရင်ဖွင့် ပြောဆိုသည်။
ဒေသခံနဲ့ စစ်ရေးသတင်းရင်းမြစ်ပြောကြားချက်အရ မင်းတုန်းကနေထိုးစစ်ဆင်နေသည့် စစ်ကြောင်းမှာဗျူဟာတစ်ခုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦးကဦးဆောင်နေသည်ဟု သိရသည်။
AA နှင့်ဖြစ်ပွားသည့်တိုက်ပွဲများအတွင်း ဗိုလ်မှူးအဆင့်ရှိ ဒုတိယစစ်ကြောင်းမှူးအပါအဝင်ဗိုလ်ကြီးအဆင့်ရှိသူများအပါဝင် ၁၀၀ ခန့်သေဆုံးသွားကြောင်းသတင်းများထွက်ပေါ်နေသည်ဟု ၎င်းက ပြောကြားသည်။
မေလနောက်ဆုံးနှင့်ဇွန်လဆန်းကလည်း AA နှင့်ဖြစ်ပွားခဲ့သည့်ရိုးမပေါ်က တိုက်ပွဲတွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ဗိုလ်အဆင့်ပါ ၃၀ ခန့်သေဆုံးပြီး ၂၀ ကျော်ကို လက်ရဖမ်းဆီးနိုင်ခဲ့သည်ဟုသိရသည်။
ရိုးတောင်ခြေရင်းပတ်ဝန်းကျင်တွင် ဒုတိယဗိုလ်မှူးကြီးအပါ စစ်ကြောင်းတစ်ကြောင်းဟာ အင်အား ၁၅၀ ခန့်ဖြင့် ပျောက်ဆုံးနေပြီး ထိုအထဲမှ တချို့တပ်ဖွဲ့ဝင်များမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီမှာ လက်နက်ချအလင်းဝင်ရောက်မ့ရှိနေသည်ဟုသတင်းများထွက်ပေါ်နေသည်။