မြန်မာ့အကျပ်အတည်းက အင်ဒို-ပစိဖိတ်ဒေသကို မတည်မငြိမ်ဖြစ်စေဟု Quad ၄ နိုင်ငံပြော
politics||3 MIN READ

မြန်မာ့အကျပ်အတည်းက အင်ဒို-ပစိဖိတ်ဒေသကို မတည်မငြိမ်ဖြစ်စေဟု Quad ၄ နိုင်ငံပြော

DVB
SourceDVB
Back to News

AI Summary

Quad နိုင်ငံခြားရေးဝန်ကြီးများ မြန်မာ့အကျပ်အတည်း နယ်စပ်ရာဇဝတ်မှုများ ဖြစ်စေ၊ ဒေသမတည်ငြိမ်စေ ပြော။ အကြမ်းဖက်မှုရပ်၊ ဖမ်းဆီးသူလွှတ်၊ လူသားချင်းစာနာမှုပေး၊ ဆွေးနွေးပွဲလုပ်ရန် တောင်းဆို။ အာဆီယံ ၅-ချက် ထောက်ခံ။

Photo: Julia Demaree Nikhinson/Pool via REUTERS

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကြောင့် ကြီးမားတဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ ပေါ်ပေါက်လာနေသလို ကျယ်ပြန့်တဲ့ အင်ဒို-ပစိဖိတ်ဒေသတခုလုံးကိုလည်း မတည်မငြိမ် ဖြစ်စေတယ်လို့ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်နိုင်ငံတို့ ပါဝင်တဲ့ Quad မဟာမိတ် ၄ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ မေ ၂၆ ရက်က ကျင်းပတဲ့ Quad နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန် ကြီးများ အစည်းအဝေးအပြီး ပူးတွဲသတင်းထုတ်ပြန်ချက်မှာ ခုလိုဖော်ပြလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့နဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေ လွတ်လပ်စွာ ဝင်ရောက်နိုင်အောင် လမ်းကြောင်းတွေ ဖွင့်ပေးဖို့နဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူ အားလုံးနဲ့ စစ်မှန်တဲ့ ဆွေးနွေးပွဲတွေ စတင်လုပ်ဆောင်ဖို့ ပူးတွဲတောင်းဆိုခဲ့ကြတာပါ။

ဒီအစည်းအဝေးကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအို၊ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာ၊ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆုမိုတေဂီတို့ တက်ရောက်ခဲ့ကြတာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပေါ် ပြတ်ပြတ်သားသား ထောက်ခံကြောင်းလည်း ဖော်ပြခဲ့ကြပါတယ်။

အခုလို အလေးအနက် တောင်းဆိုလိုက်တာဟာ မြန်မာ့အကျပ်အတည်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် အရှေ့တောင်အာရှ နယ်စပ်တွေတလျှောက် လူကုန်ကူးမှု၊ ဆိုက်ဘာငွေလိမ်လည်မှုနဲ့ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုတွေ ပိုမို များပြားလာနေတာအပေါ် Quad နိုင်ငံကြီးတွေကြား စိုးရိမ်ပူပန်မှုတွေ အကြီးအကျယ် မြင့်တက်လာနေတာကို ပေါ်လွင်စေတာပါ။

ခုအစည်းအဝေးမှာတော့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒေသတွင်း သံတမန်ရေးရာ ကိစ္စရပ်တွေအပြင် သူတို့ရဲ့ လုံခြုံရေးမဟာမိတ်အဖွဲ့ကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ခဲ့ကြသလို အဓိကကျတဲ့ ရေကြောင်းစောင့်ကြည့်ရေးကွန်ရက်တခုကို စတင်မိတ်ဆက်ခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အရေးပါတဲ့ တွင်းထွက်သယံဇာတ ထောက်ပံ့မှုကွင်းဆက်တွေကို ကာကွယ်ဖို့အတွက် အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀ အထိ သုံးစွဲသွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။

Source: Thai PBS

ဆက်စပ်သတင်းများ

AI Curated