အီရာအိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် လီဗာပူး သဘောတူညီမှုရရှိ

အီရာအိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် လီဗာပူး သဘောတူညီမှုရရှိ

DVB
SourceDVB

AI Summary

လီဗာပူးအသင်းသည် ထုတ်ပယ်ခံရသော နည်းပြအာနဲစလော့၏ နေရာတွင် ဘုန်းမောက်နည်းပြဟောင်း အန်ဒိုနီအီရာအိုလာကို ၂ နှစ်စာချုပ်ဖြင့် ခန့်အပ်ရန် နှုတ်ကတိပြု သဘောတူညီမှု ရရှိခဲ့သည်။ အသက် ၄၃ နှစ်အရွယ် အီရာအိုလာသည် ပြီးခဲ့သည့်ရာသီက ဘုန်းမောက်အသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ယူရိုပါလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။ ၎င်း၏ ပြင်းထန်သော ဖိအားပေးမှုနှင့် မြန်ဆန်သော တိုက်စစ်ပုံစံ ကစားဟန်သည် ယာဂန်ကလော့ပ်၏ 'Heavy metal' ကစားပုံနှင့် ဆင်တူသည်ဟု ချီးကျူးခံရသည်။ ဘုန်းမောက်တွင် ကစားသမားများကို အရည်အသွေးမြှင့်တင်ပေးနိုင်ခဲ့သည့် ၎င်း၏စွမ်းဆောင်ရည်ကြောင့် လီဗာပူးအသင်းအတွက် အလားအလာကောင်းများ ရှိလာနိုင်သည်။ လီဗာပူးအသင်းက နည်းပြအီရာအိုလာကို ခေါ်ယူကြောင်း မကြာမီ ရက်ပိုင်းအတွင်း တရားဝင်ထုတ်ပြန်သွားရန် ရှိသည်။

Photo: Reuters

လီဗာပူးအသင်းဟာ ထုတ်ပယ်ခံရတဲ့ နည်းပြအာနဲစလော့ရဲ့ နေရာမှာ အစားထိုးဖို့ ဘုန်းမောက်နည်းပြဟောင်း အန်ဒိုနီအီရာအိုလာနဲ့ ၂ နှစ်စာချုပ် ခန့်အပ်ဖို့ နှုတ်ကတိပြု သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၄၃ နှစ်အရွယ် အီရာအိုလာဟာ ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်ကို သမိုင်းတလျှောက် ပထမဆုံးအကြိမ် ယူရိုပါလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ ဖိအာပေးမှုနဲ့ မြန်ဆန်တဲ့ တိုက်စစ်ပုံစံကို အသုံးပြုတတ်တဲ့ သူ့ရဲ့ကစားဟန်ဟာ ယာဂန်ကလော့ပ်ရဲ့ ‘Heavy metal’ ကစားပုံမျိုးလည်း ဖြစ်ကြောင်း ချီးကျူးကြပါတယ်။

ဘုန်းမောက်မှာ  ကစားသမားတွေကို အရည်အသွေးမြှင့်တင်ပေးနိုင်ခဲ့တဲ့ နည်းပြ အီရာအိုလာကို  လီဗာပူးအသင်းက ခေါ်ယူကြောင်း မကြာမီ ရက်ပိုင်းအတွင်းမှာ တရားဝင်ထုတ်ပြန်သွားဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ

AI Curated
အီရာအိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် လီဗာပူး သဘောတူညီမှုရရှိ | YGN Daily