
AI Summary
ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့တွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုမှာ အရပ်သားများနေထိုင်ရာ ရပ်ကွက်များနှင့် ဈေးဆိုင်တန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤဖြစ်စဉ်အတွင်း လေးနှစ်အရွယ်ကလေးငယ်အပါအဝင် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူဦးရေမှာလည်း ယခုအခါ ၁၀ ဦးအထိ ရှိလာပြီဖြစ်သည်။ ဆေးကုသမှုခံယူနေစဉ် ဒဏ်ရာပြင်းထန်သူများ ထပ်မံသေဆုံးခဲ့ရခြင်းဖြစ်ပြီး ဒေသခံများမှာ စိုးရိမ်ထိတ်လန့်လျက်ရှိသည်။ လက်ရှိတွင် သေဆုံးသူဦးရေ ၁၀ ဦးအထိ တိုးလာခဲ့ပြီး နောက်ထပ်ဒဏ်ရာရရှိသူများလည်း ဆက်လက်ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်။
(ကျောက်တော်ဖြစ်စဉ်တွင် သေဆုံးသူ ၁ဝ ဦးအထိ ရှိလာ) မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၂၅ / ၂၀၂၆ ရခိုင်ပြည်၊ ကျောက်တော်မြို့ကို ပြီးခဲ့သည့်အပတ်က အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဆေးကုသမှုခံယူနေရသည့် ဒဏ်ရာရသွားသူများအနက် အမျိုးသားတစ်ဦးသည် ထပ်မံသေဆုံးသွားသည့်အတွက် သေဆုံးသူ ၁ဝ ဦးအထိရှိလာနေသည်ဟု သိရသည်။ ယခုထပ်မံသေဆုံးသွားသူမှာ ကျောက်တော်မြို့၊ ရွာမရပ်ကွက်၊ ကတ - ၃ လမ်းမှ ဦးလှအောင်ကျော် (၆၅)နှစ်ဖြစ်သည်။ သူသည် ဗုံးကြဲခံရမှုကြောင့် ဒဏ်ရာပြင်းထန်သည့်အတွက် ဆေးကုသမှုခံယူနေစဉ် ယမန်နေ့ ဇွန်လ ၂၄ ရက်၊ ညဉ့် ၉ နာရီတွင် ထပ်မံသေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။ အကြမ်းဖက် မြန်မာလေတပ်သည် ဂျက်ဖိုက်တာလေးစီးဖြင့် ပြီးခဲ့သည့် ဇွန်လ (၁၇) ရက်နေ့၊ ညနေ (၃) နာရီအချိန်ခန့်မှစ၍ ကျောက်တော်မြို့ပေါ်ရှိ အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်များနှင့် လမ်းမတော်ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီးတစ်ဝိုက်ကို တစ်နာရီနီးပါးကြာအောင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ယင်းနေ့တွင်ပင် လေးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ရှစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးများအပါအဝင် အရပ်သား ၁၉ ဦးသည် ဒဏ်ရာများအသီးသီးရရှိခဲ့သည်။ ယင်းနောက် ဒဏ်ရာပြင်းထန်သည့် ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက် (ဒုံးချောင်းပိုင်း)မှ ဒေါ်မအေးလှ (၆၂)နှစ်သည် ဆေးကုသမှုခံယူနေစဉ် ဇွန်လ ၁၉ ရက်၊ ညနေပိုင်းတွင် သေဆုံးသွားခဲ့သည်။ ယင်းကြောင့် လက်ရှိတွင် အဆိုပါဖြစ်စဉ်အတွင်း သေဆုံးသူ ၁ဝ ဦးအထိ ရှိသွားပြီဖြစ်သည်။ ဓာတ်ပုံ - ဇွန်လ ၁၇ ရက်က ကျောက်တော်မြို့ ဗုံးကြဲခံရမှုမြင်ကွင်း။