ထိုင်းတွင် မြေပွဲစားလုပ်သည့် မြန်မာအမျိုးသမီး ၁ ဦး ဖမ်းဆီးအရေးယူခံရ

ထိုင်းတွင် မြေပွဲစားလုပ်သည့် မြန်မာအမျိုးသမီး ၁ ဦး ဖမ်းဆီးအရေးယူခံရ

DVB
SourceDVB

AI Summary

ထိုင်းနိုင်ငံ၊ လမ်းဖွန်းခရိုင်၊ ဘန့်ဟုန်မြို့နယ်တွင် လုပ်ပိုင်ခွင့်မရှိဘဲ မြေကွက်ပွဲစားလုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးအရေးယူခံခဲ့ရသည်။ သူမသည် မြေစာရင်းရုံးခွဲရှေ့၌ မြေကွက်အရောင်းအဝယ်ကိစ္စ ဆွေးနွေးနေစဉ် တာဝန်ရှိသူများ၏ စစ်ဆေးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါအမျိုးသမီးအား အလုပ်သမားဥပဒေပုဒ်မ ၈ အရ ခွင့်ပြုချက်မရှိသော လုပ်ငန်းလုပ်ကိုင်မှုနှင့် ပုဒ်မ ၃၇/၁ အရ ယာယီနေထိုင်ခွင့်ဖြင့် အလုပ်လုပ်ကိုင်မှုတို့ဖြင့် စွဲချက်တင်ထားသည်။ သူမသည် ဒဏ်ငွေများအပြင် ပြည်နှင်ဒဏ်ပါ ကျခံရမည်ဖြစ်ပြီး၊ သူမကို လက်ခံထားသည့် အလုပ်ရှင်မှာလည်း ပုဒ်မ ၁၀၂ အရ ဒဏ်ငွေ ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ပေးဆောင်ရမည်ဖြစ်သည်။ ထပ်မံကျူးလွန်ပါက ထောင်ဒဏ် သို့မဟုတ် ပိုမိုများပြားသော ဒဏ်ငွေများ ချမှတ်ခံရမည်ဖြစ်သည်။ ဤဖြစ်ရပ်သည် ဥပဒေနှင့်မညီညွတ်သော ရွှေ့ပြောင်းလုပ်သားများအား တိုင်တန်းနိုင်ကြောင်း သတိပေးချက်နှင့်အတူ ထုတ်ပြန်ခဲ့သည်။

Photo: Lamphun Provincial Public Relations Office

ထိုင်းမြောက်ပိုင်း လမ်းဖွန်းခရိုင် ဘန့်ဟုန်မြို့နယ်ထဲမှာ မြေကွက်အရောင်းအဝယ် ပွဲစားလုပ်နေတဲ့ မြန်မာအမျိုးသမီးတယောက် ဖမ်းဆီး အရေးယူခံရတယ်လို့  လမ်းဖွန်းခရိုင် ပြန်ကြားရေးဌာနသတင်းအရ သိရပါတယ်။

ဘန့်ဟုန့်မြို့နယ်ထဲမှာ မြန်မာအမျိုးသမီးတယောက် လုပ်ပိုင်ခွင့်မရှိတဲ့ မြေကွက်ပွဲစား လုပ်ကိုင်နေကြောင်း သတင်းပေးချက်ရတာကြောင့် ခရိုင်အလုပ်သမားစီမံခန့်ခွဲရေးရုံး၊ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့နဲ့ နယ်မြေအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့အပတ် မေ ၂၇ ရက်က သွားရောက်စစ်ဆေးခဲ့ကြတယ်။

တာဝန်ရှိသူတွေ ရောက်သွားချိန်မှာ အဆိုပါအမျိုးသမီးဟာ ဘန့်ဟုန်မြို့နယ် မြေစာရင်းရုံးခွဲရှေ့မှာ  မြေကွက်ဝယ်မဲ့သူနဲ့  အရောင်းအဝယ်ကိစ္စ ပြောဆိုနေကြတယ်လို့ ဆိုပါတယ်။ စစ်ဆေး မေးမြန်းချက်အရ သူဟာ တိုင်ကြားခံထားရသူနဲ့ တဦးတည်းဖြစ်ကြောင်း သိရတာကြောင့် အလုပ်သမားဥပဒေပုဒ်မ ၈ အရ ခွင့်ပြုချက်မရှိတဲ့ လုပ်ငန်းအမျိုးအစားမှာ ဝင်ရောက်လုပ်ကိုင်မှု၊  ပုဒ်မ ၃၇/၁  အရ ယာယီနေထိုင်ခွင့် အထောက်အထားနဲ့ အလုပ်လုပ်ကိုင်မှု စတဲ့ ပြစ်မှု ၂ ခုနဲ့ စွဲချက်တင်ထားတယ်လို့  ဆိုပါတယ်။

အလုပ်သမားဥပဒေပုဒ်မ ၈  မှာ ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ၊ ပုဒ်မ ၃၇/၁  မှာ ဒဏ်ငွေ ဘတ် ၁၀,၀၀၀ အထိ ကျခံရမှာဖြစ်ပြီး  အဲဒီနောက် ပြည်နှင်ဒဏ်ပေးခံရမှာ ဖြစ်ပါတယ်။

သူ့ကို လက်ခံထားတဲ့ အလုပ်ရှင်မှာလည်း အလုပ်လုပ်ခွင့်မရှိသူအား ခိုင်းစေခန့်ထားမှု၊ လုပ်ပိုင်ခွင့်မရှိသော အလုပ်မှာ လုပ်ခွင့်ပြုမှုတွေနဲ့  ပုဒ်မ ၁၀၂ အရ  ဒဏ်ငွေ အနည်းဆုံး ဘတ် ၁၀,၀၀၀ မှ အများဆုံး ဘတ် ၁၀၀,၀၀၀ အထိ ပေးဆောင်ရမှာဖြစ်တယ်။ အလားတူပြစ်မှုမျိုး ထပ်မံကျူးလွန်က  ထောင်ဒဏ် ၁ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ၅၀,၀၀၀ မှ ၂၀၀, ၀၀၀ ထိ ကျခံရမှာဖြစ်တယ်။

ရွှေ့ပြောင်းလုပ်သားတွေ ဥပဒေနဲ့မညီညွတ်တဲ့ အလုပ်လုပ်ကိုင်တာတွေ့ရှိပါက လမ်းဖွန်းခရိုင် အလုပ်သမားရုံး ဖုန်းနံပါတ် ၀၅၃ ၅၂၅၅၄၃- ၄ ဒါမှမဟုတ် ၀၆ ၆၁၁၃ ၉၃၅၆ ကို တိုင်တန်းဖို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။

Source - https://lamphun.prd.go.th

ဆက်စပ်သတင်းများ

AI Curated
ထိုင်းတွင် မြေပွဲစားလုပ်သည့် မြန်မာအမျိုးသမီး ၁ ဦး ဖမ်းဆီးအရေးယူခံရ | YGN Daily