စစ်ကိုင်း မုံရွာရှိ စစ်အုပ်စုတပ်စခန်းကို PLA ဝင်တိုက်မှု စစ်သားလေးဦးသေဆုံး
politics||2 MIN READ

စစ်ကိုင်း မုံရွာရှိ စစ်အုပ်စုတပ်စခန်းကို PLA ဝင်တိုက်မှု စစ်သားလေးဦးသေဆုံး

Narinjara
SourceNarinjara
Back to News

AI Summary

စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ စက်မှုဇုန်တောရွာကျောင်းတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် မဟာမိတ်အဖွဲ့များက ဇွန်လ ၁၅ ရက်နေ့တွင် အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားလေးဦး သေဆုံးခဲ့ပြီး စစ်ကူလာသည့် ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာတွင်လည်း ကားနှစ်စီး ပျက်စီးခဲ့သည်။ ဤတိုက်ခိုက်မှုကို PLA နှင့် မုံရွာခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး စစ်ရေးအရ ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများက ထုတ်ပြန်ချက်များ ထုတ်ပြန်ထားပြီး ဖြစ်သည်။

မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁၈/ ၂၀၂၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စက်မှုဇုန်တောရွာကျောင်းတွင် အထိုင်တပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စု၏တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားလေးဦးသေဆုံးသွားခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က ယနေ့ ဇွန်လ ၁၈ ရက်၊ ညနေတွင် ထုတ်ပြန်သည်။ အင်အား ၃၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသော အဆိုပါတပ်စခန်းကို ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းတွင် PLA နှင့် မဟာမိတ်များက အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။ နောက်ထပ် စစ်ကူလာသော ကား ၁၃ စီးပါ ယာဉ်တန်းကိုလည်း ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးပြီး ကား နှစ်စီးလည်း ပျက်စီးသွားသည်ဟု ဖော်ပြထားသည်။ ယခုတိုက်ခိုက်မှုကို PLA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင် ၅+၁ (၄ - ၂၂ - ၂၃ - ၂၅ - ၂၈) တပ်ရင်းနှင့် Royal God People’s Defence Force တိုက်နယ် (၄) ပကဖ တိုက်ခိုက်ရေးအဖွဲ့(မုံရွာ) တို့ ပူးပေါင်းပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။ ပုံစာ - ပြောက်ကျားတိုက်ပွဲတခုတွင်းက PLA ရဲဘော်တဦး (ပုံဟောင်း)

ဆက်စပ်သတင်းများ

AI Curated