“ပြည်သူ့ရဲဘော်တွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော့်ဆုံးရှုံးမှုက ဘာမှမဟုတ်ဘူး”
politics||2 MIN READ

“ပြည်သူ့ရဲဘော်တွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော့်ဆုံးရှုံးမှုက ဘာမှမဟုတ်ဘူး”

Back to News

AI Summary

မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကိုဇွန်မိုးအောင်သည် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည်။ ၎င်း၏ ဆုံးဖြတ်ချက်ကြောင့် ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝ အကြီးအကျယ် ပြောင်းလဲခဲ့ရပြီး စစ်အာဏာရှင်လက်အောက်တွင် ဘောလုံးဆက်မကန်ဟု ပြတ်ပြတ်သားသား ကြေညာခဲ့သည်။ ထိုင်းနိုင်ငံသို့ တိမ်းရှောင်ခဲ့ရပြီး ပတ်စပို့မရှိ၍ ထိုင်းကလပ်နှင့် စာချုပ်ချုပ်ဆိုခွင့်ကို လက်လွှတ်ခဲ့ရသည်။ လက်ရှိတွင် တော်လှန်ရေးရန်ပုံငွေ ဘောလုံးပွဲများနှင့် ကြေးစားပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရင်း တော်လှန်ရေးအတွက် ထောက်ပို့တပ်သားတစ်ဦးအဖြစ် ပါဝင်နေသည်။ ၎င်း၏ ဘဝအချိုးအကွေ့၊ ရုန်းကန်မှုများနှင့် အခက်အခဲများကြားမှ တော်လှန်ရေးနှင့် ဝါသနာကို မည်သို့အကောင်အထည်ဖော်နေသည်ကို Myanmar Now က တွေ့ဆုံမေးမြန်းထားသည်။

– ကိုဇွန်မိုးအောင်၊ မြန်မာ့လက်ရွေးစင် CDM ဘောလုံးသမား

ကိုဇွန်မိုးအောင်က ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝ (၁၂) နှစ်ကျော် ဖြတ်သန်းခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းမှာလည်း ကွင်းလယ်လူအဖြစ် ထင်ရှားခဲ့သူပါ။ ၂၀၁၅ ဆီးဂိမ်းမှာ မြန်မာ ယူ-၂၃ အသင်းနဲ့အတူ ငွေတံဆိပ်ဆုရအောင် ပါဝင်ကစားခဲ့တာက သူ့ကစားသမားဘဝရဲ့ အရေးပါတဲ့ မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သူဟာ အာဏာသိမ်းမှုကို လက်မခံဘဲ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ အစောဆုံး ပါဝင်ခဲ့သူတွေထဲက တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့်ပဲ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝဟာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါတယ်။

နောက်ပိုင်းမှာ ထိုင်းနိုင်ငံကို တိမ်းရှောင်ခဲ့ပြီး ထိုင်းကလပ်တစ်ခုနဲ့ စာချုပ်ချုပ်နိုင်တဲ့ အခွင့်အရေးရှိခဲ့ပေမယ့် ပတ်(စ)ပို့မရှိတာကြောင့် အဲ့ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရပါတယ်။ လက်ရှိမှာတော့ တော်လှန်ရေးရန်ပုံငွေ ဘောလုံးပွဲတွေ အပါအဝင် ကြေးစားပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း တော်လှန်ရေးမှာ ထောက်ပို့တပ်သားတစ်ယောက်အနေနဲ့ ပါဝင်နေပါတယ်။

ကိုဇွန်မိုးအောင်ဟာ နွေဦးတော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ ‘ဟားငါးကောင်’ အဖွဲ့က လူရွှင်တော်တွေ ဖြစ်ကြတဲ့ ကိုတိုင်းကျော်၊ ကိုပြည်ကျော်တို့ရဲ့ ညီအရင်းလည်း ဖြစ်ပါတယ်။ စစ်အာဏာရှင်လက်အောက်မှာ ဘောလုံးဆက်မကန်ဘူးလို့ ပြတ်ပြတ်သားသား ကြေညာခဲ့သူရဲ့ ဘဝအချိုးအကွေ့၊ လက်ရှိရုန်းကန်မှုနဲ့ အခက်အခဲတွေကြားကနေ တော်လှန်ရေးနဲ့ ဝါသနာကို ဘယ်လိုအကောင်အထည်ဖော်နေသလဲဆိုတာ Myanmar Now က တွေ့ဆုံမေးမြန်းထားပါတယ်။

မေးမြန်း – သဇင်လှိုင်

ရိုက်ကူး၊ တည်းဖြတ် – မြတ်ကြီး

ဆက်စပ်သတင်းများ

AI Curated
“ပြည်သူ့ရဲဘော်တွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော့်ဆုံးရှုံးမှုက ဘာမှမဟုတ်ဘူး” | YGN Daily