မင်းအောင်လှိုင် တောင်ငူသို့ ရောက်မည် ကြားသိ၍ ကေတုမတီလေတပ်နှင့် စစ်ဆေးရုံကို BWM မဟာမိတ်အဖွဲ့ တိုက်ခိုက်ဟုဆို - BUR.MIZZIMA.COM
politics||2 MIN READ

မင်းအောင်လှိုင် တောင်ငူသို့ ရောက်မည် ကြားသိ၍ ကေတုမတီလေတပ်နှင့် စစ်ဆေးရုံကို BWM မဟာမိတ်အဖွဲ့ တိုက်ခိုက်ဟုဆို - BUR.MIZZIMA.COM

AI Summary

Brave Warriors for Myanmar (BWM) အဖွဲ့က ဇွန်လ ၆ ရက်နေ့တွင် တောင်ငူမြို့ရှိ မဆရ (၃) စစ်ဆေးရုံနှင့် ကေတုမတီလေတပ်အတွင်းရှိ အစည်းအဝေးခန်းမကို ၁၀၇ မမ ရှော့တိုက်ဒုံး လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုသည် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် တောင်ငူမြို့သို့ ရောက်ရှိမည်ကို ကြားသိရပြီး ၎င်းသွားရောက်မည့်နေရာများကို ကြိုတင်သိရှိခဲ့သောကြောင့် ဖြစ်သည်။ စစ်ခေါင်းဆောင်သည် ပြည်ထောင်စုဝန်ကြီး ခရီးစဉ်ဟု ဟန်ပြပြင်ဆင်ခဲ့သော်လည်း ရန်ကုန်-နေပြည်တော် အစုန်ရထားလမ်းဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ BWM ၏ အထူးစစ်ဆင်ရေးအဖွဲ့သည် KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နှင့် ပူးပေါင်း၍ ဇွန်လ ၆ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် Mission 56 အဖြစ် အဆိုပါ ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ BWM အဖွဲ့က ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဇွန်လ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

Brave Warriors for Myanmar (BWM) မစ်ရှင်ဖော်ဆောင်စဥ် ။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် တောင်ငူမြို့သို့ ရောက်ရှိမည် ကြားသိရ၍ တောင်ငူအခြေစိုက် မဆရ (၃) စစ်ဆေးရုံနှင့် ကေတုမတီလေတပ်အတွင်းရှိ အစည်းအဝေးခန်းမသို့ ၁၀၇ မမ ရှော့တိုက်ဒုံး လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ယမန်နေ့ (ဇွန်လ ၆ ရက်)က သတင်းထုတ်ပြန်သည်။ (BWM)

ဇွန် ၇

မဇ္ဈိမ။ ။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် တောင်ငူမြို့သို့ ရောက်ရှိမည် ကြားသိရ၍ တောင်ငူအခြေစိုက် မဆရ (၃) စစ်ဆေးရုံနှင့် ကေတုမတီလေတပ်အတွင်းရှိ အစည်းအဝေးခန်းမသို့ ၁၀၇ မမ ရှော့တိုက်ဒုံး လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ယမန်နေ့ (ဇွန်လ ၆ ရက်)က သတင်းထုတ်ပြန်သည်။

စစ်အုပ်စုခေါင်းဆောင်သည် တောင်ငူခရီးစဉ်ကို ပြည်ထောင်စုဝန်ကြီး ခရီးစဥ်ဟု အသိပေးကာ ကုန်းလမ်းဖြင့် လာမည်ဟု ဟန်ပြပြင်ဆင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ သို့သော် ရန်ကုန်၊ နေပြည်တော် အစုန်ရထားလမ်းဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်ခေါင်းဆောင်သည် တောင်ငူမြို့ရှိ မဆရ ၃ (၂ ဆောင်ပြိုင်) နှင့် ကေတုမတီလေတပ်သို့ သွားရောက်မည်ဟု ကြိုတင်သိရှိ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း BWM က ဆိုသည်။

BWM ၏ အထူးစစ်ဆင်ရေးအဖွဲ့သည် KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နှင့် ပူးပေါင်း၍ ဇွန်လ ၆ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် မစ်ရှင် ၅၆ (Mission 56) အဖြစ် အဆိုပါ ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

ဆက်စပ်သတင်းများ

AI Curated
မင်းအောင်လှိုင် တောင်ငူသို့ ရောက်မည် ကြားသိ၍ ကေတုမတီလေတပ်နှင့် စစ်ဆေးရုံကို BWM မဟာမိတ်အဖွဲ့ တိုက်ခိုက်ဟုဆို - BUR.MIZZIMA.COM | YGN Daily