
ကမ္ဘာ့ဖလားဖွင့်ပွဲ၌ ရှာကီရာ အပါအဝင် ကမ္ဘာ့အဆင့်ကြယ်ပွင့်များ ဖျော်ဖြေမည်
AI Summary
ကိုလံဘီယာ ပေါ့ပ်စတား ရှာကီရာသည် ၂၀၂၆ ကမ္ဘာ့ဖလားဖွင့်ပွဲ အခမ်းအနားတွင် တရားဝင်သီချင်းကို သီဆိုဖျော်ဖြေမည်ဖြစ်သည်။ သူမသည် ဇွန်လ ၁၁ ရက်နေ့တွင် မက္ကဆီကိုစီးတီးရှိ အက်စတာဒီယို အက်ဇ်တီကာ ကွင်းကြီး၌ အဆိုတော် ဘာနာဘွိုင်းနှင့်အတူ ‘Dai Dai’ သီချင်းကို ပူးတွဲဖျော်ဖြေမည်ဖြစ်သည်။ ထို့အပြင် ကနေဒါနိုင်ငံ ပွဲစဉ်တွင် မိုက်ကယ်ဘူဘလေက ဦးဆောင်ဖျော်ဖြေမည်ဖြစ်ပြီး အမေရိကန်ပွဲစဉ်တွင် ကေတီပယ်ရီနှင့် ရက်ပါဖျူချာတို့က ဖျော်ဖြေကြမည်ဖြစ်သည်။ ရှာကီရာသည် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲ ဖျော်ဖြေပွဲ၌လည်း မက်ဒေါနား၊ BTS တို့နှင့်အတူ ပါဝင်ဦးမည်ဖြစ်သည်။ ဤသည်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပွဲအတွက် ဖျော်ဖြေရေး အစီအစဉ်များ ကြိုတင်ကြေညာခြင်းဖြစ်သည်။
ကိုလံဘီယာ ပေါ့ပ်စတား ရှာကီရာဟာ ၂၀၂၆ ကမ္ဘာ့ဖလားဖွင့်ပွဲ အခမ်းအနားမှာ တရားဝင်သီချင်းကို သီဆိုဖျော်ဖြေတော့မှာ ဖြစ်ပါတယ်။
သူဟာ လာမဲ့ ဇွန် ၁၁ ရက် မက္ကဆီကိုစီးတီးက အက်စတာဒီယို အက်ဇ်တီကာ ကွင်းကြီးမှာ ဖျော်ဖြေမှာပါ။ ရှာကီရာဟာ အဆိုတော် ဘာနာဘွိုင်းနဲ့အတူ ‘Dai Dai’ လို့ အမည်ရတဲ့ သီချင်းကို ပူးတွဲသီဆိုမှာ ဖြစ်ပါတယ်။
ဒီဖျော်ဖြေပွဲအပြီးမှာတော့ အိမ်ရှင် မက္ကဆီကိုနဲ့ တောင်အာဖရိကတို့ရဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကြမှာပါ။
အိမ်ရှင်နိုင်ငံတွေဖြစ်တဲ့ ကနေဒါနဲ့ အမေရိကန်တို့မှာလည်း ဖွင့်ပွဲအခမ်းအနားတွေကို သီးခြားစီ ကျင်းပသွားဦးမှာ ဖြစ်ပါတယ်။
ကနေဒါနိုင်ငံ ပွဲစဉ်မှာတော့ မိုက်ကယ်ဘူဘလေက ဦးဆောင်ဖျော်ဖြေမှာပါ။ အမေရိကန်ပွဲစဉ်မှာတော့ ကေတီပယ်ရီနဲ့ ရက်ပါဖျူချာတို့က ပရိသတ်တွေကို ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရှာကီရာဟာ လာမဲ့ ဇူလိုင် ၁၉ ရက်မှာ ကျင်းပမဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ဖျော်ဖြေပွဲမှာလည်း မက်ဒေါနား၊ BTS တို့နဲ့အတူ ပါဝင်ဦးမှာ ဖြစ်ပါတယ်။